Others

တရုတ်နိုင်ငံသို့ အငှားမယားအဖြစ် ပို့ဆောင်ရောင်းချသူများကို စစ်ကောင်စီ ထောင်ချ

မဲခေါင် 15 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၁၅ မြန်မာနိုင်ငံမှ အမျိုးသမီးငယ်များကို တရုတ်နိုင်ငံသို့ အငှားမယားအဖြစ် ရောင်းစားသည့် ဖြစ်ရပ်ပိုမို များပြားလာကြောင်း စစ်ခေါင်းဆောင်ဝန်ခံပြီးနောက် ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သူ ၉ ဦးကို ထောင်ဒါဏ် ၁၀ နှစ်မှ နှစ်၂၀ အထိ ချမှတ်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ စစ်ကောင်စီထိန်းချုပ်ထားသည့် ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့မှ တဆင့် တရုတ်နိုင်ငံသို့ အငှားမယားအဖြစ် ရောင်းစားနေသည့် ဖြစ်စဉ်များ တိုးပွားလာနေပြီး အများစုမှာ Social Media ကို အသုံးပြု၍ စည်းရုံးခေါ်ဆောင်ခြင်း ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးကို တရုတ်ယောကျ်ားယူလျှင် တရုတ်ငွေ ယွမ် ၁၅၀၀၀ ရရှိမည်ဟု

မဲခေါင်၊ စက်တင်ဘာ ၁၅

မြန်မာနိုင်ငံမှ အမျိုးသမီးငယ်များကို တရုတ်နိုင်ငံသို့ အငှားမယားအဖြစ် ရောင်းစားသည့် ဖြစ်ရပ်ပိုမို များပြားလာကြောင်း စစ်ခေါင်းဆောင်ဝန်ခံပြီးနောက် ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သူ ၉ ဦးကို ထောင်ဒါဏ် ၁၀ နှစ်မှ နှစ်၂၀ အထိ ချမှတ်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

စစ်ကောင်စီထိန်းချုပ်ထားသည့် ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့မှ တဆင့် တရုတ်နိုင်ငံသို့ အငှားမယားအဖြစ် ရောင်းစားနေသည့် ဖြစ်စဉ်များ တိုးပွားလာနေပြီး အများစုမှာ Social Media ကို အသုံးပြု၍ စည်းရုံးခေါ်ဆောင်ခြင်း ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးကို တရုတ်ယောကျ်ားယူလျှင် တရုတ်ငွေ ယွမ် ၁၅၀၀၀ ရရှိမည်ဟု စည်းရုံးပြောဆိုကာ ပို့ဆောင်ရောင်းစားခဲ့ကြသည့် မူဆယ်မြို့နေ သိန်းဇော်လက် (ခ) ဆံရှည်၊ ရွှန်းပြည့်ဟိန်း (ခ) ကိုဟိန်း နှင့် စိုင်းအောင်သိန်းတို့ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒါဏ် နှစ် ၂၀ စီ ချမှတ်ခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်သည်။

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် နေထိုင်သူ အမျိုးသမီးတစ်ဦးကိုလည်း တရုတ်ယောကျ်ားအတွက် အငှားမယားအဖြစ် ၆လမှ တစ်နှစ် နေထိုင်ပေးလျှင် ကျပ်သိန်း ၆၀ ရရှိမည်ဟု tiktok အကောင့်တစ်ခုမှ ချိတ်ဆက်လာပြီး မူဆယ်မြို့သို့ ပို့ဆောင်ခဲ့ကာ ရွှေလီမြို့ရှိ ပွဲစား ဒေါ်ပခမ်းမှ တဆင့် ရောင်းစားခဲ့ကြောင်း၊ တရုတ်ယောကျ်ားနှင့် တစ်လခန့် ပေါင်းသင်းနေထိုင်ရပြီး ငွေကြေးတစ်စုံတရာ မရရှိသဖြင့် ထွက်ပြေးလာခဲ့ရာတွင် မူဆယ်မြို့မှ စိုင်းအောင်သိန်းဆိုသူကို အကူအညီတောင်း၍ မြန်မာပြည်ပြန်ရောက်လာခဲ့ကြောင်း၊ ၎င်းက တရုတ်မှ မြန်မာပြည် ပြန်လာရန် ခေါ်ယူခ ယွမ် ၁၃၀၀၀ ကို တောင်းယူရာ မပေးနိုင်သဖြင့် မကြာခဏ ရိုက်နှက်ခြင်း၊ အဓမ္မပြုကျင့်ခြင်းတို့ကို ပြုလုပ်နေရာ ပါတ်ဝန်းကျင်မှ သိရှိ၍ စစ်ဆေးဖမ်းဆီးမိ၍ စိုင်းအောင်သိန်း၊ သက်သက်ဇော် (ခ) အန်တီ သက်နှင့် သက်သက်အေး (ခ) မသက်တို့ကို အလုပ်နှင့် ထောင်ဒါဏ် ၁၀ နှစ် ကျခံစေရန် ချမှတ်ခဲ့သည် ဟု ဆိုသည်။

