အင်တာဗျူး

“အမေ့ကို လွှတ်ပေးပါ”

မဲခေါင် 23 Jun - 2023
မဲခေါင်၊ ဇွန် ၂၃ ဇွန် ၁၉ ရက်နေ့မှာ ၇၈ နှစ်မြောက် မွေးနေ့ပွဲကို ထောင်ထဲမှာ ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ သားဖြစ်သူ မစ္စတာအဲရစ် (ခေါ်) ကိုထိန်လင်း က BBC နဲ့ အင်တာဗျူးမှာ တိုက်တွန်း ပြောကြားသွားပါတယ်

‘အမေ မကြိုက်လို့ ဝင်မပါ၊ ဝင်မပြောခဲ့တဲ့ သားငယ် အဲရစ်ရဲ့ ပထမဆုံး BBC အင်တာဗျူး’

မဲခေါင်၊ ဇွန် ၂၃

ဇွန် ၁၉ ရက်နေ့မှာ ၇၈ နှစ်မြောက် မွေးနေ့ပွဲကို ထောင်ထဲမှာ ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ သားဖြစ်သူ မစ္စတာအဲရစ် (ခေါ်) ကိုထိန်လင်း က BBC နဲ့ အင်တာဗျူးမှာ တိုက်တွန်း ပြောကြားသွားပါတယ်။

၁၉၈၉ ခုနှစ်ကနေ ၂၀၀၀ ပြည့်နှစ်အထိ ၁၅ နှစ်နီးပါး နေအိမ် အကျယ်ချုပ်နဲ့ ချုပ်နှောင်ခံခဲ့ရတဲ့ မိခင်ကို ၂၀၂၁ ခုနှစ်မှာ စစ်ကောင်စီက အာဏာသိမ်းရင်း နောက်ထပ် ထောင်ဒဏ် ၃၃ နှစ်ချမှတ်ပြီး အကျဉ်းထောင် ပို့ထားရာ မိခင်နဲ့ မြန်မာ့နိုင်ငံရေး အကြောင်း ပြောခဲလှတဲ့ အငယ်ဆုံးသား အဲရစ်ဟာ လန်ဒန်မှာ BBC နဲ့ အင်တာဗျူးလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။

သားငယ် အဲရစ် တစ်ယောက် မိခင်ကြီး ထောင်ထဲ ကျန်းမာပါစ။ အခြေအနေ ဘယ်လိုရှိနေသလဲ၊ စိုးရိမ် ပူပန်စိတ်နဲ့ ဗြိတိန်က မြန်မာသံရုံး၊ နိုင်ငံခြားရေးဝန်ကြီးရုံး၊ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့တွေထံ အကူအညီ ပတ်တောင်းခံခဲ့ ပေမယ့် ဘယ်သူကမှ မကူညီပေးနိုင်ခဲ့ကြဘူး။

“အခု မတိုင်ခင် ကျွန်တော် မီဒီယာတွေနဲ့ စကား မပြောချင်ခဲ့ဘူး။ သိပ်ပြီးလည်း ပါဝင်ပတ်သက်ခြင်း မရှိခဲ့ဘူး” လို့ အဲရစ်က ဆိုတယ်။ အခု ဘီဘီစီနဲ့ အင်တာဗျူးခြင်းဟာ နိုင်ငံတကာ မီဒီယာမှာ ပထမဆုံး အင်တာဗျူးခြင်း ဖြစ်ပါတယ်။ အရင် မိခင် ၁၅ နှစ်လုံးလုံး နေအိမ်အကျယ်ချုပ် ချခံထားရချိန်တုန်းကလည်း မိခင်အကြောင်းကို အဲရစ် တစ်လုံးတစ်ပါဒမှ မဖွင့်ဟခဲ့ဘူး။

“နိုင်ငံရေး လောက အပြင်ဘက်ထွက်နေတာ ပိုကောင်းတယ်။ အမေက ဘယ်တုန်းကမှ ဒီလောကထဲ ကျွန်တော့်ကို ဝင်မပါစေချင်ခဲ့ဘူး။ အခုတော့ အမေ့ကို သူတို့က ပြစ်ဒဏ်တွေ နှစ်ရှည်ချလိုက်ကြပြီ။ မြန်မာ စစ်တပ်မှာ ဘာကြောင်းကျိုး ဆီလျှော်မှုမျိုးမှ ရှိမနေဘူး။ ဒါကြောင့် ကျွန်တော် ပြောချင်တာကို ပြောနိုင်ပြီလို့ ထင်တယ်” လို့ အဲရစ်က သူ့ပထမဆုံး ရင်ဖွင့်သံကို စတင်လိုက်ပါတယ်။

