နေ့စဥ်သတင်း

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

မဲခေါင် 1 Nov - 2026
~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။ ဝါရှင်တန်နဲ့ သံတမန်ရေး ပြိုကွဲသွားခဲ့လို့ ပဋိပက္ခ အသစ်တစ်ခု ထပ်ဖြစ်လာခဲ့ရင် ဒေသတွင်းမှာရှိတဲ့ ပင်လယ်ရေအောက် ကေဘယ်ကြိုးတွေ ပစ်မှတ်ဖြစ်လာနိုင်တယ်ဆိုပြီး အီရန်အရာရှိတွေရဲ့ လူသိရှင်ကြား သတိပေးချက်တွေနောက်မှာ အပေါ်က မှတ်ချက်တွေ လိုက်ပါလာတာ ဖြစ်ပါတယ်။ အမည်မဖော်ဘဲ မှတ်ချက်တွေ ပေးခဲ့ကြတဲ့ အီရန်လုံခြုံရေး အရာရှိကြီးတွေက အသေးစိတ်တွေကို မပြောသလို တီဟီရန်က တိုက်ခိုက်မှုတွေကို ဘယ်နေရာ ဘယ်အချိန်မှာ လုပ်မယ်ဆိုတာတွေကိုလည်း မပြောခဲ့ကြပါဘူး။

~ ဒင်းဒင်း ~

အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

ဝါရှင်တန်နဲ့ သံတမန်ရေး ပြိုကွဲသွားခဲ့လို့ ပဋိပက္ခ အသစ်တစ်ခု ထပ်ဖြစ်လာခဲ့ရင် ဒေသတွင်းမှာရှိတဲ့ ပင်လယ်ရေအောက် ကေဘယ်ကြိုးတွေ ပစ်မှတ်ဖြစ်လာနိုင်တယ်ဆိုပြီး အီရန်အရာရှိတွေရဲ့ လူသိရှင်ကြား သတိပေးချက်တွေနောက်မှာ အပေါ်က မှတ်ချက်တွေ လိုက်ပါလာတာ ဖြစ်ပါတယ်။

အမည်မဖော်ဘဲ မှတ်ချက်တွေ ပေးခဲ့ကြတဲ့ အီရန်လုံခြုံရေး အရာရှိကြီးတွေက အသေးစိတ်တွေကို မပြောသလို တီဟီရန်က တိုက်ခိုက်မှုတွေကို ဘယ်နေရာ ဘယ်အချိန်မှာ လုပ်မယ်ဆိုတာတွေကိုလည်း မပြောခဲ့ကြပါဘူး။ ဒါပေမယ့်လည်း တိုက်ခိုက်မှုတွေ လုပ်ပြီးရင်လည်း အင်တာနက်ချိတ်ဆက်မှုတွေ အပါအဝင် ဆက်သွယ်ရေး ပြတ်တောက်မှုတွေ တာရှည်နေစေဖို့အတွက် ပြန်လည်ပြုပြင်မှုတွေ မလုပ်နိုင်အောင်ပါ အီရန်က ရည်မှန်းထားတယ်ဆိုပြီး တစ်ဦးက ဖွင့်ဟပါတယ်။

“အကယ်၍များ အီရန်ကို တိုက်ခိုက်ခဲ့ရင် ပင်လယ်ရေအောက် ကေဘယ်ကြိုးတွေကနေ စစ်အခြေစိုက်စခန်းတွေအထိ အနီရောင်စည်းဆိုတာတွေ ရှိမှာ မဟုတ်တော့ပါဘူး။ လျှို့ဝှက်စခန်းတွေကိုလည်း ပစ်မှတ်ထားသွားပါမယ်” လို့ အရာရှိကြီးတစ်ဦးက ဆိုပါတယ်။

မီးနဲ့ မကစားဖို့ သူက ဝါရှင်တန်ကို သတိပေးပြီး အီရန်က ရေအောက်ကေဘယ်တွေကို အပြည့်အဝ လက်လှမ်းမီသလို သူတို့ကို အလွယ်တကူ ဖျက်ဆီး ပစ်နိုင်တယ်လို့လည်း သတိပေးပါတယ်။