ရှမ်းပြည်မြောက်ပိုင်း၊ ကွက်ခိုင်မြို့နေ အမျိုးသမီးငယ်တစ်ဦးကိုလည်း တရုတ်ဇနီးမယားအဖြစ် လုပ်ကိုင်ပါက တရုတ်ငွေ ယွမ် ၁၀၀၀၀ ရမည် ဟု ဆိုကာ ရွှေလီမြို့သို့ ပို့ဆောင်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လာကာ နိုင်ငံကူးလက်မှတ် နှင့် ဗီဇာ ပြုလုပ်နေစဉ် စစ်ဆေးပေါ်ပေါက်၍ ပွဲစားဖြစ်သူ တရားခံ မအေးမြတ်မွန်ကို အလုပ်နှင့် ထောင်ဒါဏ် ၁၀ နှစ် စီ ချမှတ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နေ အမျိုးသမီးတစ်ဦးကိုလည်း တရုတ်မယားအဖြစ်နေလျှင် ကျပ်သိန်း ၄၀၀ ရရှိမည် ဟု ပြောဆိုကာ ဝူဟန်မြို့မှ လာရောက်ခေါ်ဆောင်သည့် ပွဲစားဖြစ်သူ မသင်းသင်းစိုး နှင့် မအိဖြူစိုးတို့ကိုလည်း လူကုန်ကူးမှုတားဆီးရေးဥပဒေအရ အလုပ် နှင့် ထောင်ဒါဏ် ၁၅ နှစ်စီ ချမှတ်ခဲ့သည် ဟု သိရသည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် အလုပ်အကိုင်ရှားပါးပြီး ဝင်ငွေ နည်းပါးလာသည့်အတွက် ပြည်ပနိုင်ငံများသို့ သွားရောက်သူ များပြားလာနေသလို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားသည့် ဖြစ်စဉ်များမှာလည်း ပိုတိုးပွားလာနေသည်။

တရုတ်နယ်စပ် မူဆယ်မြို့တွင် လူကုန်ကူးခံရသည့် ဖြစ်စဉ် အများအပြား ရှိနေသည်မှာ ရှေးယခင်ကတည်းက ဖြစ်ပြီး ဆန္ဒအလျှောက် သွားရောက်သူများနှင့် တရုတ်အငှားမယားအဖြစ် လုပ်ကိုင်နေသူများလည်း ရှိနေ၍ တားဆီးရ ခက်ခဲပြီး အကူအညီတောင်း၍ ပြန်ခေါ်ယူရန်မှာလည်း နေရပ်လိပ်စာ အတိအကျ မသိရ၍ ခေါ်ယူနိုင်ခြင်း မရှိသည့် ဖြစ်စဉ်များလည်း ရှိသည်ဟု မူဆယ်မြို့ရှိ လူကုန်ကူးမှုကူညီပေးနေသူများထံမှ သိရသည်။

ဖေသန်း
#MeKongNews
#ရှမ်းပြည်မြောက်ပိုင်း
#လူကုန်ကူးမှု
#တရုတ်အဌားမယား
#မူဆယ်မြို့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မဲခေါင်မြစ်ဆိပ်ကမ်းက ကုန်တင်လာတဲ့ တရုတ်ကုန်တင် ယာဉ် ၂ စီး တာချီလိတ်မြို့အထွက် ဟွေရဲဂိတ်ရောက်မှ အဖမ်းခံရ

တာချီလိတ်၊ စက်တင်ဘာ ၂၇ တာချီလိတ်မြို့နယ်အတွင်းရှိ မဲခေါင်မြစ်ဆိပ်ကမ်းမှ တင်သွင်းလာသည့် တရုတ်စားသောက်ကုန်နှင့် အခြားကုန်ပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်ယာဉ် ၂စီးကို တာချီလိတ်မြို့အထွက်
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းမြောက်သတ္တုတွင်း ၃၁ ခုကို စစ်ကောင်စီ၊ TNLA နှင့် MNDAA တို့က အများဆုံး ထိန်းချုပ်ထား

