Others

ကျောက်မဲမှာ အခြေခံစားသောက်ကုန်ပစ္စည်း ရောင်းချသူတွေ ရှားပါးနေပြီး အဆမတန် ဈေးတက်နေ

မဲခေါင် 3 Jul - 2024
မဲခေါင်၊ ဇွန် ၃ ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းစတင်တဲ့ ဇူလိုင်လ ၂၅ ရက်နေ့ကစပြီး အခြေခံစားသောက်ကုန်ပစ္စည်း ရောင်းချသူတွေ ရှားပါးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လတ်တလောမှာ စားသောက်ကုန် ရောင်းချသူ ရှားပါးနေတဲ့အပြင် ရှိတဲ့ဆိုင်တွေကလည်း မတန်တဆဈေးတင်ရောင်းချနေပြီး အလှူရှင်လည်း နည်းပါးနေတာကြောင့် စစ်ဘေးရှောင် ၁၂၀၀၀ ကျော်အတွက် အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။ “ပိုက်ဆံလှူတဲ့သူတွေက ပိုများနေတာပေါ့နော်။ စားစရာတွေ၊ စောင်တွေ လှူပေးတာက ပိုအဆင်ပြေတယ်။ ပိုက်ဆံလှူတဲ့အခါကျတော့ ဒီမှာသူတို့က ဝယ်စားရတာ အခက်အခဲဖြစ်တယ်။ ဒီမှာရောင်းတဲ့သူတွေကလည်း ရှောင်ကုန်ပြီလေ” လို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောပါတယ်။ ကျောက်မဲမြို့နယ်မှာ ဆန်ကြမ်း တစ်အိတ် ၃

မဲခေါင်၊ ဇွန် ၃

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းစတင်တဲ့ ဇူလိုင်လ ၂၅ ရက်နေ့ကစပြီး အခြေခံစားသောက်ကုန်ပစ္စည်း ရောင်းချသူတွေ ရှားပါးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လတ်တလောမှာ စားသောက်ကုန် ရောင်းချသူ ရှားပါးနေတဲ့အပြင် ရှိတဲ့ဆိုင်တွေကလည်း မတန်တဆဈေးတင်ရောင်းချနေပြီး အလှူရှင်လည်း နည်းပါးနေတာကြောင့် စစ်ဘေးရှောင် ၁၂၀၀၀ ကျော်အတွက် အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။

“ပိုက်ဆံလှူတဲ့သူတွေက ပိုများနေတာပေါ့နော်။ စားစရာတွေ၊ စောင်တွေ လှူပေးတာက ပိုအဆင်ပြေတယ်။ ပိုက်ဆံလှူတဲ့အခါကျတော့ ဒီမှာသူတို့က ဝယ်စားရတာ အခက်အခဲဖြစ်တယ်။ ဒီမှာရောင်းတဲ့သူတွေကလည်း ရှောင်ကုန်ပြီလေ” လို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောပါတယ်။

ကျောက်မဲမြို့နယ်မှာ ဆန်ကြမ်း တစ်အိတ် ၃ သိန်းဝန်းကျင်၊ စားအုန်းဆီ တစ်ပိဿာ ၃ သောင်းကျပ်ဝန်းကျင်၊ ကြက်ဥ တစ်လုံး တစ်ထောင်ကျပ်နီးပါး ရှိနေပြီး ရောင်းချသူ အရေအတွက်က စစ်ဘေးရှောင် အရေအတွက်ရဲ့ ၁၀ ပုံတစ်ပုံခန့်သာ ရှိတယ်လို့ သိရပါတယ်။

မြို့နယ်တစ်ခုလုံး လျှပ်စစ်မီး ပြတ်တောက်နေတာကြောင့် စပါးသိုလှောင်ထားသူတွေလည်း ကြိတ်လို့ မရတဲ့အပြင် အသားငါးရောင်းချသူလည်း မရှိသလောက် နည်းပါးနေပြီး ဟင်းသီးဟင်းရွက် ရောင်းချသူတွေက မရှိတော့ဘူးလို့ ဆိုပါတယ်။

