အင်တာဗျူး

PRCF ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် စိုင်းကျော်ညွန့်နှင့် မေးမြန်းခြင်း

မဲခေါင် 13 Feb - 2024
ဖက်ဒရယ်ဖော်ဆောင်ရေးပြည်သူ့ကိုယ်စားလှယ်များကော်မတီ - People's Representatives Committee for Federal - PRCF က ပြည်ထောင်စုနေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်မှာ ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံမူကြမ်းကို ထုတ်ပြန်လိုက်ပါတယ်။

“စစ်ကောင်စီလိုမျိုးဆိုရင် ကျနော်တို့မြင်တာက ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်းမှာ သူတို့ဘက်က ကျနော်တို့နဲ့ မတူဘူးဆိုတဲ့ သဘောထားရှိတယ်ပေါ့ဗျာ၊ ဆန့်ကျင်ဘက်အဖွဲ့အစည်းလို့ ပြောလို့ရတယ်”

ဖက်ဒရယ်ဖော်ဆောင်ရေးပြည်သူ့ကိုယ်စားလှယ်များကော်မတီ – People’s Representatives Committee for Federal – PRCF က ပြည်ထောင်စုနေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်မှာ ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံမူကြမ်းကို ထုတ်ပြန်လိုက်ပါတယ်။ PRCF ဆိုတာဘာလဲ။ ဘယ်မူဝါဒတွေနဲ့ ဘာတွေလုပ်နေလဲဆိုတာကို PRCF ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် စိုင်းကျော်ညွန့်နဲ့ မေးမြန်းတင်ဆက်ထားပါတယ်။

MeKong – PRCF ကို ဘယ်လိုစတင်ဖွဲ့စည်းဖြစ်ခဲ့တာပါလဲ။
PRCF – PRCF ကို ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း၊ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဖွဲ့စည်းခဲ့တာဖြစ်တယ်။ PRCF က အဓိကအားဖြင့် UNA စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်က အဖွဲ့ဝင်တွေ အများစု ပါဝင်တယ်၊ နောက် UNA မိတ်ဖွဲ့ အဖွဲ့အစည်းတွေလည်း ပါဝင်ပါတယ်။

MeKong – PRCF ထဲမှာဆိုရင် တိုင်းရင်းသားပါတီတွေကို တွေ့ရတယ်။ မပါသေးတဲ့ တိုင်းရင်းသားပါတီတွေလည်း ပါတယ်။ PRCF က ဘယ်လိုမူဝါဒတွေနဲ့ အဖွဲ့ဝင်တွေကို လက်ခံလဲ။ ဘယ်လို မူဝါဒတွေနဲ့ စည်းရုံးခဲ့လဲဆိုတာ သိပါရစေ။
PRCF – အခြေခံမူချပြီးတော့ ကျနော်တို့ UNA မှာကတည်းက အခြေခံမူကအစ အကုန်လုံးက တူပြီးသားလေ။ နောက်ပြီးတော့ UNA ရဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဆိုတော့ လမ်းကြောင်းတူပြီးသားဖြစ်ပါတယ်။ ပြီးတော့ အခုနောက်ပိုင်းမှာ PRCF အဖြစ် ဖွဲ့စည်းပြီးတဲ့အချိန်ကျတော့ သတ်သတ်မှတ်မှတ် ဆွေးနွေးပြီးတော့ PRCF မှာ ရှိပါတယ်၊ အခြေခံမူတွေ၊ ရပ်တည်ချက်တွေ၊ နောက်ပြီး ရည်ရွယ်ချက်ပေါ့ဗျာ။ နောက် မစ်ရှင်တွေပေါ့၊ တိုင်းပြည်ဘယ်လိုတည်ဆောက်ချင်တယ်ကအစ ကျနော်တို့ ဒေါက်လျှောက် ဆွေးနွေးရင်းနဲ့ သဘောတူထားတဲ့ ဘုံသဘောတူချက်တွေ ရှိပါတယ်ဗျ။

