နေ့စဥ်သတင်း

နမ္မတူတွင် စလော့ဂိမ်းဆော့ရန် ငွေလိုသဖြင့် ကုန်စုံဆိုင်ကို ဓားပြတိုက်သူကို ဖမ်းမိ

မဲခေါင် 29 Sep - 2026
မဲခေါင်၊ စက်တင်ဘာ ၂၉ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်၊ ရပ်ကွက် (၃) ရှိ ကုန်စုံဆိုင်တစ်ခုတွင် အမျိုးသားလူငယ်တစ်ဦးက စလော့ဂိမ်းဆော့ရန် ငွေလိုသဖြင့် ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ စက်တင်ဘာ ၂၇ ရက် နေ့လယ် ၁ နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဓားပြတိုက်သည့် အမျိုးသားလူငယ်မှာ စလော့ဂိမ်း အလွန်အမင်း ကစားသူတစ်ဦးဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သူ့ကိုမိတော့ စလော့ဂိမ်းကစားတာ ငွေလိုလို့ လုပ်တာလို့ပြောတယ်” ဟု ၎င်းက ပြောသည်။ ဓားပြတိုက်မှုဖြစ်ပွားစဉ် ဆိုင်အတွင်း ရုန်းရင်းဆန်ခတ်ဖြစ်ပွားရာမှ ယင်းအမျိုးသား၏ မျက်နှာတွင် စည်းနှောင်အုပ်ထားသည့် ပုဝါ ကျွတ်ထွက်သွားခဲ့သဖြင့် မည်သူမည်ဝါဖြစ်ကြောင်း

မဲခေါင်၊ စက်တင်ဘာ ၂၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်၊ ရပ်ကွက် (၃) ရှိ ကုန်စုံဆိုင်တစ်ခုတွင် အမျိုးသားလူငယ်တစ်ဦးက စလော့ဂိမ်းဆော့ရန် ငွေလိုသဖြင့် ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စက်တင်ဘာ ၂၇ ရက် နေ့လယ် ၁ နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဓားပြတိုက်သည့် အမျိုးသားလူငယ်မှာ စလော့ဂိမ်း အလွန်အမင်း ကစားသူတစ်ဦးဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“သူ့ကိုမိတော့ စလော့ဂိမ်းကစားတာ ငွေလိုလို့ လုပ်တာလို့ပြောတယ်” ဟု ၎င်းက ပြောသည်။

ဓားပြတိုက်မှုဖြစ်ပွားစဉ် ဆိုင်အတွင်း ရုန်းရင်းဆန်ခတ်ဖြစ်ပွားရာမှ ယင်းအမျိုးသား၏ မျက်နှာတွင် စည်းနှောင်အုပ်ထားသည့် ပုဝါ ကျွတ်ထွက်သွားခဲ့သဖြင့် မည်သူမည်ဝါဖြစ်ကြောင်း ဆိုင်ရှင်က မှတ်မိသွားကာ TNLA ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဓားပြတိုက်သူ TNLA ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၈ ရက်နေ့ ညနေပိုင်းတွင် ဗဟန်းမြို့နယ်၌ အွန်လိုင်းစလော့ဂိမ်းရှုံး၍ ငွေလိုအပ်နေသဖြင့် အိမ်ရှင်အမျိုးသမီးအား သတ်ဖြတ်လုယက်မှုတစ်ခု ဖြစ်ပွားခဲ့သေးသည်။

ဇူလိုင် ၃ ရက် နံနက်ပိုင်းကလည်း အောင်ပန်း-ကလောလမ်းခွဲ Toll Gate အကျော်၌ ၁၂ ဘီးယာဉ်ပေါ်တွင် အမှတ် (၁) ရပ်ကွက်၊ ညောင်ရွှေမြို့နေသူ ယာဉ်မောင်းတစ်ဦး ကုန်ဖိုးငွေများ စလော့ဂိမ်းရှုံးသဖြင့် ကြိုးဆွဲချသတ်သေမှု ဖြစ်ပွားခဲ့သေးသည်။

ရှမ်းပြည်ရှိ မြို့နယ်များတွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲခြင်း၊ စလော့ဂိမ်းလောင်းကစား ပြုလုပ်ခြင်းများ တစ်နေ့တခြား ပိုမိုများပြားလာပြီး ခိုးမှု၊ လုယက်မှု၊ ဖောက်ထွင်းမှုများကို အသက်ရန်ရှာသည်အထိ အကြမ်းဖက် လုယက်သတ်ဖြတ်လာကြသဖြင့် အခြေအနေ ပိုမိုဆိုးရွားလာနေလျက်ရှိသည်။

#MeKongNews
#နမ္မတူ
#စလော့ဂိမ်း
#ဓားပြတိုက်
#ကုန်စုံဆိုင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ဘက်အခြမ်းတွင် မစု ဦးဆောင်သည့် အဖွဲ့က မြန်မာနှင့် ထိုင်း တံဆိပ်တုံးအတုများ ထုပေးပြီး လူကူးသယ်ယူနေ

မဲခေါင်၊ နိုဝင်ဘာ ၂၃ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်-မယ်ဆိုင် အမှတ် (၁) ချစ်ကြည်ရေးတံတား မယ်ဆိုင်ဘက်အခြမ်းတွင် မစု ဆိုသူ ဦးဆောင်သည့်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်နေ့တွင် ယွမ် ၁၀၀ ကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို TNLA က ယာယီပိတ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းလမ်းပိုင်းကို ကုန်တင်ယာဉ်များအနေဖြင့် ၂၀၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၆ ရက် ည ၁၁

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now