နိုဗယ်ငြိမ်းချမ်းရေးဆုရှင်၊ ကမ္ဘာ့ခေါင်းဆောင်တွေထဲက ဒီမိုကရေစီ အိုင်ကွန်ကြီး တစ်ယောက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ပထမ တစ်ကြိမ် နေအိမ် အကျယ်ချုပ်က လွတ်လာတဲ့ ၂၀၁၀ မှာ မြန်မာ တစ်နိုင်ငံလုံး သာမက တစ်ကမ္ဘာလုံး ပျော်ရွှင်စွာ အောင်ပွဲခံခဲ့ကြတယ်။

နောက်ပိုင်းတော့ မြန်မာစစ်တပ် ရက်စက်ထားတဲ့ ရိုဟင်ဂျာ အရေးကို မြန်မာနိုင်ငံ အတွက် ICJ မှာ သွားရောက်ကာကွယ် ဖြေရှင်းရာက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လောကမှာ ဝေဖန်ခံရမှုတွေ ရှိလာခဲ့ရတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်တဲ့ BBC ရဲ့ မေးခွန်းတွေ ကိုတော့ အဲရစ် က ဖြေကြားခြင်း မပြုခဲ့ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာသိမ်းခံရတော့ ပထမတစ်နှစ်ကို နေပြည်တော် အရင်နေအိမ်မှာ အကျယ်ချုပ်နဲ့ ဖမ်းဆီးခံထားရပြီး နောက်တစ်နှစ်မှာတော့ နေပြည်တော် ထောင်ထဲကို ပို့ဆောင်ခံလိုက်ရတယ်။

ထောင်ထဲမှာ ကျန်းမာရေး မကောင်းဘဲ ဖျားနာမှု ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့သေးပေမယ့် စစ်ကောင်စီက ကျန်းမာ ပကတိရှိကြောင်း ဖြေရှင်းပြောကြားထားတယ်။

အခု မြန်မာနိုင်ငံဟာ အာဏာသိမ်းမှုကို လက်မခံနိုင်လို့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်မှုတွေ လုပ်နေကြပြီ။ ဒါကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုတွေ၊ အစုလိုက် သေကြေစေနိုင်တဲ့ လက်နက်တွေသုံးပြီး အမြစ်ဖြတ်ဖို့ ရက်စက်စွာ လုပ်ဆောင်နေတုန်းပဲ။

ပိတ်ဆို့အရေးယူမှုတွေကို နိုင်ငံပေါင်းများစွာက အဆင့်ဆင့်မြှင့်တင် လုပ်ဆောင်နေကြပေမယ့် စစ်ကောင်စီထံ လက်နက်ခဲယမ်းနဲ့ စစ်သုံးပစ္စည်းထုတ် ကုန်ကြမ်းတွေ ရောင်းချတဲ့ နိုင်ငံတွေလည်း မနည်းမနော ရှိနေဆဲပါ။

“နိုင်ငံတကာ အသိုင်းအဝိုင်းက အခုကစလို့ အမေ့ကို သူတို့လွှတ်ပေးရေး ပိုမိုပြင်းထန်စွာ စတင်စည်းရုံးပေးကြ ပါ။ ခက်ခဲဆုံး အချိန်တွေ၊ အခြေအနေတွေကို ဖြတ်ကျော်နေရတဲ့ မြန်မာပြည်သူတွေ အတွက် သင့်လျှော်တဲ့ အကူအညီတွေ ပေးကြပါ။ တစ်ခုခုတော့ လုပ်ပေးကြပါ။ မြန်မာစစ်တပ်ကို ပေးနေတဲ့ လက်နက်တွေ စီးဆင်းမှု ရပ်သွားဖို့နဲ့ တော်လှန် လူငယ်တွေဆီ လက်နက်တွေ ရောက်ရှိဖို့ကအစ အခု စတင်လုပ်ဆောင်ပေးသင့်ပါပြီ” လို့ မပြောစဖူး တော်လှန်ရေး ထောက်ခံစကားကိုပါ အဲရစ်က ဆိုပါတယ်။