MeKong – အဲဒီထဲမှာ တချို့အချက်တွေပေါ့ ဥပမာ စစ်အာဏာရှင်နဲ့ပတ်သက်တဲ့ သဘောထား၊ အာဏာရှင်နဲ့ပတ်သက်တဲ့ သဘောထား အဲဒါမျိုးတွေရော ဘယ်လိုရှိလဲ၊ အဲဒါ နည်းနည်းလောက်ပြောပြပေးပါခင်ဗျ။
PRCF – အဓိကက ကျနော်တို့ရဲ့မူက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဖြစ်တယ်။ ဆိုတော့ ဒီဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို အဟန့်အတားဖြစ်စေတဲ့ မည်သည့်အဖွဲ့အစည်းမဆို ကျနော်တို့က ဆန့်ကျင်ဖက်အဖွဲ့အစည်းအဖြစ် မြင်တယ်ပေါ့ဗျာ။ အဲ့တော့ စစ်ကောင်စီလိုမျိုးဆိုရင် ကျနော်တို့မြင်တာက ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်းမှာ သူတို့ဘက်က ကျနော်တို့နဲ့ မတူဘူးဆိုတဲ့ သဘောထားရှိတယ်ပေါ့ဗျာ၊ ဆန့်ကျင်ဘက်အဖွဲ့အစည်းလို့ ပြောလို့ရတယ်။ ကျန်တဲ့အဖွဲ့အစည်းများကတော့ တကယ်လို့ ကျနော်တို့သွားတဲ့လမ်းကြောင်းနဲ့ အခု ကျနော်တို့ ထုတ်ပြန်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာကလည်း ဒီမူဝါဒတွေ ရှိတာပဲ၊ အဲတော့ ဒီမူဝါဒတွေလက်ခံနိုင်တဲ့ ဘယ်လိုမျိုးအဖွဲ့အစည်းနဲ့မဆို ကျနော်တို့က ပူးပေါင်းပြီးတော့ လက်တွဲဆောင်ရွက်သွားဖို့ ရှိပါတယ်။

MeKong – PRCF အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံမူကြမ်း ဒီနေ့ထုတ်ပြန်တဲ့ဟာက အဲဒါရေးဆွဲတာအပြင်ရော တခြား နိုင်ငံတကာနဲ့ဖြစ်စေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေကြားထဲမှာပဲဖြစ်စေ ညှိနှိုင်းဆောင်ရွက်တာတွေ တခြားလုပ်ဆောင်ချက်တွေရော ဘာတွေများရှိသေးလဲခင်ဗျ။
PRCF – PRCF ဖွဲ့စည်းပြီးကတည်းက အဖွဲ့ဝင်အဖွဲ့အစည်းတွေက ပုံမှန်အမြဲ အစည်းအဝေးရှိတယ်။ နောက်ပြီး PRCF ရဲ့ မိတ်ဖက်အဖွဲ့အစည်းတွေပေါ့ဗျာ မိတ်ဖက်အဖွဲ့အစည်း ဆိုတဲ့နေရာမှာ နိုင်ငံရေးပါတီတွေလည်း ပါမယ်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ CSO တွေနဲ့လည်း ကျနော်တို့ ဒေါက်လျှောက်ပေါ့လေ အွန်လိုင်းပေါ်မှာ ဆွေးနွေးခဲ့တာရှိတယ်။ ကျနော် ဒီထုတ်ပြန်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအဆင့်မှာလည်း ကျနော်တို့ တင်ပြဆွေးနွေးပြီး အကြံပြုချက်တွေ ရယူတာလည်း ရှိခဲ့တယ်ပေါ့ဗျာ။ ကျနော်တို့ကတော့ ကိုယ့်မိတ်ဖက်အဖွဲ့အစည်းတွေ အားလုံးနဲ့ လက်တွဲပြီးတော့ အလုပ်လုပ်နေတာ ဖြစ်ပါတယ်။

MeKong – ဒီလိုလက်တွဲပြီးတော့ အလုပ်လုပ်နေတဲ့အထဲမှာ လက်ရှိတော်လှန်ရေးမှာ အတိုင်းအတာတစ်ခုထိ ထောက်ခံမှုရထားတယ်ဆိုတဲ့ NUG တို့ CRPH တို့နဲ့ရော ဆွေးနွေးဖြစ်လား၊ သူတို့နဲ့ရော တစ်စုံတစ်ရာ သဘောတူညီမှုရတာမျိုး ရှိလား။ အကယ်လို့ မရှိသေးရင်လည်း ဘယ်လိုပူးပေါင်းဆောင်ရွက် လက်တွဲသွားဖို့ အစီအစဉ်ရှိလဲ၊ အဲဒါလေးလည်း သိပါရစေ။
PRCF – တိုက်ရိုက် ပူးပေါင်းဆောင်ရွက်မှုကတော့ မရှိပါဘူး။ မရှိသေးပါဘူး။ ဒါပေမယ့် တစ်ချိန်ချိန်ကြရင်တော့ သူတို့မှ မကပါဘူး NUG ၊ CRPH တင် မကပါဘူး၊ ဘယ်လိုမျိုး အဖွဲ့အစည်းမဆိုပေါ့ဗျာ တိုင်းပြည်ကို တကယ်ကောင်းအောင် လုပ်မယ်၊ ပြုမယ်၊ ဆန္ဒရှိတယ်၊ အဲဒီလိုမျိုး အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေနဲ့လည်း ကျနော်တို့ လက်တွဲသွားဖို့ လုပ်ဆောင်သွားဖို့ ရှိပါတယ်။

