မဲခေါင်၊ ဇူလိုင် ၆
ကမ္ဘောဒီးယားနိုင်ငံခေါင်းဆောင်လည်းဖြစ် လက်ရှိတွင်သားဖြစ်သူကို ဝန်ကြီးချုပ်ရာထူးပေးထားသော အထက်လွှတ်တော်ဥက္ကဌ ဟွမ်ဆန် အကောင့်ဖြင့်ပင် ကျားဖြန့်လုပ် ငွေလိမ်သူ ၄ ယောက်အား ကမ္ဘောဒီးယား ဆိုက်ဘာရာဇဝတ်မှုတိုက်ဖျက်ရေး အဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ဖနွမ်းပင်ပို့စ်တွင် ဖော်ပြပါရှိလာသည်။
ကမ္ဘောဒီးယားနိုင်ငံအား နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သည့် ဟွမ်ဆန်သည် မကြာသေးမီက ထိုင်းနှင့် နယ်စပ်အငြင်းပွားနယ်မြေကိစ္စကြောင့် ထိုင်းနှင့် ဆက်ဆံရေးအတင်းမာဆုံးဖြစ်နေချိန် ကျားဖြန့် ဗဟိုချက်သည် မိမိတို့နိုင်ငံမဟုတ်ဘဲ ထိုင်းနိုင်ငံသည်သာ ကျားဖြန့်အဦးအစနိုင်ငံဟု လူသိရှင်ကြား ဝေဖန်တိုက်ခိုက်ခဲ့သလို မိမိ အကောင့်တုများလုပ်ကာ ထိုင်းနိုင်ငံသားများက သတင်းတုများ ဝေဖန် ချင်စရာများကို ရေးတင်နေသည်ဟု ဖွင့်ပြောခဲ့သည်။
သို့သော် ယခု ဟွမ်ဆန်၏ လူမှုကွန်ရက်အကောင့်တုများသာမက အင်စတာဂရမ်တွင် ကမ္ဘောဒီးယား အစိုးရအဖွဲ့အကြီးအကဲများ၏ လူမှုကွန်ရက်အကောင့်တုများကို ဖန်တီးကာ ထိုအကောင့်များမှ တစ်ဆင့် ငွေကြေးအကျိုးအမြတ်များစွာရရှိမည့် ရင်းနှီးမြှုပ်နှံမှုများလုပ်ရန် သွေဆောင်ကာ ကျားဖြန့် လုပ်လိမ်လည်နေမှုဖြင့် ရုရှားသား ၂ ဦးနှင့် ကမ္ဘောဒီးယားနိုင်ငံသား ၂ ဦးကို ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ကိုကလင်း
Ref: Khaosod
#MeKongNews
#ဟွမ်ဆန်
#ကျားဖြန့်
#ကမ္ဘောဒီးယား
#ထိုင်းနိုင်ငံသား