အီရန်ရဲ့ အခြေခံအဆောက်အအုံတွေ တိုက်ခိုက်ခံရမယ်ဆိုရင် ဟော်မုဇ် ရေလက်ကြားအောက်က အရေးပါတဲ့ အင်တာနက်ကေဘယ် ၇ ကြိုးကို အီရန်က ပစ်မှတ်ထားသွားမယ်ဆိုပြီး အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ၊ နိုင်ငံရေးဌာန ဒုတိယအကြီးအကဲ ယာဒိုလာ ဂျာဗာနီက မကြာခင်ရက်ပိုင်းမှာ ပြောပါတယ်။

ကုလသမဂ္ဂရဲ့ အေဂျင်စီတစ်ခုဖြစ်တဲ့ နိုင်ငံတကာ တယ်လီဖုန်းဆက်သွယ်ရေး ကွန်ရက်ရဲ့ အဆိုအရ ကမ္ဘာ့အင်တာနက် အသွားအလာ ၉၉ ရာခိုင်နှုန်းကို ရေအောက်ကေဘယ်ကြိုးတွေက ပို့ဆောင်ပေးနေတာလို့ ဆိုပါတယ်။ ဒါပေမယ့် နိုင်ငံတကာအင်တာနက်ချိတ်ဆက်မှုရဲ့ ၁ ရာခိုင်နှုန်းလောက်သာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သွားတာကြောင့် အဲဒီလိုမျိုး အီရန်ရဲ့ တိုက်ခိုက်မှုတွေဟာ ကမ္ဘာကြီးအပေါ်သက်ရောက်မှု နည်းပါးလိမ့်မယ်လို့ တယ်လီဖုန်းဆက်သွယ်ရေး သုတေသနကုမ္ပဏီ ဒုတိယ ဒါရိုက်တာ အလန်မော်လ်ဒင်းက ဆိုပါတယ်။

ရေလက်ကြားက အီရန်နဲ့ အိုမန်ကို ခွဲခြားထားပြီး ပါရှန်ပင်လယ်ကွေ့ကို အိုမန်ပင်လယ်ကွေ့၊ အာရေးဗျပင်လယ်တို့နဲ့ ချိတ်ဆက်ပေးထားပါတယ်။

အီရန်လုံခြုံရေးအရာရှိတွေရဲ့ မှတ်ချက်တွေနဲ့ပတ်သက်လို့ မှတ်ချက်ပေးဖို့ တောင်းဆိုတာကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန တို့က မတုံ့ပြန်ခဲ့ကြဘဲ ပင်လယ်ကွေ့နိုင်ငံတွေဆီက လတ်တလောမှတ်ချက် မရှိသေးဘူးလို့ ဆိုပါတယ်။

ပင်လယ်ရေအောက် ကေဘယ်ကြိုးတွေကို တိုက်ခိုက်မှုဖြစ်နိုင်ခြေကနေပြီး အမေရိကန်ရဲ့စစ်ဆင်ရေးအသစ်တစ်ခုကို အရင်ကထက် ပိုပြီး ပြင်းထန်တဲ့တုံ့ပြန်မှု လုပ်ဆောင်သွားရမယ်ဆိုတဲ့ အီရန်ခေါင်းဆောင်ပိုင်းအတွင်း ယုံကြည်မှုကို ထင်ဟပ်နေပါတယ်။

ပဋိပက္ခတစ်ဖန် ပြန်ဖြစ်လာခဲ့ရင် ဒေတာစင်တာတွေနဲ့ အေအိုင်စင်တာတွေ အပါအဝင် ပင်လယ်ကွေ့တစ်ဝန်းမှာရှိတဲ့ အမေရိကန်နဲ့ဆက်စပ်နေတဲ့ ဒစ်ဂျစ်တယ်အခြေခံ အ‌ဆောက်အအုံတွေအားလုံး အီရန်ရဲ့ပစ်မှတ်တွေ ဖြစ်လာနိုင်တယ်လို့ အီရန်အမျိုးသားလုံခြုံရေးအကြီးအကဲ မိုဆင်ရာဇာအီက ဒီလထဲမှာပဲ သတိပေးလိုက်ပါတယ်။

