မဲခေါင်၊ ဩဂုတ် ၁၉
ဩဂုတ် ၁၅ ရက်က အလက်စကားသို့ ရုရှားသမ္မတပူတင် ယူကရိန်းအရေးအတွက် ဒေါ်နယ်ထရမ့်နှင့် လာရောက်ဆွေးနွေးစဉ် ဒေါ်နယ်ထရမ့်၏ ဇနီး First Lady မီလာနီယာက ပူတင်အား လူသားချင်းစာနာပါ ဟူသော ငြိမ်းချမ်းရေးစာတစ်စောင် ပေးခဲ့သည်။
အမေရိကန်နှင့်ရုရှားကိုယ်စားလှယ်များထုတ်ဖတ်ခဲ့သည့် အဆိုပါ ငြိမ်းချမ်းရေးသဝဏ်လွှာစာကို Fox News Digital မီဒီယာက ရရှိပြီး ပြန်လည် တင်ဆက်ခဲ့ခြင်းဖြစ်သည်။
စာထဲတွင် မီလာနီယာက “ ချစ်ခင်ရပါသော သမ္မပူတင်ရှင့် . . . ကလေးငယ်တိုင်းမှာ တူညီပြီးတိုးတိတ်တဲ့ အိပ်မက်တွေ နှလုံးသား ထဲမှာ ရှိကြတယ်။ ကျေးလက်ဒေသတွေမှာ ကြုံရာကျပန်းမွေးဖွားသူဖြစ်ဖြစ် မြို့ကြီးပြကြီးပေါ် ခမ်းနား ထည်ဝါစွာမွေးဖွားသူဖြစ်ဖြစ် ဘေးအန္တရာယ်ကင်းစွာနဲ့ ကောင်းမွန်တဲ့ အိပ်မက်တွေကို ချစ်ကြတယ်။ မိဘတွေအနေနဲ့ နောက်လာမယ့်အနာဂတ်မျိုးဆက်လေးတွေရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးဖို့ တာဝန်ရှိကြပါတယ်။ နိုင်ငံခေါင်းဆောင်တွေအနေနဲ့ သူတို့နိုင်ငံက ကလေးငယ်တွေ သက်သောင့်သက်သာရှိခြင်းထက်ပိုတဲ့ ရပ်ဝန်းမှာ ရှင်သန်ကြီးပြင်းနိုင်ဖို့အရေး ပိုပြီးတာဝန်ရှိပါတယ်။ ကျွန်မတို့အားလုံး ပိုမိုဂုဏ်သိက္ခာတရားပြည့်၀တဲ့ ကမ္ဘာကြီးကို ခြယ်မှုန်းထုဆစ်ဖို့၊ စိတ်ဝိဉာဉ်တိုင်း ငြိမ်းချမ်းဖို့၊ အနာဂတ်ကိုအပြည့်အ၀ ကာကွယ်ပေးဖို့တာဝန်တွေ ငြင်းမရအောင် ပုခုံးထမ်းကြရမှာပါ။ သားစဉ်မြေးဆက်တိုင်း အစိုးရမူဝါဒတွေကြောင့်၊ ပထဝီဝင်နယ်မြေအခြေခံတွေကြောင့် ဖြူစင်လွန်းတဲ့ အပြစ်ကင်းတဲ့ကလေးငယ်တွေ အမှောင်ထိုးမှာ တိုးတိုးလေးခိုးရယ်နေရတာမျိုး မဖြစ်စေသင့်ဘူးဆို တာကိုလည်း သမ္မတကြီးပူတင်လက် လက်ခံသိရှိထားပြီးဖြစ်မှာပါ။ ကလေးတွေရဲ့ သံစဉ်တေးသား လှပလွန်းတဲ့ ရယ်သံတွေကို ပြန်လည်ဖြစ်ထွန်းစေမယ်လို့ မျှော်လင့်ပါတယ်” ဟု ရေးသားတောင်းဆို ခဲ့ကြောင်း သိရှိရသည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#ထရမ့်
#ပူတင်
#မီလာနီယာ
#ငြိမ်းချမ်းရေး







