မဲခေါင်၊ မတ် ၈
တာချီလိတ်မြို့က ကေတီဗီ၊ ဘားနဲ့ ကလပ်တို့လို ဖျော်ဖြေရေးခန်းမတွေမှာ အသုံးပြုတဲ့ Happy Water၊ ကတ်တမင်း(ဒေသအခေါ် ခေး) နဲ့ တခြားမူးယစ်ဆေးတချို့ကို ပြီးခဲ့တဲ့ရက်ပိုင်းက ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
မတ်လ ၃ရက် မနက်ပိုင်းက ဆန်ဆိုင်းလမ်းမပေါ်မှာ ရှမ်းအမျိုးသားတစ်ဦးနဲ့ ဗမာအမျိုးသမီးတစ်ဦး ပါတဲ့ကားပေါ်ကနေ Happy Water ၇ ဒဿမ ၇၆ ကီလိုဖမ်းဆီးရမိပြီး ကွင်းဆက်အနေနဲ့ မယ်ခေါင်ရပ်ကွက်ထဲက နေအိမ်တစ်အိမ်မှာ ဗမာအမျိုးသမီးတစ်ဦးက ကတ်တမင်းအပါအဝင်မူးယစ်ဆေးဝါးတွေနဲ့ ထပ်ပြီးဖမ်းမိတယ်လို့ သိရပါတယ်။
Happy Water နဲ့ ကတ်တမင်းတို့ဟာ မူးယစ်ဆေးအမျိုးအစားသစ်တွေလို့မှတ်ပြီး ထိုင်းနိုင်ငံဘက်ကလည်း ဂရုစိုက်ပြီး တားဆီးနေတာဖြစ်ပါတယ်။
Source – Maesai Press