ဝါရှင်တန်ရဲ့ ပင်လယ်ကွေ့မဟာမိတ်တွေက အဲဒီလိုအခြေခံ အဆောက်အအုံတွေမှာ အကြီးအကျယ်ရင်းနှီးမြုပ်နှံထားကြပြီး ပင်လယ်ရေအောက် ဖိုက်ဘာဆက်ကြောင်းတွေ အပေါ် ပျက်စီးမှုမှန်သမျှအတွက် ဝါရှင်တန်မှာ တာဝန်ရှိတယ်လို့ မှတ်ယူရမှာဖြစ်ကြောင်း ဒုတိယအီရန်လုံခြုံ‌ရေးအရာရှိ သတင်းရင်းမြစ်က ပြောပါတယ်။

ပင်လယ်ကွေ့အစိုးရတွေနဲ့ အမေရိကန်ကုမ္ပဏီတွေကို ဒေသတွင်းက သူတို့ရဲ့ ရင်းနှီးမြုပ်နှံမှုတွေအပေါ် စိုးရိမ်လာအောင်လုပ်ပြီး စစ်ပွဲပြန်ဖြစ်မှာကို တားဆီးဖို့နဲ့ ဝါရှင်တန်ကို ဖိအားပေးဖို့အတွက် ခြိမ်း‌ခြောက်မှုတွေက ရည်ရွယ်ထားတယ်လို့ ဝါရှင်တန်အခြေစိုက် အရှေ့အလယ်ပိုင်းအင်စတီကျူဒ် အီရန်အစီအစဉ်ဒါရိုက်တာ အဲလက်စ်ဗာတန်ကာက ပြောပါတယ်။

“သူ့ရဲ့မူဝါဒတွေက သူတို့ရဲ့ ရင်းနှီးမြုပ်နှံမှုတွေအပေါ် အန္တရာယ်ဖြစ်စေနိုင်တာနဲ့ ပတ်သက်ပြီး ပင်လယ်ကွေ့နိုင်ငံတွေနဲ့ ကုမ္ပဏီအမှုဆောင်တွေက အမေရိကန်သမ္မတ ထရမ့်ကို ဖိအားပေးတာမျိုး တီဟီရန်က အလိုရှိပါတယ်” လို့ ဗာတန်ကာက ဆိုပါတယ်။

ကေဘယ်ကြိုးတွေကို ဖြတ်တောက်လိုက်တာက အင်တာနက်ဝန်ဆောင်မှုတွေကို နှေးကွေးသွားစေမယ်၊ ဘဏ္ဍာရေးနဲ့ငွေကြေး အ‌ပေးအယူတွေ၊ အီလက်ထရွန်းနစ် စီးပွားရေး နဲ့ အဝေးရောက်ကွန်ပြူတာလုပ်ငန်းတွေကို ထိခိုက်ပြတ်တောက် စေလိမ့်မယ်လို့ လေ့လာဆန်းစစ်သူတွေက ပြောပါတယ်။

အင်တာနက်လုပ်ငန်း လုပ်ကိုင်သူတွေက အင်တာနက်စီးဆင်းမှုကို လမ်းကြောင်းပြောင်းနိုင်မလား၊ ချိတ်ဆက်မှုတွေလုပ်ဖို့ တခြားရွေးချယ်စရာလမ်းကြောင်းတွေ ရှိသလား ဆိုတဲ့အပေါ် မူတည်ပြီး ရိုက်ခတ်မှု ကြီးမလား သေးမလား ဆုံဖြတ်ပေးလိမ့်မယ်လို့ မော်လဒင်းက ဆိုပါတယ်။

စစ်ပွဲကာလအတွင်းမှာ ချိတ်ဆက်မှုတွေ ပြန်လည်လုပ်ဆောင်ဖို့တော့ ခက်ခဲနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပြီး အာမခံကြေးတွေမြင့်တက်လာတာ၊ ပိုင်နက်ရေပြင်ထဲ ဝင်ရောက်နိုင်ဖို့ ခွင့်ပြုချက်တွေ ယူတဲ့အခါ နှောင့်နှေးမှုတွေ ဖြစ်နိုင်တာက ပြန်လည်ပြင်ဆင်မှုတွေလုပ်ဖို့အတွက် အရှုပ်အထွေးဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

