မြန်မာ့နွေဦး

သာကေတမှာ ကုန်စုံဆိုင် အနုကြမ်းစီးခံရ၊ ဆိုင်ရှင်အမျိုးသမီးကို ဓားနဲ့ထိုးသတ်သွား

မဲခေါင် 21 Nov - 2022
ရန်ကုန်တိုင်း၊ သာကေတမြို့နယ် ၄/တောင်ရပ်ကွက်၊ အောင်မေတ္တာလမ်းမှာ ဖွင့်လှစ်ထားတဲ့ ကုန်စုံဆိုင် ယနေ့ မနက်ပိုင်းက အနုကြမ်းစီး လုယက်ခံရမှု ဖြစ်ပွားခဲ့ပြီး လုယက်သူများက ဆိုင်ရှင်အမျိုးသမီးကို ဓားနဲ့ ထိုးသတ်သွားပါတယ်။ ယနေ့၊ နိုဝင်ဘာ ၂၁ ရက် မနက် ၇ နာရီဝန်းကျင်က နေအိမ်မှာ ဖွင့်လှစ်ထားတဲ့ ချောရတနာ ကုန်စုံဆိုင်အတွင်းသို့ အမျိုးသား ၃ ဦး ဝင်ရောက်လာပြီး ဈေးရောင်းနေတဲ့ မိသားစုဝင် ၄ ဦးကို ဓားထောက် လု ယက်ခဲ့တာ ဖြစ်တယ်လို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။ “ဈေးဝယ်မယ့် ပုံစံလုပ်ပြီး ဝင်လာကြတာ။ ဆိုင်ကလည်း အမျိုးသမီးတွေကြီးပဲ ဆိုတော့ ပြန်မလုပ်ရဲကြဘူး။ အဲ့ဒါတောင်ပစ္စည်းလည်း ယူတယ်။

ရန်ကုန်တိုင်း၊ သာကေတမြို့နယ် ၄/တောင်ရပ်ကွက်၊ အောင်မေတ္တာလမ်းမှာ ဖွင့်လှစ်ထားတဲ့ ကုန်စုံဆိုင် ယနေ့ မနက်ပိုင်းက အနုကြမ်းစီး လုယက်ခံရမှု ဖြစ်ပွားခဲ့ပြီး လုယက်သူများက ဆိုင်ရှင်အမျိုးသမီးကို ဓားနဲ့ ထိုးသတ်သွားပါတယ်။

ယနေ့၊ နိုဝင်ဘာ ၂၁ ရက် မနက် ၇ နာရီဝန်းကျင်က နေအိမ်မှာ ဖွင့်လှစ်ထားတဲ့ ချောရတနာ ကုန်စုံဆိုင်အတွင်းသို့ အမျိုးသား ၃ ဦး ဝင်ရောက်လာပြီး ဈေးရောင်းနေတဲ့ မိသားစုဝင် ၄ ဦးကို ဓားထောက် လု ယက်ခဲ့တာ ဖြစ်တယ်လို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

“ဈေးဝယ်မယ့် ပုံစံလုပ်ပြီး ဝင်လာကြတာ။ ဆိုင်ကလည်း အမျိုးသမီးတွေကြီးပဲ ဆိုတော့ ပြန်မလုပ်ရဲကြဘူး။ အဲ့ဒါတောင်ပစ္စည်းလည်း ယူတယ်။ လူကိုလည်း ဓားနဲ့ထိုးသတ်သွားတာ။ ဆေးရုံပို့ပေမယ့် ရထားတဲ့ ဒဏ်ရာနဲ့ ဆေးရုံရောက်တော့ ဆုံးတာပါပဲ” လို့ သူကပြောပါတယ်။

လုယက်လူသတ်ခဲ့တဲ့ အမျိုးသား ၃ ယောက်ဟာ ဆိုင်အတွင်း ဈေးရောင်းနေတဲ့ အမျိုးသမီး ၂ ဦး ဝတ်ဆင်ထားတဲ့ ဆွဲကြိုး၊ နားကပ်များကို ချွတ်ယူခဲ့ပြီး ဆိုင်ရှင်ဖြစ်သူ ဒေါ်ချောချော လည်ပင်းနဲ့ ရင်ဘက်တို့ကို ဓားနဲ့ထိုးခဲ့တာ ဖြစ်တယ်လို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

“သူတို့တွေက ကောင်မလေးတွေ ဓားထောက်ပြီး အိမ်နောက်ဖေး ခေါ်သွားတယ်။ ပြီးတော့မှ ရွှေတွေ ချွတ်ယူတာ။ သေသွားတဲ့ အန်တီက ပြန်ခုခံလို့ သတ်သွားတာလို့ကြားတယ်။ ဈေးရောင်းထားတဲ့ ပိုက်ဆံ ၃ သိန်းလည်း ယူသွားတယ်။ ကျန်တဲ့သူတွေတော့ ထိခိုက်မိတာ မရှိပါဘူး” လို့ သူကပြောပါတယ်။

ရန်ကုန်တိုင်း အတွင်း နေ့စဉ် အုပ်စုဖွဲ့ လုယက်မှု၊ ခိုးမှု၊ ဓားပြမှုတွေ ဖြစ်ပွားပေမယ့် ကျူးလွန်ခဲ့တဲ့ တရားခံတွေကို စစ်ကောင်စီက ဖမ်းဆီးနိုင်တာ မရှိသေးပါဘူး။

ယခုလ ၂ ရက်နေ့ကလည်း ပန်းဘဲတန်းမြို့နယ်မှာ အမျိုးသား ၃ ဦးက နေအိမ်အတွင်း ဝင်ရောက်ကာ အိမ်ရှင်ဖြစ်သူ အမျိုးသားကို ဓားနဲ့ထိုးပြီး ပိုက်ဆံသိန်း ၂၈၀ ကျော် ဖုန်း ၄ လုံးနဲ့ ကားတို့ကို ယူဆောင်သွားခဲ့ပေမယ့် ပြစ်မှု ကျူးလွန်သူတွေကို ယနေ့ချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now