Others

ဖမ်းဆီးခံထားရတဲ့ တပ်ဖွဲ့ဝင်တွေ ပြန်လွတ်လာပေမယ့် နွေဦးတော်လှန်ရေးအပေါ် သဘောထားပြောင်းလဲမှာ မဟုတ်ဘူးလို့ TNLA ပြော

မဲခေါင် 2 Aug - 2023
မဲခေါင် ၊ ဩဂုတ် ၂ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA အနေနဲ့ ဖမ်းဆီးခံထားရတဲ့ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးဖို့ စစ်ကောင်စီထံ တောင်းဆိုထားတာမရှိဘူးလို့ TNLA ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး တာပန်လ ကပြောပါတယ်။

မဲခေါင် ၊ ဩဂုတ် ၂

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA အနေနဲ့ ဖမ်းဆီးခံထားရတဲ့ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးဖို့ စစ်ကောင်စီထံ တောင်းဆိုထားတာမရှိဘူးလို့ TNLA ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး တာပန်လ ကပြောပါတယ်။

“ကျွန်တော်တို့အနေနဲ့က တောင်းဆိုထားတာမျိုးတွေ မရှိပါဘူး။ ဒါပေမယ့် ဒီနေ့ထုတ်ပြန်ချက်ထဲမှာတော့ ကျွန်တော်တို့ လူစာရင်းတွေ ပါလာတာမျိုးကို တွေ့ရှိရပါတယ်” လို့ သူကပြောပါတယ်။

ဒါ့အပြင် အခုလို ဖမ်းဆီးခံထားရတဲ့ TNLA တပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီက ပြန်လွတ်ပေးပေမယ့် နွေဦးတော်လှန်ရေး အပေါ် ထားရှိတဲ့ TNLA ရဲ့ သဘောထားက ပြောင်းလဲမှုရှိမှာမဟုတ်ဘူးလို့လည်း ဒု-ဗိုလ်မှူးကြီး တာပန်လ က ပြောပါတယ်။

စစ်ကောင်စီက အခုလိုမျိုး ဖမ်းဆီးခံထားရတဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်တွေကို ပြန်လွတ်ပေးတာတွေဟာ သဘောရိုးနဲ့ မဟုတ်ဘဲ ထွက်ပေါက်ရှာတာဖြစ်နိုင်တယ်လို့လည်း ဒု-ဗိုလ်မှူးကြီးတာပန်လက သုံးသပ်ပါတယ်။

“သူ့ထွက်ပေါက်ရှာတဲ့အနေနဲ့ ပြုလုပ်တာဖြစ်နိုင်တယ်။ သဘောရိုးနဲ့တော့ ဖြစ်ပုံမရပါဘူး” လို့ သူက ပြောပါတယ်။

စစ်ကောင်စီက တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ဝင် ၂၂ ဦးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ ဩဂုတ်လ ၁ ရက်နေ့မှာ ကြေညာခဲ့တာဖြစ်ပြီး အဲ့ဒီ ၂၂ ဦးထဲမှာ MNDAA ကိုးကန့်တပ်ဖွဲ့ဝင် ၂ ဦး ၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်ဖွဲ့ဝင် ၃ ဦး ၊ ရခိုင့်တပ်တော် AA တပ်ဖွဲ့ဝင် ၁ ဦး နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင် ၁၆ ဦး ပါဝင်ပါတယ်။

စစ်ကောင်စီက အခုလို့ လွတ်ငြိမ်းခွင့်ပြုတာဟာ မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ ရင်ဆိုင်ရမယ့် စစ်မျက်နှာကို လျှော့ချချင်တဲ့ သဘောဖြစ်တယ်လို့ ရှမ်းပြည်နယ်အရေး လေ့လာနေသူတစ်ဦးက ပြောပါတယ်။

“အဓိကကတော့ နွေဦးတော်လှန်ရေးအဖွဲ့တွေနဲ့ တပြိုင်နက် တချိန်တည်း ညီနောင်အဖွဲ့တွေကိုပါ စကစ က စစ်ကောင်းကောင်းတိုက်နိုင်တဲ့ အခြေအနေ မဟုတ်တာကြောင့် အဲ့ဒီဘက်ကို စစ်ရပ်ထားချင်တဲ့ လုပ်ရပ်တစ်ခုအနေနဲ့ ဒီလိုလွှတ်ပေးတာလို့ မြင်လို့ရပါတယ်” လို့ သူကပြောပါတယ်။

စစ်ကောင်စီဟာ ဒီကနေ့မှာ ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အနေနဲ့ ဖမ်းဆီးခံရတဲ့သူတွေကို ပြစ်ဒဏ်လွတ်ငြိမ်းပေးတယ်ဆိုပေမယ့် နိုင်ငံရေး အကျဉ်းသားတွေ အနည်းငယ်သာပါဝင်ပါတယ်။

CJ-002

#MeKongNews

#TNLA

#စစ်ကောင်စီ

#ပြစ်ဒဏ်လွတ်ငြိမ်း

#နွေဦးတော်လှန်ရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မဲခေါင်မြစ်ဆိပ်ကမ်းက ကုန်တင်လာတဲ့ တရုတ်ကုန်တင် ယာဉ် ၂ စီး တာချီလိတ်မြို့အထွက် ဟွေရဲဂိတ်ရောက်မှ အဖမ်းခံရ

