ကမ္ဘာ့သတင်း

ရုရှားရဲ့ထိုးစစ်ကိုတားဆီးဖို့ မိုင် ၆၀၀ ရှည်တဲ့ မြေအောက်မရဏခံစစ်တံတိုင်း ယူကရိန်းတည်ဆောက်

မဲခေါင် 13 Mar - 2024
ယူကရိန်းနယ်မြေတွေကိုထပ်မံ သိမ်းပိုက်ဖို့ ချီတက်လာနိုင်ခြင်းကို တားဆီးနိုင်ရေးအတွက် ယူကရိန်းဟာ အရေးအပါဆုံးရှေ့တန်းစစ်မျက်နှာပြင် တွေမှာ စုစုပေါင်းမိုင် ၆၀၀ ရှည်တဲ့ မြေအောက်မရဏ ခံစစ်တံတိုင်းကြီးကို တည်ဆောက်ထားပြီဖြစ်ပါတယ်။

မဲခေါင်၊ မတ် ၁၃

နောက်လာမယ့်လပိုင်းတွေအတွင်း ရုရှားတပ်တွေဟာ အင်အားအလုံးအရင်းနဲ့ ယူကရိန်းနယ်မြေတွေကိုထပ်မံ သိမ်းပိုက်ဖို့ ချီတက်လာနိုင်ခြင်းကို တားဆီးနိုင်ရေးအတွက် ယူကရိန်းဟာ အရေးအပါဆုံးရှေ့တန်းစစ်မျက်နှာပြင် တွေမှာ စုစုပေါင်းမိုင် ၆၀၀ ရှည်တဲ့ မြေအောက်မရဏ ခံစစ်တံတိုင်းကြီးကို တည်ဆောက်ထားပြီဖြစ်ပါတယ်။

ပူတင်ရဲ့ရုရှားတပ်တွေဟာ နယ်မြေသိမ်းပိုက်နိုင်ရေးမှာ တင့်ကားတပ်တွေကို လှိုင်းများအသွင်း ဆင့်ကာဆင့်ကာ ဦးစွာရှေ့ပြေးချီတက်စေလေ့ရှိတာကြောင့် နိုင်ငံတကာအထောက်အပံ့ လက်နက်တွေ မျှော်လင့်ထားတဲ့အတိုင်း မရောက်လာနိုင်သေးလို့ ပျောက်ကြားတိုက်ခိုက်ခုခံမှုအသွင်ဆောင်တဲ့ မြေအောက်ခံတပ်၊ နဂါးစွယ် ကွန်ကရစ် အတားအဆီးတွေနဲ့ သံဆူကြိုးကာ ကတုတ်ကျင်းတွေကို ယူကရိန်းသမ္မတ ဇီလန်းစကီးက အားချင်း အကောင် အထည်ဖော်ခိုင်းခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဘက်ခ်မတ်မြို့ ရှေ့တန်းစစ်မျက်နှာပြင်အနီးမှာ တင့်ကားကာကွယ်ရေးအတားအဆီးတွေ၊ မြေအောက် ဘန်ကာတွေ၊ ခိုင်ခံတဲ့ ကတုတ်ကျင်းတွေကို အပြီးတူးဖော်တည်ဆောက်ခဲ့သလို ပူတင်ရဲ့ သုံးထပ် တံတိုင်းစနစ်ဖြစ်တဲ့ ကတုတ်ကျင်း၊ တင့်ကားထောင်ခြောက်နဲ့ သတ်ကွင်းဖန်တီးတဲ့ စနစ်ကိုပြန်သုံးပြီး ယူကရိန်း ဘက်က အရေးပါတဲ့ ရှေ့တန်းမျက်နှာပြင်တွေမှာ နိုင်ငံအနှံ့ မိုင် ၆၀၀ အထိရှိတဲ့ မရဏခံစစ်တံတိုင်းတွေကို တည် ဆောက်နေခဲ့တာပဲဖြစ်ပါတယ်။

အမြန်တည်ဆောက်နိုင်ဖို့ စွမ်းအားမြင့် MDK-3၊ Catch-22 မြေတူးစက်ကြီးတွေကို အသုံးပြု နေပြီး ယူကရိန်းအလယ်ပိုင်း ဒီနီပရိုမြို့မှာ တန်ပြန်တိုက်ခိုက်ရေး ခံတပ် ၁၄ ခုနဲ့ တင့်ကားထောင်ချောက်ဖြစ်စေ တဲ့ ကွန်ကရစ်နဂါးစွယ် ၄၂၀၀၀ ကို တည်ဆောက်ထားကြောင်း၊ ဇာပေါ်ရစ်ဇီဟာ နျူကလီးယားစက်ရုံကြီးရှိရာ ရှေ့တန်းအနီး ပေါင် ၂၇ သန်းအကုန်ခံပြီး ဒီလို ၃ ထပ် မရဏခံစစ်တံတိုင်းတွေလည်း တည်ဆောက်ထားပြီး ဖြစ်ကြောင်း သိရှိရပါတယ်။

Ref:Thesun
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

South China Sea: Is China finding itself in the US and its allies’ crosshairs?

