ကမ္ဘာ့သတင်း

အီရန်ဘက်မှ Shahed ဒရုန်း ၁၀၀ ကျော်ဖြင့် အစ္စရေးဘက်ကို လက်တုံ့ပြန် တိုက်ခိုက်

မဲခေါင် 13 Jun - 2025
မဲခေါင်၊ ဇွန် ၁၃ ဇွန် ၁၃ ရက် အာရုဏ်မတက်မီ အစ္စရေးဘက်မှ အီရန်ရှိ နျူကလီးယား ပစ်မှတ်များကို တိုက်ခိုက်ခဲ့မှု အပြီး မွန်းလွဲပိုင်းမှာပင် အီရန်ဘက်မှ Shahed ဒရုန်း ၁၀၀ ကျော်ဖြင့် အစ္စရေးနိုင်ငံဆီသို့ ပြန်လည် တုံ့ပြန် တိုက်ခိုက်လာပြီဖြစ်သည်။ အီရတ်တောင်ပိုင်းဒေသပေါ်မှ အီရန်၏ Shahed ဒရုန်းများ အစ္စရေးဆီ ဦးတည်ပျံသန်းနေသည့် ရုပ်သံ သက်သေများလည်း ထွက်ပေါ်လာပြီဖြစ်ကာ အစ္စရေးဘက်မှ လေကြောင်းရန် ကာကွယ်ရေး စနစ်ကို အဆင့်အမြင့်ဆုံးပြန်လည်ပြင်ဆင်ထားသလို နိုင်ငံတော်အရေးပေါ် အခြေအနေလည်း ကြေညာကာ လေကြောင်းလိုင်းအားလုံးလည်း ပိတ်ပြီး အရေးပါသော လေယာဉ်ကွင်းများမှ လေယာဉ်များကိုလည်း ရွှေ့ပြောင်းထားရှိလိုက်ပြီဟု သိရသည်။ အစ္စရေးသည် ဇွန် ၁၃

မဲခေါင်၊ ဇွန် ၁၃

ဇွန် ၁၃ ရက် အာရုဏ်မတက်မီ အစ္စရေးဘက်မှ အီရန်ရှိ နျူကလီးယား ပစ်မှတ်များကို တိုက်ခိုက်ခဲ့မှု အပြီး မွန်းလွဲပိုင်းမှာပင် အီရန်ဘက်မှ Shahed ဒရုန်း ၁၀၀ ကျော်ဖြင့် အစ္စရေးနိုင်ငံဆီသို့ ပြန်လည် တုံ့ပြန် တိုက်ခိုက်လာပြီဖြစ်သည်။

အီရတ်တောင်ပိုင်းဒေသပေါ်မှ အီရန်၏ Shahed ဒရုန်းများ အစ္စရေးဆီ ဦးတည်ပျံသန်းနေသည့် ရုပ်သံ သက်သေများလည်း ထွက်ပေါ်လာပြီဖြစ်ကာ အစ္စရေးဘက်မှ လေကြောင်းရန် ကာကွယ်ရေး စနစ်ကို အဆင့်အမြင့်ဆုံးပြန်လည်ပြင်ဆင်ထားသလို နိုင်ငံတော်အရေးပေါ် အခြေအနေလည်း ကြေညာကာ လေကြောင်းလိုင်းအားလုံးလည်း ပိတ်ပြီး အရေးပါသော လေယာဉ်ကွင်းများမှ လေယာဉ်များကိုလည်း ရွှေ့ပြောင်းထားရှိလိုက်ပြီဟု သိရသည်။

အစ္စရေးသည် ဇွန် ၁၃ ရက် အာရုဏ်မတက်မီ အီရန်အား တိုက်ခိုက်မှုတွင် ဖိုက်တာဂျက်လေယာဉ် အစီး ၂၀၀ ကျော် အသုံးပြုခဲ့သလို အီရန်ရှိ ပစ်မှတ် ၁၀၀ ကျော်ကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း အစ္စရေး စစ်တပ်မှ အတည်ပြုထုတ်ပြန်ခဲ့သည်။

ထိုတိုက်ခိုက်မှုတွင် တီဟီရန်မြို့တော် တောင်ဘက် ၂၂၅ ကီလို မီတာအကွာရှိ Natanz နျူကလီးယားဆိုက်ကို ထိမှန်ပျက်စီးစေသလို အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်မှ အီရန် ဗိုလ်ချုပ် ဟော့ဆိန်းဆလာမီ၊ လက်နက်ကိုင်တပ်ရင်းမှ ဗိုလ်ချုပ် မိုဟာမက် ဘာဂါရီအပါ အီရန် စစ်ဗိုလ်ချုပ်တချို့ သေဆုံးသလို နျူကလီးယားဆိုက်များမှ အီရန်သိပ္ပံပညာရှင် ၂ ဦးလည်း သေဆုံးခဲ့ကြောင်း အီရန် အစိုးရမီဒီယာမှ အတည်ပြုထုတ်ပြန်ခဲ့သည်။

အီရန် ခေါင်းဆောင် အလီခါမီနီက အစ္စရေး ကြမ္မာဆိုးနှင့် ကြိုံစေရမည်ဟု ကျိန်ဆိုကာ လက်တုံ့ပြန်မည် ဟု အတည်ပြုပြီးနောက် ပထမဆုံးအနေဖြင့် အစ္စရေး၏ လေကြောင်းရန် ကာကွယ်ရေးစနစ်ကို သွေးတိုးစမ်းမှုအဖြစ် Shahed ဒရုန်း ၁၀၀ ကျော်ဖြင့် ပြန်လည် တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။ Shahed ဒရုန်းများသည် ယူကရိန်းစစ်ပွဲတွင် ရုရှားတပ်များ အသုံးပြုနေသော ဒရုန်းများဖြစ်သည်။

ကိုကလင်း
Ref: independent
#MeKongNews
#အစ္စရေး
#အီရန်
#ဒရုန်းတိုက်ခိုက်မှု
#နျူကလီးယား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now