အင်တာဗျူး

ဘဏ်အကောင့်များ အပိတ်ခံရခြင်းနှင့် ပတ်သက်ပြီး ဘဏ်လုပ်ငန်းရေးရာ‌ကျွမ်းကျင်သူ ဗဟိုဘဏ်အငြိမ်းစားတစ်ဦးနှင့် ဆက်သွယ်မေးမြန်းခြင်း

မဲခေါင် 26 May - 2022
မေး။ ။ ဒီကာလမှာ ဘာကြောင့်ဘဏ်အကောင့်တွေ အပိတ်ခံရတာလဲ။ ဒါကိုအရင်ရှင်းပြပေးပါဦး။ ဖြေ။ ။ ပထမဆုံးပြောချင်တာက စစ်ကောင်စီဟာ သူတို့ကို တော်လှန်တဲ့သူတွေကို နည်းမျိုးစုံနဲ့ ဖိနှိပ်ပါတယ်။ အဲဒီထဲမှာ ဘဏ်အကောင့်တွေပိတ်သိမ်းတာလည်းပါပါတယ်။ ဒါဟာ စစ်တပ်ရဲ့ ဖိနှိပ်နည်းတစ်ခုဖြစ်ပါတယ်။ စစ်ကောင်စီကို တော်လှန်တဲ့လူတွေနဲ့ ဆက်စပ်တယ်လို့ ယူဆတဲ့ ဘဏ်အကောင့်တွေကို ပိတ်ခိုင်းပါတယ်။ ဒီနေရာမှာ လုပ်ငန်းစဉ်ကို နည်းနည်းရှင်းပြရရင် စစ်ကောင်စီဟာ နည်းလမ်းပေါင်းစုံနဲ့ တော်လှန်သူတွေ၊ သူတို့ပြောနေတဲ့ PDF၊ NUG၊ CRPH ပေါ့လေ။ အဲဒါတွေနဲ့ ဆက်စပ်တဲ့ ဘဏ်အကောင့်တွေ၊ မိုဘိုင်းငွေကြေးအကောင့်တွေကို နည်းမျိုးစုံနဲ့ စုံစမ်းတယ်။ နည်းလမ်းပေါင်းစုံဆိုတဲ့နေရာမှာ လှူမယ့်လူပုံစုံနဲ့စုံစမ်းတာလည်းရှိတယ်၊ ဖမ်းဆီးခံရသူတွေရဲ့ ဖုန်းတွေ၊ ကွန်ပြူတာတွေကို စစ်တာလည်းရှိတယ်၊ ဖမ်းဆီးခံရသူတွေကို စစ်ဆေးတာလည်း ရှိတယ်။

မေး။ ။ ဒီကာလမှာ ဘာကြောင့်ဘဏ်အကောင့်တွေ အပိတ်ခံရတာလဲ။ ဒါကိုအရင်ရှင်းပြပေးပါဦး။

ဖြေ။ ။ ပထမဆုံးပြောချင်တာက စစ်ကောင်စီဟာ သူတို့ကို တော်လှန်တဲ့သူတွေကို နည်းမျိုးစုံနဲ့ ဖိနှိပ်ပါတယ်။ အဲဒီထဲမှာ ဘဏ်အကောင့်တွေပိတ်သိမ်းတာလည်းပါပါတယ်။ ဒါဟာ စစ်တပ်ရဲ့ ဖိနှိပ်နည်းတစ်ခုဖြစ်ပါတယ်။ စစ်ကောင်စီကို တော်လှန်တဲ့လူတွေနဲ့ ဆက်စပ်တယ်လို့ ယူဆတဲ့ ဘဏ်အကောင့်တွေကို ပိတ်ခိုင်းပါတယ်။ ဒီနေရာမှာ လုပ်ငန်းစဉ်ကို နည်းနည်းရှင်းပြရရင် စစ်ကောင်စီဟာ နည်းလမ်းပေါင်းစုံနဲ့ တော်လှန်သူတွေ၊ သူတို့ပြောနေတဲ့ PDF၊ NUG၊ CRPH ပေါ့လေ။ အဲဒါတွေနဲ့ ဆက်စပ်တဲ့ ဘဏ်အကောင့်တွေ၊ မိုဘိုင်းငွေကြေးအကောင့်တွေကို နည်းမျိုးစုံနဲ့ စုံစမ်းတယ်။ နည်းလမ်းပေါင်းစုံဆိုတဲ့နေရာမှာ လှူမယ့်လူပုံစုံနဲ့စုံစမ်းတာလည်းရှိတယ်၊ ဖမ်းဆီးခံရသူတွေရဲ့ ဖုန်းတွေ၊ ကွန်ပြူတာတွေကို စစ်တာလည်းရှိတယ်၊ ဖမ်းဆီးခံရသူတွေကို စစ်ဆေးတာလည်း ရှိတယ်။ အဲဒီလိုနဲ့ ရလာတဲ့ အကောင့်တွေကို စာရင်းလုပ်ပြီး ဗဟိုဘဏ်ကို ပို့ပါတယ်။ ဗဟိုဘဏ်က သက်ဆိုင်ရာ ပုဂ္ဂလိက ဘဏ်တွေကို ဒီအကောင့်တွေကို ပိတ်ဖို့ဆိုပြီး ညွှန်ကြားပါတယ်။ အဲဒါကြောင့် ဘဏ်အကောင့်တွေ အပိတ်ခံရတာဖြစ်ပါတယ်။