တာချီလိတ်၊ စက်တင်ဘာ ၂၇ တာချီလိတ်မြို့နယ်အတွင်းရှိ မဲခေါင်မြစ်ဆိပ်ကမ်းမှ တင်သွင်းလာသည့် တရုတ်စားသောက်ကုန်နှင့် အခြားကုန်ပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်ယာဉ် ၂စီးကို တာချီလိတ်မြို့အထွက်
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းမြောက်သတ္တုတွင်း ၃၁ ခုကို စစ်ကောင်စီ၊ TNLA နှင့် MNDAA တို့က အများဆုံး ထိန်းချုပ်ထား

မဲခေါင်၊ စက်တင်ဘာ ၂၃ ရှမ်းပြည်မြောက်ပိုင်းတွင်ရှိသည့် သတ္တုတွင်းလုပ်ကွက် ၃၁ ခုတို့ကို စစ်ကောင်စီ၊ TNLA နှင့် MNDAA တို့က

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ဆေးရေးဂိတ်တွင် ငွေတောင်းသည့် ရဲ ၃ ဦးကို အရေးယူခဲ့ဟု ရှမ်းပြည် လုံ/နယ် ဝန်ကြီး ပြော

မဲခေါင်၊ ဩဂုတ် ၂၂ ပြီးခဲ့သည့် တစ်နှစ်အတွင်း ရှမ်းပြည်အတွင်းရှိ စစ်ဆေးရေးဂိတ်များတွင် ငွေတောင်းစားသည့် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို အရေးယူခဲ့သည်ဟု စစ်ကောင်စီ၏ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောသည်။ ကျိုင်းတုံ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဟွမ်နွဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others ဆောင်းပါး

Beijing’s aggressive response to the Japanese PM’s remarks pushes bilateral relations to a new low

~ Linn Maung ~ Sino-Japanese relations have plunged to a new low after Beijing’s reaction to Japanese Prime Minister Sanae

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းနောင်-ကျေးသီးလမ်းခွဲ စစ်ဆေးရေးဂိတ် လဝကများ ထင်သလိုငွေတောင်းနေ

မဲခေါင်၊ စက်တင်ဘာ ၂၁ ရှမ်းပြည်မြောက်ပိုင်းသို့ သွားသည့် ခရီးသည်ကားများကို မိုင်းနောင်-ကျေးသီးလမ်းခွဲ စစ်ဆေးရေးဂိတ် လဝက ဝန်ထမ်းများက သတ်မှတ်ချက်မရှိပဲ ထင်သလို ငွေတောင်းခံနေကြောင်း ခရီးသွားကားများထံက သိရသည်။ ယင်းတရားမဝင် ငွေကြေးတောင်းခံမှုမှာ ရှမ်းပြည်တောင်ပိုင်းမှ ရှမ်းမြောက်သို့သွားသည့် ခရီးသည်များသာမက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

တရုတ်နိုင်ငံသို့ အငှားမယားအဖြစ် ပို့ဆောင်ရောင်းချသူများကို စစ်ကောင်စီ ထောင်ချ

မဲခေါင်၊ စက်တင်ဘာ ၁၅ မြန်မာနိုင်ငံမှ အမျိုးသမီးငယ်များကို တရုတ်နိုင်ငံသို့ အငှားမယားအဖြစ် ရောင်းစားသည့် ဖြစ်ရပ်ပိုမို များပြားလာကြောင်း စစ်ခေါင်းဆောင်ဝန်ခံပြီးနောက် ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သူ ၉ ဦးကို ထောင်ဒါဏ် ၁၀ နှစ်မှ နှစ်၂၀ အထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

အမေရိကန် First Lady မီလာနီယာက လူသားချင်းစာနာပါဟူသော ငြိမ်းချမ်းရေး စာတစ်စောင် ပူတင်ထံပေးခဲ့

မဲခေါင်၊ ဩဂုတ် ၁၉ ဩဂုတ် ၁၅ ရက်က အလက်စကားသို့ ရုရှားသမ္မတပူတင် ယူကရိန်းအရေးအတွက် ဒေါ်နယ်ထရမ့်နှင့် လာရောက်ဆွေးနွေးစဉ် ဒေါ်နယ်ထရမ့်၏ ဇနီး First Lady မီလာနီယာက ပူတင်အား လူသားချင်းစာနာပါ ဟူသော ငြိမ်းချမ်းရေးစာတစ်စောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

UWSA တပ်ဖွဲ့ဝင် အယောင်ဆောင်ထားသည့် ဓားပြများကို တန့်ယန်းတွင် ဖမ်းမိ

မဲခေါင်၊ သြဂုတ် ၂ UWSA ဝတ်စုံဝတ်ဆင်ကာ တပ်ဖွဲ့ဝင်အယောင်ဆောင်ထားသည့် ခိုးဆိုးလုနှိုက်မှုများ ကျူးလွန်နေသည့် ဓားပြများကို ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်း၌ ဩဂုတ်လ ၂ ရက်တွင် ဖမ်းဆီးရမိကြောင်း ဒေသခံများထံမှ သိရသည်။ မဲခေါင်သတင်းဌာနသို့ ပေးပို့လာသည့် ရုပ်သံတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now