အကယ်၍များ ယီမင်က ဟူသီမဟာမိတ်တွေရဲ့အကူအညီကို အီရန်က ရရှိခဲ့မယ်ဆိုရင် ဟော်မုဇ်ရေလက်ကြားထက်စာရင် ပင်လယ်နီက ပိုပြီးကြီးကျယ်တဲ့ ပစ်မှတ်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပင်လယ်နီမှာရှိတဲ့ ကေဘယ်ကြိုးတွေကို ပစ်မှတ်ထားဖို့ အစီအစဉ်ရှိတယ်လို့တော့ အီရန်က လူသိရှင်ကြားပြောတာမရှိပါဘူး။

ပင်လယ်နီက ကေဘယ်ကြိုးတွေက ဥရောပ၊ အရှေ့အာဖရိက နဲ့ အာရှ‌ဒေသကြားကို ဒေတာတွေ သယ်ယူပို့ဆောင်ပေးပါတယ်။ အဲဒီကနေတစ်ဆင့် သွားတဲ့အတိုင်းအတာဟာ တစ်ကမ္ဘာလုံး နိုင်ငံတကာ အသုံးပြုမှုရဲ့ ၃ ရာခိုင်နှုန်းရှိပြီး ဒေသတစ်ခုနဲ့ တစ်ခုကြား ဆိုရင် ၁၀ ရာခိုင်နှုန်းရှိတယ်လို့ မော်လဒင်းက ပြောပြပါတယ်။

ပင်လယ်ကွေ့အစိုးရတွေကလည်း သူတို့ရဲ့စီးပွားရေးကို ရေနံလုပ်ငန်းအပေါ် မှီခိုမှုကနေ ခွဲထွက်ပြီး ကမ္ဘာလုံးဆိုင်ရာ အေအိုင်လုပ်ငန်းရဲ့ စုရပ်ဖြစ်လာဖို့အတွက် နည်းပညာလုပ်ငန်းတွေမှာ ကြီးကြီးမားမား ရင်းနှီးမြုပ်နှံပြီး အမေရိကန်နည်းပညာ လုပ်ငန်းတွေနဲ့ ချိတ်ဆက်မှုတွေ နက်ရှိုင်းအောင်လုပ်နေပါတယ်။

မတ်လအတွင်း အီရန်ရဲ့ တိုက်ခိုက်မှုမှာ ယူအေအီးနိုင်ငံမှာရှိတဲ့ Amazon အင်တာနက်ကွန်ရက်နေရာ ၂ ခုကို ထိမှန်ခဲ့ပြီး ဘာရိန်းနိုင်ငံမှာရှိတဲ့ သူတို့ရဲ့လုပ်ငန်းတစ်ခုအနီးက အခြေခံအဆောက်အအုံတစ်ခုလည်း ပျက်စီးခဲ့ပါတယ်။ Microsoft ၊ Google, Apple နဲ့ Nvidia အပါအဝင် အမေရိကန်ရဲ့ နည်းပညာလုပ်ငန်းတွေဟာ သူတို့ရဲ့ တရားဝင်ပစ်မှတ်တွေ ဖြစ်တယ်ဆိုပြီး စစ်ပွဲအရှိန်မြင့်တက်နေချိန် မတ်လမှာ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC)က ပြောကြားခဲ့ပါတယ်။

မြေပြင်အခြေစိုက် ချိတ်ဆက်မှုတွေက အင်တာနက်လုပ်ငန်းအတွက် ရွေးချယ်စရာ တခြားလမ်းကြောင်းတွေ ပံ့ပိုးပေးနိုင်ပါတယ်။ ဒါနဲ့အတူ အဲဒီလို ကြံ့ကြံ့ခံနိုင်စွမ်း တိုးတက်ဖို့ရာ ပင်လယ်ကွေ့နိုင်ငံတွေနဲ့ အမေရိကန်နည်းပညာကုမ္ပဏီတွေက အခြေခံအဆောက်အအုံတွေအပေါ် ရင်းနှီးမြုပ်နှံမှုတွေ တိုးမြှင့်နေကြပါတယ်။

၂၀၃၀ ပြည့်နှစ်လောက်မှာ ပင်လယ်ပြင်နဲ့ ကုန်းမြေပေါ် ချိတ်ဆက်ထားတဲ့ ရင်းနှီးမြုပ်နှံမှုတွေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ဖိုးလောက် လုပ်ဖို့ Microsoft က စီစဉ်ထားပါတယ်။

Reuters

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now