မေး။ ။ ဘဏ်တွေဘက်ကရော ဒါကို စာသုံးသူကာကွယ်မှု မူဝါဒတွေအရ မပိတ်ဘဲ ထားလို့မရဘူးလား။

ဖြေ။ ။ မှန်ပါတယ်။ ဒါက အားလုံးလဲသိချင်မယ်ထင်တယ်။ ဝန်ဆောင်မှုလုပ်ငန်းတိုင်းမှာ စားသုံးသူကာကွယ်ပေးရေးမူဝါဒတွေရှိပါတယ်။ ကိုယ့်ဖောက်သည်ရဲ့အချက်အလက်ကို လုံခြုံအောင်ထားရမယ်။ ကိုယ့်ဖောက်သည်ရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးရမယ်။ ဒါအရေးကြီးပါတယ်။ အမေရိကန်မှာဆို ဒေါ်နယ်ထရမ့်လက်ထက်က တရားရုံးက အိုင်ဖုန်း ပါ့စ်ဝါ့ဒ်ကို ဖွင့်ခိုင်းတာ Apple က သူ့ရဲ့ စားသုံးသူအချက်အလက်ကာကွယ်ရေး မူဝါဒအရဆိုပြီး ဖွင့်မပေးခဲ့ဘူး။ ဒီမှာလည်း ဒါမျိုးမူဝါဒတွေရှိပါတယ်။ ဘဏ်လုပ်ငန်းလိုမျိုး၊ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုမျိုးတွေက သုံးစွဲသူရဲ့အချက်အလက်ကို သေသေချာချာထိန်းသိမ်းပါတယ်။ ဒါပေမယ့် အာဏာရှင်လက်ထက်မှာတော့ ဒါတွေလည်း ဘာမှလုပ်လို့မရပါဘူး။ သူတို့(အာဏာပိုင်)က ပေးဆို ပေးရတဲ့ အခြေအနေမှာရှိတယ်။ အကယ်လို့ မပေးဘူးဆိုရင် နည်းမျိုးစုံနဲ့ လုပ်ငန်းကို ဒုက္ခပေးလိမ့်မယ်။ ဆက်သွယ်ရေးကုမ္ပဏီတွေလည်း သူတို့(အာဏာပိုင်)က ပိတ်ဆို ပိတ်ရတာပဲ။ ခိုးနားထောင်ဆို ထောင်ရတာပဲ။ ဒါမျိုးတွေမလုပ်ချင်ရင် ဘာလုပ်ရမလဲဆိုတော့ လုပ်ငန်းကို ပိတ်ရင်ပိတ်လိုက်၊ မပိတ်ရင် သူများကို ရောင်းလိုက်ဖို့ပဲရှိတယ်။ ဥပမာ – တယ်လီနောလိုပေါ့။ ဒါပေမယ့် ဒီလိုရောင်းလိုက်ရင် ဘယ်သူထိခိုက်မလဲဆိုတော့ အများဆုံးထိခိုက်တာ သုံးစွဲတဲ့ ပြည်သူပါပဲ။ ကုမ္ပဏီဘက်ကတော့ ထိခိုက်မှုရှိတာပေါ့လေ။ ရောင်းလိုက်တယ်ဆိုရင်လည်း ဒီလုပ်ငန်းကို ဝယ်မယ့်သူက စစ်အာဏာရှင်နဲ့ အဆင်ပြေအောင်ပေါင်းမယ့် လုပ်ငန်းရှင်ပဲဖြစ်မှာပဲ။ အဲဒီတော့ ရှေ့ဘုန်းကြီးတချက်ခေါက်၊ နောက်ဘုန်းကြီး ၂ ချက်ခေါက်ဆိုသလို ဖြစ်နေလိမ့်မယ်။ အကယ်လို့ လုပ်ငန်းပိတ်လိုက်တယ်ဆိုရင်လည်း ပြည်သူတွေအနေနဲ့က ဒီဝန်ဆောင်မှုတွေကို အာဏာရှင်အလိုကျလည်ပတ်တဲ့ လုပ်ငန်းတွေဆီမှာပဲ ဆက်ပြီး သုံးစွဲနေရဦးမှာပေ့ါ။ ရွေးချယ်စရာတစ်ခု လျော့သွားတာပဲရှိမှာပါ။

