ကမ္ဘာ့သတင်း

စစ်ကောင်စီကို လေယာဉ်ဆီ၊ လက်နက်ခဲယမ်း တင်သွင်းခြင်းမပြုဖို့ ကုလလူ့အခွင့်အရေးကောင်စီ လက်ခံသဘောတူ

မဲခေါင် 5 Apr - 2024
လေယာဉ်ဆီအပါ လက်နက် ခဲယမ်းတွေ တင်ပို့ ခြင်းမပြုဖို့ ချင့်တွက်တိုင်းတာမှာဖြစ်ကြောင်း အများဆန္ဒနဲ့ လက်ခံအတည်ပြုလိုက်ပြီဖြစ်ပါတယ်။

မဲခေါင်၊ ဧပြီ ၅

၂၀၂၄ ခုနှစ်အတွက် ပထမဆုံးသော ကုလသမဂ္ဂအစည်းအဝေးမှာ ပြည်သူတွေအပေါ် လေယာဉ်နဲ့ ဗုံးကြဲ သတ်ဖြတ်နေတဲ့ မြန်မာစစ်ကောင်စီထံ ဘယ်နိုင်ငံအစိုးရတွေမှ လေယာဉ်ဆီအပါ လက်နက် ခဲယမ်းတွေ တင်ပို့ ခြင်းမပြုဖို့ ချင့်တွက်တိုင်းတာမှာဖြစ်ကြောင်း အများဆန္ဒနဲ့ လက်ခံအတည်ပြုလိုက်ပြီဖြစ်ပါတယ်။

ဖေဖော်ဝါရီလကစတင်တဲ့ ဒီအစည်းအဝေးမှာ ဆူဒန်၊ ဘီလာရုစ်၊ မြောက်ကိုရီးယား၊ အီရန်၊ ဂါဇာ အရေးအပါ ပြဿနာရပ်ပေါင်း ၄၀ ကျော်ကို ဖြေရှင်းဆုံးဖြတ်ဖို့ စည်းဝေးခဲ့ကြပြီး ကုလအဖွဲ့အစည်းတွေထဲက ထိပ်တန်းမှာ ရှိတဲ့လူ့အခွင့်အရေးကောင်စီဟာ မြန်မာစစ်ကောင်စီထံ လေယာဉ်ဆီ၊ လက်နက်ခဲယမ်းတွေကို တရားမဝင် တင်ပို့ခြင်းမပြုလုပ်ကြဖို့ နိုင်ငံအစိုးရအသီသီးထံ တိုက်တွန်းကြောင်းအဆိုကို အများစုဆန္ဒသဘောနဲ့ အတည်ပြုလက်ခံခဲ့တာဖြစ်ပါတယ်။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(Amnesty International) ရဲ့ ကုလကိုယ်စားလှယ် အင်နီယန်အီလန်ဂိုက ပြည်သူကို ပြန်ပြီး အကြမ်းဖက်ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ကောင်ဆီအတွက် မနှစ်ကတစ်နှစ်အတွင်း ဗီယက်နမ်မှာ သိုလှောင်ထားတဲ့ လေယာဉ်ဆီတွေကို သင်္ဘောတင်ပို့မှု ၇ ကြိမ်အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အခု ကုလသမဂ္ဂ ထိပ်တန်းလူ့အခွင့်အရေးကောင်စီဟာ မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ တင်သွင်းခြင်းကို နိုင်ငံတကာအစိုးရတွေ ပိတ်ပင်ဖို့ ချင့်တွက်ဖိအားပေးတဲ့ အဆင့် သဘောတူညီလက်ခံပေးခဲ့တာဟာ ကောင်းမွန်တဲ့ခြေလှမ်းသစ်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ကုလလုံခြုံရေးကောင်စီကိုယ်တိုင်က ဒီအဆိုထက်ပိုတဲ့ မြန်မာစစ်ကောင်စီထံ လေယာဉ်ဆီ၊ လက်နက်ခဲယမ်းအားလုံးကို တင်သွင်းခွင့် တရားဝင်ပိတ်ပင်တဲ့ အဆင့်မျိုး အထိ လုပ်ဆောင်သင့်ကြောင်း တိုက်တွန်းပြောဆိုသွားပါတယ်။

ဧပြီ ၄ ရက်နေ့က ဂျီနီဗာမှာ မြန်မာစစ်ကောင်စီအပေါ် လေယာဉ်ဆီနဲ့ လက်နက်ခဲယမ်းတင်သွင်းမှုကို ပိတ်ပင်ဖို့ လူ့အခွင့်အရေးကောင်စီက ဖိအားပေးချင့်တွက်မှု လက်ခံလိုက်ရာမှာ ဗီယက်နမ်ဘက်က ထောက်ခံမဲမပေးခဲ့ ကြောင်းလည်း သိရှိရပါတယ်။

ယူနိုက်တက်ကင်းဒမ် ကိုယ်စားပြု ကုလသံအမတ် ဘာဘရာဝုဒ်ဝါ့ဒ်ကလည်း စစ်ကောင်စီဟာ လက်ရှိ မြန်မာပြည်သူတွေအပေါ် ရက်စက်ကြမ်းတမ်းစွာနဲ့ အကြမ်းဖက် သတ်ဖြတ်နေသလို စစ်မှုထမ်းဥပဒေပြဌာန်းပြီး ရိုဟင်ဂျာတွေကို စစ်ထဲအတင်းသွပ်သွင်းနေခြင်းဟာ ရခိုင်နဲ့ ရိုဟင်ဂျာ မုန်းတီးမှုဂယက်ကို ပိုမို မီးလောင်ရာလေပင်စေကြောင်း ပြောပါတယ်။