“အခုက ပိုက်ဆံရှိတာတောင် စားချင်တိုင်း စားလို့မရတဲ့ဘဝ။ အသားငါးဆို ၂ ရက်လောက် စောင့်ရတယ်။ ခေါက်ဆွဲခြောက်တောင် ဝယ်ဖို့ တအားခက်တယ်။ အလှူရှင်တွေ ရှိရင်တော့ ပေါ့ပေါ့ပါးပါး ဆူလွယ်နပ်လွယ်တာမျိုးတွေ ထောက်ပံ့စေချင်တယ်” လို့ နားပြိန်းဘုန်းကြီးကျောင်းမှာ ခိုလှုံနေသူ တစ်ဦးက ပြောပါတယ်။

ကျောက်မဲမြို့နယ်က နားပြိန်း၊ ပုံဝိုး၊ ချောင်းချောက်၊ နားထွန်၊ နောင်ပိန်၊ ခဲမွန်၊ ခိုအုံ၊ ခိုမုန်း၊ နောင်ပိန်လေး စတဲ့ ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင် ၁၂,၀၀၀ ကျော် ခေတ္တခိုလှုံနေကြပြီး ဘုန်းကြီးကျောင်းတွေအတွက်လည်း လူဦး‌ရေအဆမတန် များနေတဲ့အတွက် ရေရှည်မှာ ကြပ်တည်းလာနိုင်တယ်လို့ အလှူရှင်တချို့ဆီက သိရပါတယ်။

ကျောက်မဲမြို့နယ်ကို စစ်ကောင်စီက နေ့စဉ်နဲ့အမျှ လက်နက်ကြီးနဲ့ လေကြောင်း ပစ်ခတ်နေပြီး ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ၈ ရက်တာအတွင်း အရပ်သား ၃၀ ကျော် သေဆုံးခဲ့ပြီလို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

MK-014

ရှမ်းမြောက်

ကျောက်မဲ

အခြေခံစားသောက်ကုန်ပစ္စည်း

ဈေးတက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မဲခေါင်မြစ်ဆိပ်ကမ်းက ကုန်တင်လာတဲ့ တရုတ်ကုန်တင် ယာဉ် ၂ စီး တာချီလိတ်မြို့အထွက် ဟွေရဲဂိတ်ရောက်မှ အဖမ်းခံရ

တာချီလိတ်၊ စက်တင်ဘာ ၂၇ တာချီလိတ်မြို့နယ်အတွင်းရှိ မဲခေါင်မြစ်ဆိပ်ကမ်းမှ တင်သွင်းလာသည့် တရုတ်စားသောက်ကုန်နှင့် အခြားကုန်ပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်ယာဉ် ၂စီးကို တာချီလိတ်မြို့အထွက်
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းမြောက်သတ္တုတွင်း ၃၁ ခုကို စစ်ကောင်စီ၊ TNLA နှင့် MNDAA တို့က အများဆုံး ထိန်းချုပ်ထား

မဲခေါင်၊ စက်တင်ဘာ ၂၃ ရှမ်းပြည်မြောက်ပိုင်းတွင်ရှိသည့် သတ္တုတွင်းလုပ်ကွက် ၃၁ ခုတို့ကို စစ်ကောင်စီ၊ TNLA နှင့် MNDAA တို့က

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ဆေးရေးဂိတ်တွင် ငွေတောင်းသည့် ရဲ ၃ ဦးကို အရေးယူခဲ့ဟု ရှမ်းပြည် လုံ/နယ် ဝန်ကြီး ပြော