မေး။ ။ သုံးစွဲသူတွေအနေနဲ့ရော ဆုံးရှုံးမှုတွေ မဖြစ်အောင် ဘာတွေလုပ်ဆောင်သင့်လဲ။

ဖြေ။ ။ သုံးစွဲသူတွေအနေနဲ့ သတိထားရမယ်။ ကိုယ်နဲ့ဆက်စပ်တဲ့သူတွေ ဖမ်းဆီးခံရတာမျိုး၊ ကိုယ့်အကောင့်နဲ့ ငွေလွှဲပေးထားသူတွေ၊ တော်လှန်ရေးမှာ ပါဝင်ပတ်သက်သူတွေ ဖမ်းဆီးခံရတာမျိုးရှိတယ်ဆိုရင် ကိုယ့်ဘဏ်အကောင့်ထဲက ရှိတာကို ထုတ်ထားတာ၊ ရွှေ့ပြောင်းတာမျိုးလုပ်ထားဖို့လိုတယ်။ နောက်ဆုံးဘဏ်အကောင့် ပိတ်ခံရရင်တောင် ဆုံးရှုံးမှုနည်းအောင်ပေါ့။ နောက်တစ်ခုက ကိုယ့်အကောင့်နဲ့ ငွေလွှဲတာ၊ လက်ခံတာလုံမယ်ဆိုရင် ၂ဖက်လုံး လုံခြုံစိတ်ချရတဲ့ အခြေအနေရှိ၊ မရှိ သေချာအောင်လုပ်ပြီးမှ လုပ်ဆောင်သင့်တယ်။ ဒါဆိုရင်တော့ အထိုက်အလျောက်ဆုံးရှုံးမှုကို ကာကွယ်နိုင်ပါလိမ့်မယ်။ မှားယွင်းပြီး အပိတ်ခံရတယ်ဆိုရင်လည်း ဘဏ်အလိုက်လုပ်ထုံးလုပ်နည်းနဲ့ အညီ ဆောင်ရွက်ပါ။ ပြန်ရပါလိမ့်မယ်။

မေး။ ။ ဖြည့်စွက်ပြောချင်တာဘာများ ရှိဦးမလဲ။

ဖြေ။ ။ ဖြည့်စွက်ပြောချင်တယ်ဆိုတာထက် မေတ္တာရပ်ခံချင်တာပေ့ါလေ။ တော်လှန်ရေးအင်အားစုတွေက အကောင့်ပိတ်ခံရလို့၊ ငွေကြေးဆုံးရှုံးလို့ဆိုပြီး ဘဏ်တွေကို တိုက်ခိုက်တာမျိုးတွေ့ရတယ်။ ဒါမျိုးတွေတော့ မလုပ်ဖို့ မေတ္တာရပ်ခံချင်တယ်။ ပုဂ္ဂလိကဘဏ်တွေကလည်း ပိတ်ချင်လို့ပိတ်ရတာမဟုတ်ပါဘူး။ အပေါ်ကနေဓားမိုးပြီး ပိတ်ခိုင်းနေတဲ့ အခြေအနေမျိုးပါ။ ဘဏ်တွေက သုံးစွဲသူကို ပိုတောင်ကာကွယ်ပေးခြင်ပါတယ်။ ဘဏ်တွေထိခိုက်လို့ ပိတ်လိုက်ရရင် ခုနပြောသလိုပဲ ပြည်သူတွေပိုပြီး ထိခိုက်ပါလိမ့်မယ်။ စစ်ကောင်စီအတွက် ထိခိုက်စရာ သိပ်မရှိပါဘူး။ ဒါကြောင့် လိမ္မာပါးနပ်စွာပဲ အသုံးချပါလို့ အကြံပေးချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