The US and the Philippines will conduct joint naval exercise in the
ကမ္ဘာ့သတင်း မြန်မာ့နွေဦး

ဥရောပသမဂ္ဂက စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ တစ်နှစ်ထပ်တိုး

ဥရောပသမဂ္ဂ (EU) ဟာ ဧပြီ ၂၆ ရက်နေ့မှာပဲ စစ်ကောင်စီနဲ့ပတ်သက်လို့ ဒဏ်ခတ်ပိတ်ဆို့အရေးယူထားမှုတွေ ကို နောက်တစ်နှစ် သက်တမ်းထပ်တိုးလိုက်ကြောင်း အတည်ပြုကြေညာသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ရုရှား ကာကွယ်ရေးဒုဝန်ကြီး နိုင်ငံတော်ပုန်ကန်မှု၊ လာဘ်စားမှုနဲ့ ဖမ်းဆီးခံရ

ရုရှား ကာကွယ်ရေးဒုဝန်ကြီး တီမာအီဗန်နော့ဗ်ကို အကျင့်ပျက်လာဘ်စားမှုနဲ့ ရာထူးက ဖြုတ်ချပြီး ဖမ်းဆီးကာ ရမန်ယူစစ်ဆေးနေပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ကင်ဂျုံအန် နေအိမ်ဝင်းထဲကနေ ပထမဆုံးသော နျူကလီးယားတန်ပြန် စစ်ရေးလေ့ကျင့်မှုအဖြစ် ဒုံးကျည်တွေ ပစ်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ ဧပြီ ၂၂ ရက်နေ့မှာပဲ ပြုံယမ်းမြို့အရှေ့ဘက်ခြမ်းက မိသားစု နေအိမ်ဝင်းကြီးထဲကနေ ပထမဆုံးအကြိမ်အဖြစ် နျူကလီးယားတန်ပြန် စစ်ရေးလေ့ကျင့်မှု ဒုံးကျည်တွေ စမ်းသပ် ပစ်လွှတ်ခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

မြောက်ကိုရီးယားက အရှေ့ပင်လယ်ဘက်ဆီ ပဲ့ထိန်းဒုံးကျည်တွေ ပစ်လွှတ်

မြောက်ကိုရီးယားဟာ နောက်ဆုံး လက်နက် စမ်းသပ်ပစ်ခတ်မှုအဖြစ် ဧပြီ ၂၂ ရက် မနက်ပိုင်းက အရှေ့ ပင်လယ် ဘက်ဆီ တာတိုပစ် ပဲ့ထိန်းဒုံးကျည်တွေ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားပူးတွဲ စစ်ဦးစီးချုပ်များရုံးက ထုတ်ပြန်ကြေညာသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဖိလစ်ပိုင်နဲ့ အမေရိကန် အကြီးမားဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်

ဖိလစ်ပိုင်နဲ့ အမေရိကန်ဟာ တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ နယ်ချဲ့အနိုင်ကျင့်မှုကို ဆန့်ကျင်ခြင်းအဖြစ် အကြီးမားဆုံးသော နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဧပြီ ၂၂ ရက်မှာ စတင် လိုက်ပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း မြန်မာ့နွေဦး

စစ်ကောင်စီကို လေယာဉ်ဆီနဲ့ လက်နက်တင်ပို့မှုလုံး၀ရပ်တန့်ဖို့ G7 အစည်းအဝေးမှာ တိုက်တွန်း

G7 အစည်းအဝေးအပြီး ပြည်သူကို ဒုက္ခပေးအကြမ်းဖက်နေတဲ့ မြန်မာစစ်ကောင်စီကို လေယာဉ်ဆီနဲ့ စစ်လက်နက် အသုံးအဆောင်တွေကို နိုင်ငံတကာက ပေးပို့နေမှု ရပ်တန့်သွားရေး တိုက်တွန်းထုတ်ပြန်သွားခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဂျိန်းဘုန်းကြီး၊ သီလရှင်ဘွဲခံဖို့ အိန္ဒိယအိမ်ခြံမြေလုပ်ငန်းရှင် ဇနီးမောင်နှံနဲ့မိသားစု ပိုင်ဆိုင်သမျှ ဒေါ်လာ ၂၄ သန်းလုံး စွန့်ကြဲလှူဒါန်း

ဂူဂျာရတ်ပြည်နယ်က မီလျံနာ အိမ်ခြံမြေလုပ်ငန်းရှင် ဇနီးမောင်နှံဟာပိုင်ဆိုင်ကြွယ်၀မှု ဒေါ်လာ ၂၄ သန်း စလုံးကို ပေးကမ်းစွန့်ကြဲပြီး ဂျိန်းဘုန်းကြီး၊ သီလရှင်ဘ၀ကို ပြောင်းလဲခံယူမှု စတင်လိုက်ပြီ ဖြစ်ကြောင်း India Express က ရေးသားဖော်ပြသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now