Others

အစ္စရေးအပေါ် ဒုံးမိုးရွာမယ်လို့ ဟစ်ဇ်ဘိုလာခေါင်းဆောင်သစ် မြေအောက်ဘန်ကာထဲက ရုပ်သံလွှင့်ပြီး ဒုံးကျည် ၁၀၅ လုံးနဲ့ ပစ်ခတ်

မဲခေါင် 10 Oct - 2024
စစ်ပွဲပြင်းထန်နေတဲ့ လက်ဘနွန်နိုင်ငံထဲက မြေအောက်ဘန်ကာကနေ ရုပ်သံတိုက်ရိုက်ထုတ်လွှင့်ပြီး အစ္စရေးနိုင်ငံထဲ ဒုံးကျည်မိုးရွာမယ်လို့ ခြိမ်းခြောက်ပြီးတာနဲ့ အစ္စရေးဘက်ကို ဒုံးကျည် ၁၀၅ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၁၀

အစ္စရေးဘက်က တိုက်ခိုက်လို့ သေဆုံးသွားတဲ့ ဟစ်ဇ်ဘိုလာခေါင်းဆောင်နေရာမှာ အစားဝင်ဖို့ ပြင်ဆင်နေတဲ့ ၇၁ နှစ်အရွယ် နာအင်ကက်ဆမ်ဟာ အောက်တိုဘာ ၈ ရက်နေ့မှာ စစ်ပွဲပြင်းထန်နေတဲ့ လက်ဘနွန်နိုင်ငံထဲက မြေအောက်ဘန်ကာကနေ ရုပ်သံတိုက်ရိုက်ထုတ်လွှင့်ပြီး အစ္စရေးနိုင်ငံထဲ ဒုံးကျည်မိုးရွာမယ်လို့ ခြိမ်းခြောက်ပြီးတာနဲ့ အစ္စရေးဘက်ကို ဒုံးကျည် ၁၀၅ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

အစ္စရေးမြောက်ပိုင်း မြို့တော် ဟိုင်ဖာမြို့ကို ဟစ်ဇ်ဘိုလာရဲ့ အကြီးမားဆုံးတိုက်ခိုက်မှုအဖြစ် ဒုံးကျည် ၁၀၅ လုံး နဲ့ ပစ်ခတ်မှုမှာ အစ္စရေးရဲ့ အစွမ်းထက်လွန်းတဲ့ Iron Dome လေကြောင်းရန်ကာကွယ်ရေးစနစ်ကလည်း ဖျက်ချနိုင်စွမ်းမြင့်မာစွာ တန်ပြန်နိုင်ခဲ့ပါတယ်။ ဟိုင်ဖာမြို့ဟာ အစ္စရေးရဲ့ လူဦးရေ တတိယအထူထပ်ဆုံးမြို့ဖြစ်ပြီး လူပေါင်း ၂၆၀,၀၀၀ နေထိုင်ရာ ဒေသဖြစ်ပါတယ်။

အစ္စရေး လေကြောင်းရန်ကာကွယ်ရေးစနစ်က ဒုံးကျည်အများစုကို ဖျက်ချနိုင်ခဲ့ပေမယ့် မြို့မြောက်ပိုင်း နေရာတွေမှာ ကျရောက်ပေါက်ကွဲမှုနဲ့ ပျက်စီးထိခိုက်မှုတွေလည်း ရှိခဲ့ကြောင်း၊ အရေးပေါ်လူနာတင်ယာဉ် အသင်းဝင်တစ်ဦး ပြောဆိုချက်အရ ၇၁ နှစ်အရွယ် အဖွားအိုတစ်ယောက် ချွန်ထက်တဲ့ အရာနဲ့ ထိခိုက်မိမှုမျိုး ဖြစ်ပွားခဲ့ပေမယ့် တခြားဆိုးဆိုးရွားရွား ဒဏ်ရာရရှိမှုမျိုး၊ သေဆုံးမှုမျိုး အစ္စရေးမှာ မဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။

ဟိုင်ဖာနဲ့ ကရာယွတ်မြို့တွေကို ပစ်ခတ်မှုအပြီး နောက်ထပ် ဒုံးကျည် အလုံး ၂၀ နဲ့ ထပ်ပစ်ခတ်သေးပေမယ့် Iron Dome ဖျက်ဒုံးတွေကနေ အကုန် ကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်းလည်း သိရှိရပါတယ်။

အစ္စရေးတပ်တွေဟာ လက်ဘနွန်ထဲကို စစ်ကြောင်းထိုးဝင်နေသလို လေကြောင်းတိုက်ခိုက်မှုလည်း ဆက်တိုက် လုပ်ဆောင်နေရာမှာ ဟစ်ဇ်ဘိုလာခေါင်းဆောင် ဒါဇင်ချီကို သုတ်သင်အပြီး အောက်တိုဘာ ၈ ရက်နေ့က အီရန်ဆီကနေ လက်နက်တွေ တင်သွင်းပေးတဲ့ ထောက်ပို့အကြီးအကဲ ဆူဟေးဟက်ဆိန်း ကိုလည်း သုတ်သင်နိုင်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။

