မဲခေါင်၊ မတ် ၉
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ရေဦးကျေးရွာမှာ မနေ့ (မတ် ၈) ညက အမျိုးသား တစ်ဦး ဆိုင်ကယ် တိမ်းမှောက်ပြီး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ကူညီဆောင်ရွက်ပေးခဲ့သူတွေက ပြောပါတယ်။
ရေဦးကျေးရွာအနီး ဆောက်လုပ်နေဆဲ တံတားမှာ အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ် တိမ်းမှောက် သေဆုံးခဲ့တာဖြစ်ပြီး ဒီနေ့ (မတ် ၉) မနက် အစောပိုင်း ရောက်မှ ရွာခံတွေက တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
ကူညီဆောင်ရွက်ပေးခဲ့သူ တစ်ဦးက “သူ့သူမှောက်ပြီး သေတာလို့ ယူဆလို့ ရတယ်။ ဆိုင်ကယ် ထိတာတွေ လူဒဏ်ရာရတာတွေကြည့်ပြီး ခန့်မှန်းတာပေါ့နော်။ မိသားစုဝင်တွေတော့ အကြောင်းကြားထားပြီ။ သူ့ဖုန်းကနေ တဆင့် ဆက်သွယ်ပေးလိုက်တာ” လို့ ပြောပါတယ်။
သေဆုံးသူဟာ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ အင်းတိန်ကျေးရွာနေ ကိုဖိုးသား ဖြစ်ပြီး အလောင်းကို မိသားစုဝင်တွေက လာရောက် သယ်ဆောင်သွားပြီလို့ သိရပါတယ်။
အခု ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုဟာ ၂၀၂၄ ခုနှစ်အတွင်း ညောင်ရွှေမြို့နယ်မှာ ပထမဆုံးအကြိမ် ဖြစ်ပြီး ညောင်ရွှေမြို့နဲ့ မိုင် ၂၀ ကျော်ခန့်သာ ကွာဝေးတဲ့ တောင်ကြီးမြို့အထွက် ၄ မိုင်မှာတော့ မတ်လ ၆ ရက်နေ့ညက ကားတစ်စီးတိမ်းမှောက်ကာ လူ ၃ ဦးနဲ့ ဝက် ၈ ကောင် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။
CJ-007