အဲရစ်နဲ့ သူ့အစ်ကိုဟာ ၁၉၈၈ ခုနှစ် အရေးအခင်း ကာလ ကတည်းက မိခင်နဲ့ ခွဲနေခဲ့ကြရသူတွေပါ။ ဒေါ်အောင်ဆန်းစုကြည် ဟာ ၁၉၈၉ ခုနှစ်မှာ ဖမ်းခံရတယ်။ NLD ပါတီကို ပူးတွဲထူထောင်ခဲ့ပြီး ဒီမိုကရေစီ လှုပ်ရှားမှုတွေ လုပ်ခဲ့ရာက ဘဝကို မြန်မာနိုင်ငံအတွက် တစ်သက်စာ ပေးအပ်လှူဒါန်း လိုက်ရတယ်။

၁၉၉၁ မှာ မြန်မာစစ်တပ်က သူ့ကို မြန်မာနိုင်ငံက ထွက်သွားဖို့ ခွင့်ပြုပေမယ့် ပြန်ဝင်လာခွင့် မရမှာ စိုးရိမ်လို့ မသွားခဲ့ဘူး။ အဲ့အချိန်တုန်းက အဲရစ် အသက်က ၁၄ နှစ်သားပဲ ရှိသေးတယ်။ မိခင်ရဲ့ ငြိမ်းချမ်းစွာ ဒီမိုကရေစီ တောင်းဆိုရေး လမ်းစဉ်ကြောင့် ရရှိတဲ့ နိုဗယ်ငြိမ်းချမ်းရေးဆုကို အဲရစ်ကပဲ ကိုယ်စား တက်ယူပေးခဲ့ရတယ်။ ၁၉၉၉ ခုနှစ်မှာ ခင်ပွန်းသည် ကင်ဆာရောဂါနဲ့ ဆုံးပါးတော့ ဒေါ်အောင်ဆန်းစုကြည် ဟာ ခင်ပွန်း ဈာပန ကိုတောင် ပြန်မသွားခဲ့ရရှာဘူး။

၂၀၁၀ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မြောက်လာတော့ အဲရစ် တစ်ယောက် မိခင်ရင်ခွင်ဆီ ခိုလှုံ ထွေးပွေ့ဖို့ မြန်မာနိုင်ငံကို ရောက်လာပါတယ်။ ရန်ကုန်မြို့ ဈေးတစ်ခုကနေ အမေ့အတွက် အဖော်မွန် လက်ဆောင်အဖြစ် ခွေးလေး တစ်ကောင် သွားဝယ်တယ်။

“လှောင်အိမ်ထဲရှိတဲ့ ခွေးလေးတွေထဲမှာ သူတစ်ကောင်ပဲ နိုးနေတာ။ ဒါကြောင့် ဒီခွေးလေးက ကျွန်တော်နဲ့ အမေ့အိမ်ကို ပါလာဖို့ Jဖစ်လာတာပဲ။ အဲဒီအချိန် ကတည်းက သူ(တိုက်ချီဒို) လေးဟာ အမေ့အတွက် အရမ်းသစ္စာရှိတဲ့ အဖော်အဖြစ် အတူရှိကြောင်း သက်သေပြခဲ့တယ်” လို့ အဲရစ်က ပြန်ပြောင်း ပြောပြပါတယ်။

ပြီးခဲ့တဲ့ လအတော်ကြာက တိုက်ချီဒိုလေး ကျန်းမာရေး မကောင်းလို့ သေလုဆဲ ဖြစ်နေပြီဆိုတဲ့ ကောလာဟလ သတင်းတွေ တက်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ခုထိ တိုက်ချီဒို အသက်ရှင်နေဆဲပါ။

မိခင်ကြီးနဲ့လည်း ပြန်လည် ဆုံးတွေ့ခွင့်ရဖို့ သားငယ် အဲရစ် ရင်ထဲမှာလည်း ယုံကြည်မှုတွေ အပြည့် ရှိနေပါသေးတယ်။

“ဒီစစ်ပွဲမှာ မြန်မာစစ်တပ် ဘယ်တော့မှ အနိုင်ရမှာ မဟုတ်ဘူး။ ဘယ်လောက်ကြာမလဲ ဆိုတာပဲရှိမယ်။ သူတို့ ကျွန်တော့် အမေနဲ့ ဒီမိုကရေစီ အစိုးရထံ အမြန်ဆုံး အာဏာ ပြန်လွှဲပေးလေ မြန်မာနိုင်ငံ တိုးတက်မှု ဖြစ်စဉ်တွေ ပြန်စဖို့က ပိုမြန်လေးပါပဲ” လို့ ကိုထိန်လင်း ခေါ် အဲရစ်က ဖြေခဲလှတဲ့ အင်တာဗျူး နိဂုံးချုပ်အဖြစ် ဖွင့်ဟသွားပါတော့တယ်။