MeKong – လက်ရှိဖြစ်နေတဲ့ မြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာဆိုရင် စစ်အာဏာရှင်ကို လက်နက်ကိုင်ပြီး တော်လှန်နေတယ်။ အဲဒီမှာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရဲ့ အခန်းကဏ္ဍကလည်း အဓိကကျတဲ့ အခန်းကဏ္ဍမှာ ရောက်လာတယ်။ အဲဒီတော့ ဖက်ဒရယ်ဒီမိုကရေစီကို ဆက်သွားဖို့ကလည်း ဒီစစ်အာဏာရှင်က ပထမဦးဆုံး အတားအဆီးလို့ ပြောလို့ရတယ်၊ အဲဒီတော့ ဒီ PRCF ထဲမှာပါတဲ့ တိုင်းရင်းသားပါတီတွေအနေနဲ့ရော ကိုယ့်ရဲ့ သက်ဆိုင်ရာ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဘယ်လိုသဘောတူညီမှုတွေ ရထားလဲ၊ ဘုံသဘောတူညီချက်တွေ ဘာတွေရှိလဲ အဲဒါလေးလည်း အကြမ်းဖျင်း ရှင်းပြလို့ ရမလားခင်ဗျ။
PRCF – အခုထက်ထိတော့ သဘောတူထားတာတော့ မရှိပါဘူး။ ဒါပေမယ့် အားလုံးလည်း သိပါတယ်၊ တိုင်းရင်းသားနိုင်ငံရေးပါတီတော်တော်များများ သူ့ရဲ့ သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့တော့ အနည်းနဲ့အများတော့ ဆက်ဆံရေး ရှိကြတာပဲလေ။ သူ့ဟာနဲ့သူတော့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ဒါမှမဟုတ်ရင် အပြန်အလှန် ဆွေးနွေးတာတွေတော့ ရှိကောင်းရှိနိုင်ပါတယ်ဗျ။ ဆိုတော့ တစ်စုံလုံးအနေနဲ့ကတော့ ကျနော်တို့က ကိုယ့်နဲ့မိတ်ဖက်လို့ ယူဆထားတဲ့အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံမှာပဲ၊ ဆွေးနွေးမှာပဲ ဖြစ်ပါတယ်။ ကျနော်တို့ UNA မှာကတည်းက ဒေါက်လျှောက်လုပ်ခဲ့ဖူးတာရှိပါတယ်၊ ကွန်းဖရန့်ပေါ့။ မိတ်ဖက်အဖွဲ့အစည်းများညီလာခံတို့ ဘာတို့ပေါ့ဗျာ၊ အဲဒီလိုမျိုးကလည်း ရှေ့လျှောက်ပေါ့လေ လုပ်ဖို့ရနိုင်တဲ့အနေအထား ရောက်ရင်လည်း ရောက်မှာပေါ့ဗျာ၊ အဲလိုဆိုရင်တော့ ဒါကျနော်တို့ လုပ်ရမှာပေါ့ဗျာ၊ ဒီထက်ကျယ်ပြန်အောင် လုပ်သွားရဖို့ ရှိပါတယ်။

