ကမ္ဘာ့သတင်း

အဇာဘိုင်ဂျန်ခရီးသည်တင်လေယာဉ် ပျက်ကျမှု ရုရှားပစ်ချခိုင်းသည့် အမိန့်ပေး အသံဖိုင် သက်သေထွက်ပေါ်

မဲခေါင် 3 Jul - 2025
မဲခေါင်၊ ဇူလိုင် ၃ ပြီးခဲ့သည့် ခရစ္စမတ်ရက်က ခရီးသည် ၃၈ ဦးသေဆုံးခဲ့သည့် အဇာဘိုင်ဂျန်ခရီးသည်တင်လေယာဉ် Embraer 190 ပျက်ကျမှုတွင် ရုရှားဘက်မှ ပစ်ချခဲ့သည်ဆိုသည့် စွပ်စွဲချက်မှာ ပိုမိုခိုင်လုံလာပြီး နောက်ဆုံးတွင် ပစ်ချမိန့်ပေးသည့် အသံဖိုင်ကိုပင် အဇာဘိုင်ဂျန်မီဒီယာများက ရရှိဖော်ပြနေပြီဖြစ်သည်။ ယင်းလေယာဉ်သည် ခရီးသည် ၆၇ ဦးကို တင်ဆောင်ကာ အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့မှ ရုရှားနိုင်ငံ၊ ဂရိုဇနီမြို့သို့ ပျံသန်းရာတွင် ကက်စ်ပီယံပင်လယ်ကို ဖြတ်ကျော်ပြီးနောက် ကာဇက်စတန်နိုင်ငံ အက္ကတူ လေဆိပ်အနီး ပျက်ကျသွားခဲ့ရာ ရုရှားလေကြောင်းရန် ကာကွယ်ရေးစနစ်ကြောင့် ပျက်ကျသည်ဟု ဦးစွာ ယူဆခဲ့ကြသည်။ အဇာဘိုင်ဂျန်အစိုးရမှ ထိုလေယာဉ်ပျက်ကျမှုအတွက် စုံစမ်းစစ်ဆေးခဲ့ရာတွင် ရုရှားစစ်တပ်မှ ယူကရိန်း ဒရုန်းမဟုတ်မှန်း သိသိကြီးနှင့် မြေပြင်မှဝေဟင်ပစ်

မဲခေါင်၊ ဇူလိုင် ၃

ပြီးခဲ့သည့် ခရစ္စမတ်ရက်က ခရီးသည် ၃၈ ဦးသေဆုံးခဲ့သည့် အဇာဘိုင်ဂျန်ခရီးသည်တင်လေယာဉ် Embraer 190 ပျက်ကျမှုတွင် ရုရှားဘက်မှ ပစ်ချခဲ့သည်ဆိုသည့် စွပ်စွဲချက်မှာ ပိုမိုခိုင်လုံလာပြီး နောက်ဆုံးတွင် ပစ်ချမိန့်ပေးသည့် အသံဖိုင်ကိုပင် အဇာဘိုင်ဂျန်မီဒီယာများက ရရှိဖော်ပြနေပြီဖြစ်သည်။

ယင်းလေယာဉ်သည် ခရီးသည် ၆၇ ဦးကို တင်ဆောင်ကာ အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့မှ ရုရှားနိုင်ငံ၊ ဂရိုဇနီမြို့သို့ ပျံသန်းရာတွင် ကက်စ်ပီယံပင်လယ်ကို ဖြတ်ကျော်ပြီးနောက် ကာဇက်စတန်နိုင်ငံ အက္ကတူ လေဆိပ်အနီး ပျက်ကျသွားခဲ့ရာ ရုရှားလေကြောင်းရန် ကာကွယ်ရေးစနစ်ကြောင့် ပျက်ကျသည်ဟု ဦးစွာ ယူဆခဲ့ကြသည်။

အဇာဘိုင်ဂျန်အစိုးရမှ ထိုလေယာဉ်ပျက်ကျမှုအတွက် စုံစမ်းစစ်ဆေးခဲ့ရာတွင် ရုရှားစစ်တပ်မှ ယူကရိန်း ဒရုန်းမဟုတ်မှန်း သိသိကြီးနှင့် မြေပြင်မှဝေဟင်ပစ် လေကြောင်းကာကွယ်ရေး ဒုံးကျည် Pantsir-S ဖြင့် ပစ်ချခဲ့ခြင်းဖြစ်ကြောင်း၊ လူတစ်ဦးက “ဟလို အဇီမတ် ၃၃၈၊ အကွာအဝေး ၇၀၀၀၊ အမြင့် ၄၉၀၊ အရှိန် ၁၁၈၊ ဦးတည်ရာ ၂၃၀ သို့ ဝင်လာနေတဲ့ ပစ်မိန့်” ဟု အမိန့်ပေးသံအား “ပစ်ပြီ” ဟု တစ်ဦးက ဖြန်ဖြေသံ၊ ထို့နောက် ပစ်မှတ်လွဲသည်ဟုဆိုကာ အခြားတစ်ဦးက “နောက်တစ်လုံး ထပ်ပစ်” ဟု အမိန့်ပေးခဲ့ကြောင်း၊ ထိုအသံများထဲတွင် ပူးပေါင်းပါဝင်သူ တစ်ဦးမှာ ရုရှားလေကြောင်းရန် ကာကွယ်ရေးတပ်မှ ဗိုလ်ကြီး ဒီမီထရီပလာဒီချော့ ဆိုသူဖြစ်ကာ ပလာဒီချော့ကိုယ်တိုင် ပစ်မှတ်ထိသွားခဲ့သည်ကို အစီရင်ခံတင်ပြထားသည့် လက်ရေးမူစာရွက်ကိုပါ အဇာဘိုင်ဂျန်မီဒီယာ Minval က ရရှိ ဖော်ထုတ်တင်ပြသွားခြင်း ဖြစ်သည်။

ထိုနေ့မနက်ပိုင်းက ယူကရိန်းဘက်မှ ရုရှားထံသို့ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရှိနေခဲ့ပြီး အဇာဘိုင်ဂျန်လေယာဉ်မှာမူ ဒရုန်းများသွားသည့် အရှိန်ထက် မြန်နှုန်း ၂ ဆ ကျော်မြင့်ပြီး ပျံသန်းနေသည်ကို သိရှိပါလျှက် အနီးအနား လေယာဉ်ကွင်းတစ်ခုတွင် ဆင်းသက်ရန် ကြိုးစားနေစဉ် ပစ်ချခဲ့ခြင်းဖြစ်သည်ဟု အဖြေထုတ်နိုင်ကြောင်း Minval မီဒီယာက ဖော်ပြသွားခဲ့သည်။

အဇာဘိုင်ဂျန်ခရီးသည်တင်လေယာဉ်ကို ရုရှားပစ်ချခြင်းမှာ ပထမဆုံးအကြိမ်မဟုတ်သေးဘဲ ထိုမတိုင်ခင် ၂၀၁၄ ခုနှစ်က ယူကရိန်းတွင် MH 17 ခရီးသည်တင်လေယာဉ်ကိုလည်း ပစ်ချခဲ့သေးသည်။

ကိုကလင်း
Ref:Thesun
#MeKongNews
#ရုရှား
#အဇာဘိုင်ဂျန်
#လေယာဉ်ပျက်ကျ
#ဘာကူမြို့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now