မဲခေါင်၊ ဖေဖော်ဝါရီ ၁၆
ဖေဖော်ဝါရီ ၁၄ ရက်နေ့က တရုတ်နိုင်ငံသား ၄ ဦး လိုက်ပါတဲ့ စပိဒ်ဘုတ်ကို ထိုင်ဝမ်ကမ်းခြေ စောင့်တပ်က လိုက်ဖမ်းရာမှာ တိမ်းမှောက်ပြီး ၂ ယောက်သေဆုံးသွားမှုအတွက် တရုတ်အစိုးရက ထိုင်ဝမ်ရဲ့ လုပ်ရပ်ဟာ အန္တရာယ်ရှိတဲ့ အကြမ်းဖက်ဆန်တဲ့ လုပ်ရပ်ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။
ကင်မန်လို့လည်းခေါ်တဲ့ ကွီမိုင်အနီး ထိုင်ဝမ်ကာကွယ်ရေးဇုန်ထဲမှာ ဒီစပိဒ်ဘုတ်ဟာ ငါးခိုးဖမ်းလို့ ထိုင်ဝမ် ကမ်းခြေစောင့်တပ်က လိုက်ဖမ်းရာမှာ စပိဒ်ဘုတ်တိမ်းမှောက်ပြီး ၄ ယောက်ကို ရေထဲက ဆယ်ယူခဲ့ကြောင်း၊ ၂ ယောက်ကတော့ ဆေးရုံမှာ သေဆုံးသွားပြီး ၂ ယောက်ကတော့ တည်ငြိမ်တဲ့ အခြေအနေရှိတယ်လို့ ထိုင်ဝမ်ဘက်က ထုတ်ပြန်ပါတယ်။
ပိုင်နက်ကျော်ပြီး ငါးခိုးဖမ်းလို့ စည်းမျဉ်းစည်းကမ်းအတိုင်း မောင်းထုတ်တာ၊ လိုက်လံဖမ်းဆီးတာ၊ သိမ်းဆည်းတာ နဲ့ အရေးယူတာကို လုပ်တာသာဖြစ်တယ်လို့ ထိုင်ဝမ်ဘက်က ထုတ်ပြန်ပေမယ့် တရုတ်ရဲ့ ထိုင်ဝမ်ရေးရာရုံးတော်က ပြောရေးဆိုခွင့်ရှိသူ ဇူဖန်းလျန်က တရုတ်ကုန်းမကြီးက အစိုးရဟာ ထိုင်ဝမ် ငါးဖမ်းသမားတွေအတွက် ပြီးခဲ့တဲ့ ၄ နှစ်လုံး ကူညီမှုအဖြစ် အမိုးအကာ၊ အထောက်အပံ့နဲ့ ကူညီမှုတွေလုပ်ပေးခဲ့တယ်။
အခု တရုတ်နိုင်ငံသား တံငါသည်တွေကိုတော့ အကြမ်းဖက်ဆန်ပြီး အန္တရာယ်ရှိတဲ့ အနေအထားနဲ့ လိုက်လံဖမ်းဆီးရာက အသက်သေဆုံးမှု ဖြစ်ရတယ်။
တရုတ်အစိုးရအနေနဲ့ ပြင်းပြင်းထန်ထန်ရှုတ်ချပါတယ်။ ကွယ်လွန်သူတွေရဲ့ မိသားစုတွေအတွက် အထောက်အပံ့တွေကို ထိုင်ဝမ်ဘက်က ပေးသင့်တယ်။ စုံစမ်းစစ်ဆေးမှုလည်း ဆက်လုပ်သွားမှာပါ လို့ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ထုတ်ပြန်သွားပါတယ်။
Ref: scmp
MKF-001