MeKong – PRCF အနေနဲ့ရော လက်ရှိမြန်မာနိုင်ငံမှာဖြစ်နေတဲ့ အခင်းအကျင်းတွေ၊ မြန်မာ့နိုင်ငံရေးအခြေအနေကို ဘယ်လိုသုံးသပ်ထားလဲခင်ဗျ။
PRCF – အခုက ကျနော်တို့မြင်တာက အခုက စစ်ရေးပိုင်းကို ပိုကဲနေတယ်ပေါ့ဗျာ။ စစ်ရေးနည်းလမ်းနဲ့ လုပ်မယ် ပြုမယ်ဆိုတဲ့ဘက်က လုပ်ချင်တဲ့အဖွဲ့အစည်းတွေ လူတွေက ပိုများနေတယ်ပေါ့ဗျာ။ ဒါပေမယ့် ကျနော်တို့ကတော့ နိုင်ငံရေးနည်းလမ်းပေါ့ဗျာ။ နိုင်ငံရေးနည်းလမ်းဆိုတဲ့နေရာမှာလည်း တချို့တွေ အဓိပ္ပယ်ဖွင့်သလို တွေ့ဆုံဆွေးနွေးရေး တစ်ခုတည်း မဟုတ်ပါဘူး။ နိုင်ငံရေးပါတီထောင်တာလည်း နိုင်ငံရေးနည်းလမ်းပဲ၊ မထောင်တာလည်း နိုင်ငံရေးနည်းလမ်းပဲ၊ နိုင်ငံရေးအဖွဲ့အစည်းဖွဲ့တာလည်း နိုင်ငံရေးနည်းလမ်းပဲ၊ ဆန့်ကျင်တာ ကန့်ကွက်တာ တခုခုကို၊ နောက်ပြီးတော့ Statement တွေထွက်တာပြုတာ စသဖြင့်ပေါ့ဗျာ၊ နောက်ပြီးတော့ တွေ့ဆုံဆွေးနွေးရေးကလည်း နိုင်ငံရေးနည်းလမ်းတစ်ခု ဖြစ်တယ်ပေါ့ဗျာ။ ဆိုတော့ ကျနော်တို့က နိုင်ငံရေးနည်းလမ်း ဘက်ကို ပိုအားသန်တယ်လို့ ပြောလို့ရတယ်ပေါ့ဗျာ။ ဒီလိုပြောတဲ့အတွက်ကြောင့်မို့လို့ ဘယ်အပိုင်းက သဘောအားဖြင့် စစ်ရေးနည်းလမ်းကပဲ မှန်တယ်၊ နိုင်ငံရေးနည်းလမ်းကပဲ မှန်တယ် ဆိုတာ မရှိပါဘူးဗျ။ ဒါ ဘယ်ကိစ္စမဆို အဖွဲ့အစည်းတိုင်းက သူအားသန်ရာ အားသန်ရာဖက်ကို ပိုလုပ်တဲ့သဘောပါ။ အကုန်လုံးပေါင်းစုံပြီးလုပ်နိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။

MeKong – PRCF အနေနဲ့ ရှေ့ဆက်ပြီးတော့ အနီးဆုံးမှာ လုပ်ဆောင်သွားဖို့ ဘာတွေရှိလဲ။ အဲဒါလေးလည်း ပြည်သူလူထုကို အသိပေးချင်တာရှိရင် ပြောပြပေးပါဦးခင်ဗျ။
PRCF – ကျနော်တို့ ဖွဲ့စည်းပြီးကတည်းကပဲ ကျနော်တို့ Statement ထဲမှာပါသလို လုပ်ငန်းကော်မတီရှိတယ်၊ ဒါက မဟာမိတ်အဖွဲ့အစည်းတွေနဲ့ ဆက်ဆံဖို့ပေါ့ဗျာ။ ပြည်တွင်းက အကုန်လုံးပေါ့ဗျာ။ နောက်ပြီးတော့ နိုင်ငံတကာဆက်ဆံရေးကော်မတီရှိတယ်၊ အဲဒါ သံတမန်တွေ၊ ဒီမိုကရက်တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ ဒီအာဆီယံကအစ UN ကအစအဆုံးပေါ့၊ အီးယူအစ စသဖြင့်ပေါ့ ကျနော်တို့ အကုန်လုံး ဆက်ဆံနေတာလည်း ရှိပါတယ်။ ဆက်ဆံပြီးသားဖြစ်ပါတယ်။ ဆိုတော့ အဲဒါလည်း ရှိတယ်ပေါ့ဗျာ။ ခုန မေးခွန်းပြန်ကောက်ရရင် ပြီးခဲ့တဲ့ နှစ်တွေဆိုရင်လည်း အာဆီယံနဲ့ PRCF က တွေ့ဆုံဆွေးနွေးခဲ့တာလည်း ရှိခဲ့ပါတယ်။ ထပ်ပြီးတော့လည်း အခု လာအို လက်ထက်မှာလည်း ဆက်လက်ပြီးတော့ တွေ့ဆုံဆွေးနွေးသွားဖို့ ရှိပါတယ်၊ သူတို့ဖိတ်ကြားခဲ့ရင်ပေါ့ဗျာ။