MKF-001

#ဒေါ်အောင်ဆန်းစုကြည်

#ကိုထိန်လင်း(ခေါ်)အဲရစ်

#တိုက်ချီဒို

https://www.bbc.com/news/world-asia-65960939

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

အင်တာဗျူး

PRCF ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် စိုင်းကျော်ညွန့်နှင့် မေးမြန်းခြင်း

ဖက်ဒရယ်ဖော်ဆောင်ရေးပြည်သူ့ကိုယ်စားလှယ်များကော်မတီ - People's Representatives Committee for Federal - PRCF က ပြည်ထောင်စုနေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ
အင်တာဗျူး

မျက်နှာချင်းဆိုင် တွေ့ဆုံနိုင်ရင် သတင်းတွေ ဖလှယ်နိုင်မယ်။ နားလည်မှု ရှိလာနိုင်မယ်။ တင်းမာနေတဲ့ စစ်ရေးပဋိပက္ခတွေကို ဖြေလျော့နိုင်မယ်

MK- လက်ရှိ ထုတ်ပြန်ချက်ကို ထုတ်လိုက်တာဟာ အဓိကက ဘာကြောင့်ဖြစ်မလဲ။RCSS- ထုတ်ပြန်ကမ်းလှမ်းတာက အခုမှ မဟုတ်ဘူး။ အရင်တုန်းကလည်း ထုတ်ပြန်ကမ်းလှမ်းတာ အကြိမ်ကြိမ်ရှိခဲ့တယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အင်တာဗျူး

ဘဏ်အကောင့်များ အပိတ်ခံရခြင်းနှင့် ပတ်သက်ပြီး ဘဏ်လုပ်ငန်းရေးရာ‌ကျွမ်းကျင်သူ ဗဟိုဘဏ်အငြိမ်းစားတစ်ဦးနှင့် ဆက်သွယ်မေးမြန်းခြင်း

မေး။ ။ ဒီကာလမှာ ဘာကြောင့်ဘဏ်အကောင့်တွေ အပိတ်ခံရတာလဲ။ ဒါကိုအရင်ရှင်းပြပေးပါဦး။ ဖြေ။ ။ ပထမဆုံးပြောချင်တာက စစ်ကောင်စီဟာ သူတို့ကို တော်လှန်တဲ့သူတွေကို နည်းမျိုးစုံနဲ့ ဖိနှိပ်ပါတယ်။ အဲဒီထဲမှာ ဘဏ်အကောင့်တွေပိတ်သိမ်းတာလည်းပါပါတယ်။ ဒါဟာ စစ်တပ်ရဲ့ ဖိနှိပ်နည်းတစ်ခုဖြစ်ပါတယ်။ စစ်ကောင်စီကို တော်လှန်တဲ့လူတွေနဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အင်တာဗျူး

ပြည်သူ့ရှေ့ဆောင်ပါတီ – PPP နှင့် တွေ့ဆုံခြင်း အပိုင်း(၁)

လူငယ်တတ်သိပညာရှင်တွေ၊ အတွေ့အကြုံရှိစီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ – People Pioneer Party – PPP ရဲ့ ၂၀၂၀ ရွေးကောက်ပွဲ အတွက် ပြင်ဆင်မှုတွေ၊ ပါတီမူဝါဒတွေနဲ့ ပတ်သက်ပြီး ပါတီဥက္ကဌ ဒေါက်တာသက်သက်ခိုင်နှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အင်တာဗျူး

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ အခမဲ့ခွဲစိတ်မှု အင်တာဗျူး

“ လောကပြုံးပန်းလေးများ ဝေနိုင်ဖို့ ၊ အမြန်စာရင်းပေးကြပါစို့” အစီအစဉ်ဖြင့်NewLook, NewLife Foundation, Smile Train Myanmar နှင့် မြသဟာဆေးရုံကြီးမှပူးပေါင်း၍ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ နှုတ်ခမ်းကွဲ ၊ အာခေါင်ကွဲ ကလေးများအား ဒုတိယအကြိမ် ကုသိုလ်ဖြစ်အခမဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အင်တာဗျူး

ပြည်သူ့ရှေ့ဆောင်ပါတီ – PPP နှင့် တွေ့ဆုံခြင်း အပိုင်း(၂)

အပိုင်း(၂)မှာ – PPPအနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲ – PPP ရဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး မူဝါဒက ဘယ်လိုများလဲ – ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲ စတာတွေကို ကြည့်ရှူ့နားဆင်ရမှာပဲ ဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now