အီရန်ကတော့ အစ္စရေးလုပ်ကြံမှုနဲ့ သေဆုံးသွားတဲ့ ဟစ်ဇ်ဘိုလာ ခေါင်းဆောင် နက်စ်ရယ်လာနေရာမှာ နာအင်ကက်ဆမ်ကို အစားထိုးခန့်အပ်ဖို့ စီစဉ်ပေးနေပြီဖြစ်ကြောင်းလည်း သတင်းတွေက ဆိုပါတယ်။

Ref:Thesun
MKF-001

MeKongNews

အစ္စရေး

ဟစ်ဇ်ဘိုလာ

ဒုံးကျည်

ပစ်ခတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မဲခေါင်မြစ်ဆိပ်ကမ်းက ကုန်တင်လာတဲ့ တရုတ်ကုန်တင် ယာဉ် ၂ စီး တာချီလိတ်မြို့အထွက် ဟွေရဲဂိတ်ရောက်မှ အဖမ်းခံရ

တာချီလိတ်၊ စက်တင်ဘာ ၂၇ တာချီလိတ်မြို့နယ်အတွင်းရှိ မဲခေါင်မြစ်ဆိပ်ကမ်းမှ တင်သွင်းလာသည့် တရုတ်စားသောက်ကုန်နှင့် အခြားကုန်ပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်ယာဉ် ၂စီးကို တာချီလိတ်မြို့အထွက် ဟွေရဲဂိတ်တွင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စ.စ.စ)၊ အကောက်ခွန်ဦးစီးဌာနတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က စက်တင်ဘာ ၂၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းမြောက်သတ္တုတွင်း ၃၁ ခုကို စစ်ကောင်စီ၊ TNLA နှင့် MNDAA တို့က အများဆုံး ထိန်းချုပ်ထား

မဲခေါင်၊ စက်တင်ဘာ ၂၃ ရှမ်းပြည်မြောက်ပိုင်းတွင်ရှိသည့် သတ္တုတွင်းလုပ်ကွက် ၃၁ ခုတို့ကို စစ်ကောင်စီ၊ TNLA နှင့် MNDAA တို့က အများဆုံး အပြည့်အဝ ထိန်းချုပ်ထားသည်ဟု ISP-Myanmar က ယခုလအတွင်း ထုတ်ပြန်သည့် အစီရင်ခံစာတွင်ဖော်ပြချက်အရ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ဆေးရေးဂိတ်တွင် ငွေတောင်းသည့် ရဲ ၃ ဦးကို အရေးယူခဲ့ဟု ရှမ်းပြည် လုံ/နယ် ဝန်ကြီး ပြော

မဲခေါင်၊ ဩဂုတ် ၂၂ ပြီးခဲ့သည့် တစ်နှစ်အတွင်း ရှမ်းပြည်အတွင်းရှိ စစ်ဆေးရေးဂိတ်များတွင် ငွေတောင်းစားသည့် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို အရေးယူခဲ့သည်ဟု စစ်ကောင်စီ၏ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောသည်။ ကျိုင်းတုံ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဟွမ်နွဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others ဆောင်းပါး

Beijing’s aggressive response to the Japanese PM’s remarks pushes bilateral relations to a new low

~ Linn Maung ~ Sino-Japanese relations have plunged to a new low after Beijing’s reaction to Japanese Prime Minister Sanae

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းနောင်-ကျေးသီးလမ်းခွဲ စစ်ဆေးရေးဂိတ် လဝကများ ထင်သလိုငွေတောင်းနေ

မဲခေါင်၊ စက်တင်ဘာ ၂၁ ရှမ်းပြည်မြောက်ပိုင်းသို့ သွားသည့် ခရီးသည်ကားများကို မိုင်းနောင်-ကျေးသီးလမ်းခွဲ စစ်ဆေးရေးဂိတ် လဝက ဝန်ထမ်းများက သတ်မှတ်ချက်မရှိပဲ ထင်သလို ငွေတောင်းခံနေကြောင်း ခရီးသွားကားများထံက သိရသည်။ ယင်းတရားမဝင် ငွေကြေးတောင်းခံမှုမှာ ရှမ်းပြည်တောင်ပိုင်းမှ ရှမ်းမြောက်သို့သွားသည့် ခရီးသည်များသာမက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

တရုတ်နိုင်ငံသို့ အငှားမယားအဖြစ် ပို့ဆောင်ရောင်းချသူများကို စစ်ကောင်စီ ထောင်ချ

မဲခေါင်၊ စက်တင်ဘာ ၁၅ မြန်မာနိုင်ငံမှ အမျိုးသမီးငယ်များကို တရုတ်နိုင်ငံသို့ အငှားမယားအဖြစ် ရောင်းစားသည့် ဖြစ်ရပ်ပိုမို များပြားလာကြောင်း စစ်ခေါင်းဆောင်ဝန်ခံပြီးနောက် ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သူ ၉ ဦးကို ထောင်ဒါဏ် ၁၀ နှစ်မှ နှစ်၂၀ အထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now