မြန်မာစစ်ကောင်စီဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ချမှတ်ခဲ့တဲ့ ၂၆၆၉ ပြဌာန်းချက်ကိုလည်း တစ်နှစ်ပြည့်တဲ့အထိ ဂရုမစိုက်သလို အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ် လိုက်နာရေးအဆိုကိုလည်း မျက်ကွယ်ပြုထားဆဲဖြစ်ပါတယ်။

ဒါကြောင့် မြန်မာ့ကပ်ဘေးကို ကမ္ဘာက အမေ့လျော့ခံ အဖြစ် လုံး၀ မျက်ကွယ်မပြုထားသင့်ဘူးလို့ ကုလအထွေထွေအတွင်းရေးမှူးချုပ်ဆီ တင်ပြ ပြောဆိုသွားပါတယ်။

Ref: dailymail
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

စစ်အတွင်း ရုရှားဘက်ကစစ်သည် ၄၅၀၀၀၀၊ တင့်ကား ၃၀၀၀၊ လေယာဉ် အစီး ၅၀၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ ယူကေထောက်လှမ်းရေးထုတ်ပြန်

ယူနိုက်တက်ကင်းဒမ်း (ယူကေ) ထောက်လှမ်းရေးအဖွဲ့က ယူကရိန်းစစ်အတွင်း ရုရှားဘက်က စစ်သည် ၄၅၀၀၀၊ တင့်ကားအပါယာဉ်ပေါင်း ၃၀၀၀ ကျော်နဲ့ လေယာဉ်ပေါင်း ၅၀၀
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ထားဝယ်မှာ တိုက်ပွဲပြင်းထန်နေလို့ နိုင်ငံသားတွေကို ကယ်တင်ရေး ထိုင်းစစ်သင်္ဘော ၄ စီး အသင့်ပြင်ထား

တနင်္သာရီတိုင်း ထားဝယ်လမ်းပိုင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေလို့ ပိုဆိုး ဝါးလာရင် စစ်ဇုန်ထဲရောက်နေတဲ့ ထိုင်းနိုင်ငံသားတွေကို ကယ်တင်ဖို့ ထိုင်းလေတပ်က စစ်သင်္ဘော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ လူစားထိုးစရိတ် သုံးသောင်းကျပ်ကောက်ခံပြီး စစ်မှုထမ်း ၃ ဦးကိုလည်း ခေါ်ယူ

ရှမ်းပြည်နယ် တောင်ကြီးမြို့၊ လမ်းမတော်ရပ်ကွက်မှာ တစ်နှစ်စာအတွက် စစ်မှုထမ်းလူစားထိုးစရိတ် ကို ဧပြီလ ၂၈ ရက်နေ့အပြီး တစ်အိမ် သုံးသောင်းကျပ် ကောက်ယူခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ် ၀ိန်းလုံရွာကို စစ်ကောင်စီ လက်နက်ကြီးနဲ့ ပစ်ခတ်

မဲခေါင်၊ ဧပြီ ၃၀ ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ၀ိန်းလုံကျေးရွာကို စစ်ကောင်စီက မနေ့ ဧပြီ ၂၉ မှာ လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ရတယ်လို့ PNLA က ယနေ့ ဧပြီလ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးမှာ ကားနဲ့ဆိုင်ကယ်တွေ ဖောင်းကြွနံပါတ်ပြား မဖြစ်မနေတပ်ရမယ်လို့ စစ်ကောင်စီညွှန်ကြား

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့မှာ လိုင်စင်မဲ့ ကားနဲ့ဆိုင်ကယ်တွေ ဖောင်းကြွနံပါတ်ပြား မဖြစ်မနေတပ်ရမယ်လို့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ မြို့ခံတွေထံမှ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

တရုတ်ထက်အရင် လကမ္ဘာပေါ် ဂျပန်အာကာသယာဉ်မှူး ခြေချနိုင်ဖို့ အမေရိကန် ကူညီမယ်

တရုတ်ရဲ့ အာရှမှာ ပထမဆုံးလကမ္ဘာပေါ် ခြေချနိုင်မယ့် ရည်မှန်းချက်ကို အမေရိကန်က ပျက်သုဉ်းသွားစေဖို့ ဂျပန်ကိုကူညီပြီးတရုတ်ထက်အရင် လကမ္ဘာပေါ် ဂျပန်အာကာသယာဉ်မှူးကို ခြေချနိုင်စေဖို့ ကူညီသွားမှာ ဖြစ် ကြောင်း သိရှိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆင်ဘို ခလရ – ၁၄၁ စစ်ကောင်စီစခန်းကို KIA နဲ့ ပူးပေါင်းအဖွဲ့ သိမ်းပိုက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဧရာဝတီမြစ် ပထမမြစ်ကျဉ်းရဲ့ မြစ်ညာဘက် ၁၄ မိုင်ခန့်အကွာမှာ ရှိတဲ့ ဆင်ဘိုမြို့ အနီးက စစ်ကောင်စီ ခလရ - ၁၄၁ တပ်စခန်းကို ဒီနေ့ ဧပြီ ၂၉ ရက် မနက်ပိုင်းက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နမ့်စန်က ရွာတွေမှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ် စစ်မှုထမ်းဖို့ လူသစ်စု

ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့နယ်အတွင်းက ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ မက်ကျန်ပြည်သူ့စစ် အဖွဲ့တွေဟာ စစ်မှုထမ်းဖို့ လူသစ်စုဆောင်းနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now