မြန်မာ့နွေဦး

ဘုတလင်မှာ စစ်တပ်က လေဖြတ်နေသူကို မီးလောင်နေတဲ့ အိမ်အတွင်းသို့ ပစ်ထည့်ကာ ၁ ဦးကို ညဉ်းပန်း သတ်ဖြတ်သွား

မဲခေါင် 3 Jan - 2023
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ လေဖြတ်နေတဲ့ ပြည်သူ တစ်ဦး အပါအဝင် အရပ်သား ၂ ဦးကို စစ်ကောင်စီတပ်က ရက်ရက်စက်စက် သတ်ဖြတ်သွားတယ်လို့ ဘုတလင်မြို့နယ် သတင်းမှန် ပြန်ကြားရေးက ဒီကနေ့ ထုတ်ပြန်ပါတယ်။

မနေ့က ဘုတလင်မြို့နယ် ရွှေတောင်ကျေးရွာ အဝင်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ မိုင်းဆွဲ တိုက်ခိုက်ခံရ ပြီးနောက် ဒေသခံ ပြည်သူ ၂ ဦးကို စစ်ကောင်စီတပ်သား‌ တွေက သတ်ဖြတ်သွားတာ ဖြစ်ပါတယ်။

ရွှေတောင်ကျေးရွာမှာ နေတဲ့ ပြည်သူ ၂ ဦးအနက် လေဖြတ်နေသူကို မီးလောင်နေတဲ့ အိမ်အတွင်းသို့ ပစ်ထည့် သတ်ဖြတ်သွားပြီး ကျန်တစ်ဦးကို ရိုက်နှက်ညဉ်းပန်းကာ ညာဘက်ရင်အုံကို သေနတ်နဲ့ပစ်ခတ် သတ်ဖြတ်သွားတာလို့ ဘုတလင်မြို့နယ် သတင်းမှန်ပြန်ကြားရေးမှ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ မြောင်မြို့နယ် နဂါးပေါက်ကျေးရွာကို ဇန်နဝါရီ ၁ ရက် မနက် ၁၀ နာရီ ဝန်းကျင်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကာ ညနေပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ CDSOM က ထုတ်ပြန်ထားပါတယ်။

အဲဒီလို စီးနင်း မီးရှို့လို့ နဂါးပေါက်ရွာ အပါအဝင် ကျေးရွာ ၄ ရွာနေ ဒေသခံ ပြည်သူ ၆၀၀ နီးပါးဟာ တောထဲမှာ တိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့မှာ ဒေသခံတွေကို စစ်ကောင်စီ ဖမ်ဆီးပြီး ဓါးစာခံလုပ်ထား

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ပင်းအွန်းနဲ့ ထမ်းယမ်ကျေးရွာမှာ ရွာခံ အရပ်သားတွေကို စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) တို့က ဖမ်းဆီးပြီး ဓါးစာခံ လုပ်ထားတယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA)က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

KNDF စစ်သင်တန်း ရှမ်းတောင် သင်တန်းသား ၁၅၀ ကျော် ပါဝင်၊ စစ်မှုထမ်းဥပေဒထုတ်ပြီးမှ တက်ရောက်သူ များပြား

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ ဗျူဟာအသစ်အတွက် ပြုလုပ်ခဲ့တဲ့ အခြေခံစစ်သင်တန်းမှာ ရှမ်းတောင်က သင်တန်းသားအသစ် ၁၅၀ ကျော် ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ညောင်ရွှေ တောင်ပို့ကွဲရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ရွာစေတီ ထိမှန်ပျက်စီး

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေ့မြို့နယ်၊ တောင်ပို့ကွဲကျေးရွာကို မနေ့ ဧပြီ ၃၀ ရက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကျေးရွာရဲ့ အနောက်ဘက်ရှိ စေတီ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင်တွေ မိုးရာသီမှာ ငှက်ဖျားကူးစက်မှုများလာနိုင်တယ်လို့ ဆို

ကရင်နီပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေက မိုးရာသီကာလရောက်ရင် ငှက်ဖျားရောဂါကူးစက်မှုနှုန်း ပိုများလာနိုင်တယ်လို့ စစ်ရှောင်ပြည်သူတွေကို ဆေးကုသပေးနေတဲ့ ဒေါက်တာချစ်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖယ်ခုံ ညောင်ကုန်းရပ်ကွက်မှ အိမ်တစ်လုံးကို စစ်ကောင်စီဒရုန်း ဗုံးကြဲ

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ညောင်ကုန်း ၄ ရပ်ကွက်မှ အိမ်တစ်လုံးကို စစ်ကောင်စီက ဧပြီ ၃၀ ရက်နေ့ နေ့လယ်ပိုင်းက ဒရုန်းနဲ့ဗုံးချခဲ့လို့ ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ထားဝယ်မှာ တိုက်ပွဲပြင်းထန်နေလို့ နိုင်ငံသားတွေကို ကယ်တင်ရေး ထိုင်းစစ်သင်္ဘော ၄ စီး အသင့်ပြင်ထား

တနင်္သာရီတိုင်း ထားဝယ်လမ်းပိုင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေလို့ ပိုဆိုး ဝါးလာရင် စစ်ဇုန်ထဲရောက်နေတဲ့ ထိုင်းနိုင်ငံသားတွေကို ကယ်တင်ဖို့ ထိုင်းလေတပ်က စစ်သင်္ဘော ၄ စီးကို အန်ဒမန်ပင်လယ်ကမ်းရိုးတန်းမှာ အသင့် ချထားပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now