မြန်မာ့နွေဦး

အာဆီယံအစည်းအဝေးတွေကို မြန်မာနိုင်ငံတက်ရောက်ခွင့် ထပ်မံပိတ်ပင်နိုင်ချေရှိနေ

မဲခေါင် 12 Nov - 2022
မြန်မာနိုင်ငံက အခြေအနေတွေ ဆက်လက်ဆိုးရွားလာတဲ့အတွက် အစည်းအဝေးတွေမှာ မြန်မာနိုင်ငံကို ဖယ်ချန်ထားဖို့ နောက်ထပ်ခြေလှမ်းတွေကို အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)က စဉ်းစားနေပါတယ်။ အခြေအနေအရလိုအပ်လာခဲ့ရင် အနာဂတ်အစည်းအဝေးတွေမှာ မြန်မာနိုင်ငံကိုယ်စားပြုတက်ရောက်ခွင့်ကို နောက်ထပ်ပြန်လည်သုံးသပ်ဖို့ အာဆီယံညှိနှိုင်းရေးကောင်စီကို လုပ်ငန်းတာဝန်ပေးအပ်ထားတယ်လို့ ဒီနေ့ နိုဝင်ဘာ ၁၁ ရက် သောကြာနေ့မှာ အာဆီယံခေါင်းဆောင်တွေက ထုတ်ပြန်ပါတယ်။ အာဆီယံအစည်းအဝေးတွေမှာ မြန်မာအာဏာသိမ်းစစ်တပ်တက်ရောက်ခွင့်ပိတ်ပင်ဖို့ ၂၀၂၃ ခုနှစ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းရယူမယ့် အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက အဆိုပြုထားထားတာပါ။ အဲဒီကိစ္စကို အာဆီယံခေါင်းဆောင်တွေ အချိန်ယူပြီး ဆွေးနွေးငြင်းခုန်ခဲ့ကြတယ်လို့ ဝီဒိုဒိုပြောတယ်ဆိုပြီး ဘလွန်းဘာ့ဂ်သတင်းဌာနကဖော်ပြပါတယ်။ “အာဆီယံထိပ်သီးအစည်းအဝေးနဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွေထက်ကျော်လွန်ပြီး မြန်မာနိုင်ငံက နိုင်ငံရေးမနွယ်တဲ့ကိုယ်စားပြုမှုတွေကိုပါခွင့်မပြုဖို့ အင်ဒိုနီးရှားနိုင်ငံက အဆိုပြုထားပါတယ်” လို့ ဝီဒိုဒိုကပြောပါတယ်။ အာဆီယံအဖွဲ့က အာဆီယံထိပ်သီးအစည်းအဝေးတွေနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေအစည်းအဝေးတွေကို မြန်မာနိုင်ငံက နိုင်ငံရေးမနွယ်သူကိုသာတက်ရောက်ခွင့်ပေးမယ်ဆိုတဲ့

မြန်မာနိုင်ငံက အခြေအနေတွေ ဆက်လက်ဆိုးရွားလာတဲ့အတွက် အစည်းအဝေးတွေမှာ မြန်မာနိုင်ငံကို ဖယ်ချန်ထားဖို့ နောက်ထပ်ခြေလှမ်းတွေကို အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)က စဉ်းစားနေပါတယ်။

အခြေအနေအရလိုအပ်လာခဲ့ရင် အနာဂတ်အစည်းအဝေးတွေမှာ မြန်မာနိုင်ငံကိုယ်စားပြုတက်ရောက်ခွင့်ကို နောက်ထပ်ပြန်လည်သုံးသပ်ဖို့ အာဆီယံညှိနှိုင်းရေးကောင်စီကို လုပ်ငန်းတာဝန်ပေးအပ်ထားတယ်လို့ ဒီနေ့ နိုဝင်ဘာ ၁၁ ရက် သောကြာနေ့မှာ အာဆီယံခေါင်းဆောင်တွေက ထုတ်ပြန်ပါတယ်။

အာဆီယံအစည်းအဝေးတွေမှာ မြန်မာအာဏာသိမ်းစစ်တပ်တက်ရောက်ခွင့်ပိတ်ပင်ဖို့ ၂၀၂၃ ခုနှစ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းရယူမယ့် အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက အဆိုပြုထားထားတာပါ။

အဲဒီကိစ္စကို အာဆီယံခေါင်းဆောင်တွေ အချိန်ယူပြီး ဆွေးနွေးငြင်းခုန်ခဲ့ကြတယ်လို့ ဝီဒိုဒိုပြောတယ်ဆိုပြီး ဘလွန်းဘာ့ဂ်သတင်းဌာနကဖော်ပြပါတယ်။

“အာဆီယံထိပ်သီးအစည်းအဝေးနဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွေထက်ကျော်လွန်ပြီး မြန်မာနိုင်ငံက နိုင်ငံရေးမနွယ်တဲ့ကိုယ်စားပြုမှုတွေကိုပါခွင့်မပြုဖို့ အင်ဒိုနီးရှားနိုင်ငံက အဆိုပြုထားပါတယ်” လို့ ဝီဒိုဒိုကပြောပါတယ်။

အာဆီယံအဖွဲ့က အာဆီယံထိပ်သီးအစည်းအဝေးတွေနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေအစည်းအဝေးတွေကို မြန်မာနိုင်ငံက နိုင်ငံရေးမနွယ်သူကိုသာတက်ရောက်ခွင့်ပေးမယ်ဆိုတဲ့ ရပ်တည်ချက်ကို အာဆီယံက ဆက်လက်ထိန်းသိမ်းထားမှာပါ။

ဘုံသဘောတူညီချက် ၅ ချက်လို့သိကြတဲ့ ငြိမ်းချမ်းရေးညှိနှိုင်းမှုအတွက် အချိန်ကာလနဲ့ အကောင်အထည်ဖော်ရေးအစီအစဉ်အတွက်လည်း ဒေသခေါင်းဆောင်တွေက တိုက်တွန်းပါတယ်။

ပြီးခဲ့တဲ့ ၁၈ လတုန်းက အဲဒီအစီအစဉ်အတွက် ပထမဆုံးအဆိုပြုခဲ့ပေမဲ့ အကောင်အထည်ပေါ်လာတာ အနည်းအကျဉ်းသာရှိပါသေးတယ်။

တိကျခိုင်မာ၊ လက်တွေ့ကျပြီး တိုင်းတာနိုင်တဲ့ညွှန်းကိန်းတွေ၊ တိကျတဲ့အချိန်ကာလတို့နဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို ထောက်ပံ့မယ့် အကောင်အထည်ဖော်ရေးအစီအစဉ်လိုအပ်နေတယ်လို့ သောကြာနေ့ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

အကောင်အထည်ဖော်ရေးအစီအစဉ်ဖြစ်လာဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကို တာဝန်လွှဲပြောင်းထားတယ်လို့ ခေါင်းဆောင်တွေကပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now