မဲခေါင်၊ ဩဂုတ် ၂၂ ပြီးခဲ့သည့် တစ်နှစ်အတွင်း ရှမ်းပြည်အတွင်းရှိ စစ်ဆေးရေးဂိတ်များတွင် ငွေတောင်းစားသည့် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို အရေးယူခဲ့သည်ဟု စစ်ကောင်စီ၏ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောသည်။ ကျိုင်းတုံ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဟွမ်နွဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others ဆောင်းပါး

Beijing’s aggressive response to the Japanese PM’s remarks pushes bilateral relations to a new low

~ Linn Maung ~ Sino-Japanese relations have plunged to a new low after Beijing’s reaction to Japanese Prime Minister Sanae

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းနောင်-ကျေးသီးလမ်းခွဲ စစ်ဆေးရေးဂိတ် လဝကများ ထင်သလိုငွေတောင်းနေ

မဲခေါင်၊ စက်တင်ဘာ ၂၁ ရှမ်းပြည်မြောက်ပိုင်းသို့ သွားသည့် ခရီးသည်ကားများကို မိုင်းနောင်-ကျေးသီးလမ်းခွဲ စစ်ဆေးရေးဂိတ် လဝက ဝန်ထမ်းများက သတ်မှတ်ချက်မရှိပဲ ထင်သလို ငွေတောင်းခံနေကြောင်း ခရီးသွားကားများထံက သိရသည်။ ယင်းတရားမဝင် ငွေကြေးတောင်းခံမှုမှာ ရှမ်းပြည်တောင်ပိုင်းမှ ရှမ်းမြောက်သို့သွားသည့် ခရီးသည်များသာမက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

တရုတ်နိုင်ငံသို့ အငှားမယားအဖြစ် ပို့ဆောင်ရောင်းချသူများကို စစ်ကောင်စီ ထောင်ချ

မဲခေါင်၊ စက်တင်ဘာ ၁၅ မြန်မာနိုင်ငံမှ အမျိုးသမီးငယ်များကို တရုတ်နိုင်ငံသို့ အငှားမယားအဖြစ် ရောင်းစားသည့် ဖြစ်ရပ်ပိုမို များပြားလာကြောင်း စစ်ခေါင်းဆောင်ဝန်ခံပြီးနောက် ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သူ ၉ ဦးကို ထောင်ဒါဏ် ၁၀ နှစ်မှ နှစ်၂၀ အထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

အမေရိကန် First Lady မီလာနီယာက လူသားချင်းစာနာပါဟူသော ငြိမ်းချမ်းရေး စာတစ်စောင် ပူတင်ထံပေးခဲ့

မဲခေါင်၊ ဩဂုတ် ၁၉ ဩဂုတ် ၁၅ ရက်က အလက်စကားသို့ ရုရှားသမ္မတပူတင် ယူကရိန်းအရေးအတွက် ဒေါ်နယ်ထရမ့်နှင့် လာရောက်ဆွေးနွေးစဉ် ဒေါ်နယ်ထရမ့်၏ ဇနီး First Lady မီလာနီယာက ပူတင်အား လူသားချင်းစာနာပါ ဟူသော ငြိမ်းချမ်းရေးစာတစ်စောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

UWSA တပ်ဖွဲ့ဝင် အယောင်ဆောင်ထားသည့် ဓားပြများကို တန့်ယန်းတွင် ဖမ်းမိ

မဲခေါင်၊ သြဂုတ် ၂ UWSA ဝတ်စုံဝတ်ဆင်ကာ တပ်ဖွဲ့ဝင်အယောင်ဆောင်ထားသည့် ခိုးဆိုးလုနှိုက်မှုများ ကျူးလွန်နေသည့် ဓားပြများကို ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်း၌ ဩဂုတ်လ ၂ ရက်တွင် ဖမ်းဆီးရမိကြောင်း ဒေသခံများထံမှ သိရသည်။ မဲခေါင်သတင်းဌာနသို့ ပေးပို့လာသည့် ရုပ်သံတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now