အင်တာဗျူး

PRCF ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် စိုင်းကျော်ညွန့်နှင့် မေးမြန်းခြင်း

ဖက်ဒရယ်ဖော်ဆောင်ရေးပြည်သူ့ကိုယ်စားလှယ်များကော်မတီ - People's Representatives Committee for Federal - PRCF က ပြည်ထောင်စုနေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ
အင်တာဗျူး

“အမေ့ကို လွှတ်ပေးပါ”

မဲခေါင်၊ ဇွန် ၂၃ ဇွန် ၁၉ ရက်နေ့မှာ ၇၈ နှစ်မြောက် မွေးနေ့ပွဲကို ထောင်ထဲမှာ ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံတော်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အင်တာဗျူး

မျက်နှာချင်းဆိုင် တွေ့ဆုံနိုင်ရင် သတင်းတွေ ဖလှယ်နိုင်မယ်။ နားလည်မှု ရှိလာနိုင်မယ်။ တင်းမာနေတဲ့ စစ်ရေးပဋိပက္ခတွေကို ဖြေလျော့နိုင်မယ်

MK- လက်ရှိ ထုတ်ပြန်ချက်ကို ထုတ်လိုက်တာဟာ အဓိကက ဘာကြောင့်ဖြစ်မလဲ။RCSS- ထုတ်ပြန်ကမ်းလှမ်းတာက အခုမှ မဟုတ်ဘူး။ အရင်တုန်းကလည်း ထုတ်ပြန်ကမ်းလှမ်းတာ အကြိမ်ကြိမ်ရှိခဲ့တယ်။ မနှစ် ဖေဖော်ဝါရီ (၇)ရက်တုန်းကလည်း ထုတ်ပြန်ခဲ့တာတွေ ရှိတယ်။ ဒီတခေါက် ရည်ရွယ်ချက်ကကျ ရှမ်းပြည်အတွင်းမှာရှိတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အင်တာဗျူး

ပြည်သူ့ရှေ့ဆောင်ပါတီ – PPP နှင့် တွေ့ဆုံခြင်း အပိုင်း(၁)

လူငယ်တတ်သိပညာရှင်တွေ၊ အတွေ့အကြုံရှိစီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ – People Pioneer Party – PPP ရဲ့ ၂၀၂၀ ရွေးကောက်ပွဲ အတွက် ပြင်ဆင်မှုတွေ၊ ပါတီမူဝါဒတွေနဲ့ ပတ်သက်ပြီး ပါတီဥက္ကဌ ဒေါက်တာသက်သက်ခိုင်နှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အင်တာဗျူး

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ အခမဲ့ခွဲစိတ်မှု အင်တာဗျူး

“ လောကပြုံးပန်းလေးများ ဝေနိုင်ဖို့ ၊ အမြန်စာရင်းပေးကြပါစို့” အစီအစဉ်ဖြင့်NewLook, NewLife Foundation, Smile Train Myanmar နှင့် မြသဟာဆေးရုံကြီးမှပူးပေါင်း၍ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ နှုတ်ခမ်းကွဲ ၊ အာခေါင်ကွဲ ကလေးများအား ဒုတိယအကြိမ် ကုသိုလ်ဖြစ်အခမဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အင်တာဗျူး

ပြည်သူ့ရှေ့ဆောင်ပါတီ – PPP နှင့် တွေ့ဆုံခြင်း အပိုင်း(၂)

အပိုင်း(၂)မှာ – PPPအနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲ – PPP ရဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး မူဝါဒက ဘယ်လိုများလဲ – ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲ စတာတွေကို ကြည့်ရှူ့နားဆင်ရမှာပဲ ဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now