နေ့စဥ်သတင်း

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင် 27 Oct - 2026
မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆ ရက် နံနက် ၅ နာရီခန့်က ဇလဲမြောက်ဘက်ရှိ ကျောင်းတောဂိတ်တွင် တာဝန်ကျနေသည့် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင် ခွန်သူရမင်းနှင့် ခွန်ညွန့်ဝင်းတို့ စကားများရန်ဖြစ်ရာမှ ခွန်သူရမင်းက ခွန်ညွန့်ဝင်းကို သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီးနောက် သေနတ်ယူဆောင်ကာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ ထို့နောက် ညနေ ၇ နာရီခွဲခန့်တွင် ထွက်ပြေးသွားသည့် ခွန်သူရမင်းကို ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးစဉ် ၎င်းက ပြန်လည်ခုခံပစ်ခတ်ခဲ့သဖြင့် အသေပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း

မဲခေါင်၊ အောက်တိုဘာ ၂၇

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၂၆ ရက် နံနက် ၅ နာရီခန့်က ဇလဲမြောက်ဘက်ရှိ ကျောင်းတောဂိတ်တွင် တာဝန်ကျနေသည့် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင် ခွန်သူရမင်းနှင့် ခွန်ညွန့်ဝင်းတို့ စကားများရန်ဖြစ်ရာမှ ခွန်သူရမင်းက ခွန်ညွန့်ဝင်းကို သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီးနောက် သေနတ်ယူဆောင်ကာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထို့နောက် ညနေ ၇ နာရီခွဲခန့်တွင် ထွက်ပြေးသွားသည့် ခွန်သူရမင်းကို ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးစဉ် ၎င်းက ပြန်လည်ခုခံပစ်ခတ်ခဲ့သဖြင့် အသေပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း PNO တပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

ပစ်ခတ်မှုသည် ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး ကျောင်းတောကျေးရွာနှင့် ကပ်လျက်ရှိသည့် ကောင်းမှုစဉ်ရွာတွင် လမ်းမပေါ်၌ ရှိနေသည့် အသက် ၁၉ နှစ်နှင့် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးမှာ ဦးခေါင်းကို သေနတ်ထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။

“အချင်းချင်း ပြဿနာဖြစ်ပြီး ပစ်ခတ်ကြတာမှာ ဘာမှမဆိုင်တဲ့ ဒေသခံလူငယ်မိန်းကလေးနှစ်ယောက်ပါ အသက်ဆုံးရှုံးရတာ စိတ်မကောင်းစရာပါ။ ပြည်သူတွေက ဘယ်အချိန် ဘယ်နေရာမှာ ပစ်ခတ်မှုဖြစ်မလဲဆိုတာ မသိနိုင်တော့ ကိုယ့်အိမ်မှာနေရင်းနဲ့တောင် လုံခြုံမှုမရှိသလို ခံစားနေရတယ်” ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။

အဆိုပါဖြစ်စဉ်တွင် လက်နက်ကိုင်တပ်ဖွဲ့ဝင်အချင်းချင်း ဖြစ်ပွားသည့် ပဋိပက္ခ၏ အကျိုးဆက်ကို အရပ်သားပြည်သူများကပါ ခံစားခဲ့ရခြင်းဖြစ်ပြီး သက်ဆိုင်ခြင်းမရှိသည့် အမျိုးသမီးငယ်နှစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်။

ဒေသခံများအနေဖြင့် ပစ်ခတ်မှုတွင် ပါဝင်ခြင်းမရှိသော်လည်း အနီးအနားတွင် နေထိုင်ခြင်းကြောင့် ကျည်ထိမှန်နိုင်သည့်အန္တရာယ်ကို ရင်ဆိုင်နေရပြီး မိသားစုဝင်များ၏ လုံခြုံရေးအတွက်လည်း စိုးရိမ်နေရကြောင်း သိရသည်။

“အခုလိုဖြစ်စဉ်တွေမှာ နစ်နာရတာက သာမန်ပြည်သူတွေပါပဲ။ ပစ်ခတ်မှုဖြစ်တဲ့အခါ ဘယ်သူ့ကိုမှ အကူအညီတောင်းဖို့၊ ဘာတွေဖြစ်နေလဲဆိုတာ မေးမြန်းဖို့တောင် ခက်ခဲတယ်။ အခုလည်း သေဆုံးသွားတဲ့ မိန်းကလေးနှစ်ယောက်အတွက် မိသားစုတွေရဲ့ နာကျင်မှုကို ဘယ်သူမှ ပြန်ဖြည့်ပေးလို့မရဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ယခုဖြစ်စဉ်နှင့်ပတ်သက်၍ အွန်လိုင်းနှင့် မီဒီယာများပေါ်တွင် မတင်ရန်၊ မပြောဆိုရန်လည်း PNO ပြည်သူ့စစ်က တားမြစ်ပြောဆိုထားကြောင်း သိရသည်။

#MeKongNews
#PNO
#ပြည်သူ့စစ်
#ပစ်ခတ်မှု
#တောင်ကြီး
#အမျိုးသမီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်၊ ဆွတ်ဆိုင်ကျေးရွာအနီး တောင်ဖြို မြေသယ်နေ

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ မိုင်းဖုန်း (ခ) ကျေးရွာအုပ်စု၊ ဆွတ်ဆိုင်ကျေးရွာအနီးတွင် တောင်များကို ဖြိုချကာ မြေများ
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now