MeKong – နောက်ပြီးတော့ အချိန်အခါပေါ့နော်၊ ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံမူကြမ်းကို အစ်ကိုတို့ အခုချိန် ကြေညာလိုက်တယ်။ ကြေညာတာက အခုချိန်မှ ပြီးလို့လား ဒါမှမဟုတ် လက်ရှိနိုင်ငံရေးအခြေအနေအရ အစ်ကိုတို့ ချပြသင့်တဲ့ အခြေအနေကို ရောက်လို့လား အဲဒါရော ဘယ်လိုမျိုးရှိလဲခင်ဗျ။
PRCF – ၂ ခုလုံးလို့ ပြောလို့ရပါတယ်။ တစ်ခုကတော့ ကျနော်တို့ စပြီးလုပ်လာတာ ၂၀၂၂ ကတည်းကစတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးရမယ်ပေါ့။ ဆိုတော့ ကျနော်တို့ ကော်မတီလည်း ဖွဲ့တယ်၊ စရေးခဲ့တယ်။ အဲဒီ ၂၀၂၂ မှာပဲ မူကြမ်းသစ် အဆင့်ပြီးတယ်။ ပြီးတော့ မိတ်ဖက်တွေကို ပြတယ်၊ ပြုတယ်၊ အကြံဉာဏ်တောင်းတယ် စသဖြင့်ပေါ့လေ။ ဒါပေမယ့် အဲဒီမှာလည်း ကျနော်တို့ နားမလည်တဲ့အပိုင်းတွေလည်း နည်းနည်းပါတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့က ထပ်ပြီးတော့ လေ့လာရတာလည်း ရှိပါတယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေက ကျနော်တို့ ကိုးကားထားတာလည်း စာတမ်း ၄ ခု ဖော်ပြထားတာတွေ့ရပါလိမ့်မယ်။ ဆိုတော့ သဘောအားဖြင့် ဒီ ၈၈ နောက်ပိုင်းမှာလုပ်တဲ့ ဒုတိယမူကြမ်းပေါ့ဗျာ၊ တိုင်းရင်းသားပေါင်းစုံရေးထားတဲ့ FCCTC မူကြမ်းဆိုရင် ကျနော်တို့ အဓိကကိုးကားထားတာလည်း ဖြစ်တယ်။ ပြီးရင် ဖက်ဒရယ်ဒီမိုကရေစီချာတာထဲကို ပြန်သွားကြည့်လိုက်မယ်ဆိုရင် ခေါင်းစဉ်အသစ်က အဓိကအားဖြင့် ၃ ခုရှိတာ တွေ့ရလိမ့်မယ်။ ဘဏ္ဍာရေးဆိုင်ရာ ဖက်ဒရယ်စနစ်ပေါ့ဗျာ။ နောက်ပြီးတော့ Inter-governmental relation လို့ပြောတဲ့ အစိုးရအချင်းချင်းကြား ဆက်ဆံရေး၊ နောက်တစ်ခုက Administration and Public Service စီမံခန့်ခွဲရေးနဲ့ ပြည်သူ့ဝန်ထမ်း ဖြစ်မှာပေါ့။ အဲဒီကဏ္ဍ ၃ ခုက FCCTC ခေတ် မှာ မပါခဲ့ဘူးဗျ။ မပါသေးဘူးပေါ့ဗျာ အဲဒီအချိန်တုန်းက။ ဆိုတော့ အဲဒီဟာတွေကို ကျနော်တို့ ထပ်မံပြီးတော့ အဲဒီကဏ္ဍတွေကို ဖြည့်စွက်ပြီးတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ရှိရင်းစွဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျနော်တို့ အတိုင်းအတာတစ်ခုထိ ပြင်ဆင်မွမ်းမံတဲ့သဘောပဲ ဖြစ်ပါတယ်။ ဆိုတော့ အခု ဒီဖွဲ့စည်းပုံအခြေခံဥပဒေကလည်း ကျနော်တို့ပြောထားသလိုပဲ ဒါအပြီးသတ်မဟုတ်ဘူး၊ ဒါကျနော်တို့က ရှင်သန်နေတဲ့ ပြုလို့ ပြင်လို့ရတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု အနေနဲ့ ကျနော်တို့ မှတ်ယူတာဖြစ်ပါတယ်။ ဒါကြောင့် ဒီထက်ပိုကျယ်ပြန့်တဲ့ အဖွဲ့အစည်းပေါင်းစုံနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့ အားလုံးကလက်ခံနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံတစ်ခုအထိ ဖြစ်အောင်ပေါ့လေ ကျနော်တို့က ကြိုးစားသွားဖို့ရှိပါတယ်။