မဲခေါင်၊ စက်တင်ဘာ ၂၃ ရှမ်းပြည်မြောက်ပိုင်းတွင်ရှိသည့် သတ္တုတွင်းလုပ်ကွက် ၃၁ ခုတို့ကို စစ်ကောင်စီ၊ TNLA နှင့် MNDAA တို့က

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ဆေးရေးဂိတ်တွင် ငွေတောင်းသည့် ရဲ ၃ ဦးကို အရေးယူခဲ့ဟု ရှမ်းပြည် လုံ/နယ် ဝန်ကြီး ပြော

မဲခေါင်၊ ဩဂုတ် ၂၂ ပြီးခဲ့သည့် တစ်နှစ်အတွင်း ရှမ်းပြည်အတွင်းရှိ စစ်ဆေးရေးဂိတ်များတွင် ငွေတောင်းစားသည့် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို အရေးယူခဲ့သည်ဟု စစ်ကောင်စီ၏ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောသည်။ ကျိုင်းတုံ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဟွမ်နွဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others ဆောင်းပါး

Beijing’s aggressive response to the Japanese PM’s remarks pushes bilateral relations to a new low

~ Linn Maung ~ Sino-Japanese relations have plunged to a new low after Beijing’s reaction to Japanese Prime Minister Sanae

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းနောင်-ကျေးသီးလမ်းခွဲ စစ်ဆေးရေးဂိတ် လဝကများ ထင်သလိုငွေတောင်းနေ

မဲခေါင်၊ စက်တင်ဘာ ၂၁ ရှမ်းပြည်မြောက်ပိုင်းသို့ သွားသည့် ခရီးသည်ကားများကို မိုင်းနောင်-ကျေးသီးလမ်းခွဲ စစ်ဆေးရေးဂိတ် လဝက ဝန်ထမ်းများက သတ်မှတ်ချက်မရှိပဲ ထင်သလို ငွေတောင်းခံနေကြောင်း ခရီးသွားကားများထံက သိရသည်။ ယင်းတရားမဝင် ငွေကြေးတောင်းခံမှုမှာ ရှမ်းပြည်တောင်ပိုင်းမှ ရှမ်းမြောက်သို့သွားသည့် ခရီးသည်များသာမက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

အမေရိကန် First Lady မီလာနီယာက လူသားချင်းစာနာပါဟူသော ငြိမ်းချမ်းရေး စာတစ်စောင် ပူတင်ထံပေးခဲ့

မဲခေါင်၊ ဩဂုတ် ၁၉ ဩဂုတ် ၁၅ ရက်က အလက်စကားသို့ ရုရှားသမ္မတပူတင် ယူကရိန်းအရေးအတွက် ဒေါ်နယ်ထရမ့်နှင့် လာရောက်ဆွေးနွေးစဉ် ဒေါ်နယ်ထရမ့်၏ ဇနီး First Lady မီလာနီယာက ပူတင်အား လူသားချင်းစာနာပါ ဟူသော ငြိမ်းချမ်းရေးစာတစ်စောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

UWSA တပ်ဖွဲ့ဝင် အယောင်ဆောင်ထားသည့် ဓားပြများကို တန့်ယန်းတွင် ဖမ်းမိ

မဲခေါင်၊ သြဂုတ် ၂ UWSA ဝတ်စုံဝတ်ဆင်ကာ တပ်ဖွဲ့ဝင်အယောင်ဆောင်ထားသည့် ခိုးဆိုးလုနှိုက်မှုများ ကျူးလွန်နေသည့် ဓားပြများကို ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်း၌ ဩဂုတ်လ ၂ ရက်တွင် ဖမ်းဆီးရမိကြောင်း ဒေသခံများထံမှ သိရသည်။ မဲခေါင်သတင်းဌာနသို့ ပေးပို့လာသည့် ရုပ်သံတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

သီပေါမြို့နယ်၌ အိမ်အတွင်း ပေါက်ကွဲမှုဖြစ်ပွါးသဖြင့် နှစ်ဦးသေဆုံးကာ ကလေး တစ်ဦး ဒဏ်ရာရ

သီပေါမြို့နယ်၌ အိမ်အတွင်း ပေါက်ကွဲမှုဖြစ်ပွါးသဖြင့် နှစ်ဦးသေဆုံးကာ ကလေး တစ်ဦး ဒဏ်ရာရ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now