မဲခေါင်၊ အောက်တိုဘာ ၄
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် ဒေသကာလတန်ဖိုး ကျပ် ၈၈၈ ဒသမ ၉၃ သိန်းခန့်ရှိ မူးယစ်ဆေးဝါးများနှင့်အတူ အမျိုးသား ၂ ဦးကို အောက်တိုဘာ ၃ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ဝမ်ကျောက်လုံကျေးရွာရှိ SP စက်သုံးဆီဆိုင်အနီး လမ်းကြားတစ်နေရာ၌ မူးယစ်ဆေးဝါး ရောင်းချနေကြောင်း သတင်းရရှိသဖြင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့က သွားရောက်ရှာဖွေဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ရှာဖွေရာတွင် အမျိုးသား ၂ ဦးနှင့်အတူ Happy Water ၈၇၅ ဂရမ်ခန့် (၂၅ ထုပ်)၊ ကတ်တမင်း ၆၄ ဂရမ်ခန့် (၈၀ ထုပ်)၊ ဘိန်းစာရွက်ပြုတ်ရည် ၃၀ လီတာခန့်၊ ဘိန်းစာရွက် ၀ ဒသမ ၅ ကီလိုခန့်နှင့် မော်တော်ယာဉ်တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများ၏ ဒေသကာလတန်ဖိုးမှာ ကျပ် ၈၈၈ ဒသမ ၉၃ သိန်းခန့် ရှိကြောင်း သိရသည်။
လက်ရှိတွင် ဖမ်းဆီးရမိသူ ၂ ဦးကို ဥပဒေအရ အရေးယူနိုင်ရေးအတွက် ဆက်လက်စစ်ဆေးမေးမြန်းလျက်ရှိကြောင်း သိရသည်။
#MeKongNews
#တာချီလိတ်
#မူးယစ်ဆေးဝါး
#ဝမ်ကျောက်လုံ
#ကတ်တမင်း