#MeKongNews

#PRCF

#စိုင်းကျော်ညွှန့်

#ဖက်ဒရယ်ဒီမိုကရေစီ

#ဖွဲ့စည်းပုံအခြေခံမူကြမ်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

အင်တာဗျူး

“အမေ့ကို လွှတ်ပေးပါ”

မဲခေါင်၊ ဇွန် ၂၃ ဇွန် ၁၉ ရက်နေ့မှာ ၇၈ နှစ်မြောက် မွေးနေ့ပွဲကို ထောင်ထဲမှာ ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံတော်
အင်တာဗျူး

မျက်နှာချင်းဆိုင် တွေ့ဆုံနိုင်ရင် သတင်းတွေ ဖလှယ်နိုင်မယ်။ နားလည်မှု ရှိလာနိုင်မယ်။ တင်းမာနေတဲ့ စစ်ရေးပဋိပက္ခတွေကို ဖြေလျော့နိုင်မယ်

MK- လက်ရှိ ထုတ်ပြန်ချက်ကို ထုတ်လိုက်တာဟာ အဓိကက ဘာကြောင့်ဖြစ်မလဲ။RCSS- ထုတ်ပြန်ကမ်းလှမ်းတာက အခုမှ မဟုတ်ဘူး။ အရင်တုန်းကလည်း ထုတ်ပြန်ကမ်းလှမ်းတာ အကြိမ်ကြိမ်ရှိခဲ့တယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အင်တာဗျူး

ဘဏ်အကောင့်များ အပိတ်ခံရခြင်းနှင့် ပတ်သက်ပြီး ဘဏ်လုပ်ငန်းရေးရာ‌ကျွမ်းကျင်သူ ဗဟိုဘဏ်အငြိမ်းစားတစ်ဦးနှင့် ဆက်သွယ်မေးမြန်းခြင်း

မေး။ ။ ဒီကာလမှာ ဘာကြောင့်ဘဏ်အကောင့်တွေ အပိတ်ခံရတာလဲ။ ဒါကိုအရင်ရှင်းပြပေးပါဦး။ ဖြေ။ ။ ပထမဆုံးပြောချင်တာက စစ်ကောင်စီဟာ သူတို့ကို တော်လှန်တဲ့သူတွေကို နည်းမျိုးစုံနဲ့ ဖိနှိပ်ပါတယ်။ အဲဒီထဲမှာ ဘဏ်အကောင့်တွေပိတ်သိမ်းတာလည်းပါပါတယ်။ ဒါဟာ စစ်တပ်ရဲ့ ဖိနှိပ်နည်းတစ်ခုဖြစ်ပါတယ်။ စစ်ကောင်စီကို တော်လှန်တဲ့လူတွေနဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အင်တာဗျူး

ပြည်သူ့ရှေ့ဆောင်ပါတီ – PPP နှင့် တွေ့ဆုံခြင်း အပိုင်း(၁)

လူငယ်တတ်သိပညာရှင်တွေ၊ အတွေ့အကြုံရှိစီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ – People Pioneer Party – PPP ရဲ့ ၂၀၂၀ ရွေးကောက်ပွဲ အတွက် ပြင်ဆင်မှုတွေ၊ ပါတီမူဝါဒတွေနဲ့ ပတ်သက်ပြီး ပါတီဥက္ကဌ ဒေါက်တာသက်သက်ခိုင်နှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အင်တာဗျူး

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ အခမဲ့ခွဲစိတ်မှု အင်တာဗျူး

“ လောကပြုံးပန်းလေးများ ဝေနိုင်ဖို့ ၊ အမြန်စာရင်းပေးကြပါစို့” အစီအစဉ်ဖြင့်NewLook, NewLife Foundation, Smile Train Myanmar နှင့် မြသဟာဆေးရုံကြီးမှပူးပေါင်း၍ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ နှုတ်ခမ်းကွဲ ၊ အာခေါင်ကွဲ ကလေးများအား ဒုတိယအကြိမ် ကုသိုလ်ဖြစ်အခမဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အင်တာဗျူး

ပြည်သူ့ရှေ့ဆောင်ပါတီ – PPP နှင့် တွေ့ဆုံခြင်း အပိုင်း(၂)

အပိုင်း(၂)မှာ – PPPအနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲ – PPP ရဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး မူဝါဒက ဘယ်လိုများလဲ – ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲ စတာတွေကို ကြည့်ရှူ့နားဆင်ရမှာပဲ ဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now