နေ့စဥ်သတင်း

၂၀၂၀ ရွေးကောက်ပွဲ ရလဒ် တရားဝင်ဆဲဟု မြန်မာနိုင်ငံ ရှေ့နေများကောင်စီ ထုတ်ပြန်

မဲခေါင် 1 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၁ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်များကို ပယ်ဖျက်ပိုင်ခွင့် အခွင့်အာဏာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တွင် မရှိဘဲ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်သည် ပျက်ပြယ်မှုမရှိ တရားဝင်ဆဲ ဖြစ်သည်ဟု မြန်မာနိုင်ငံ ရှေ့နေများကောင်စီက ယမန်နေ့တွင် ထုတ်ပြန်သည်။ အများ ပြည်သူအပေါ် အစုအလိုက် အပြုံလိုက် ရက်စက်စွာ သတ်ဖြတ်မှုများအတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တာဝန်ယူရမည် ဖြစ်ပြီး ၎င်းခန့်ထားသည့် ဦးသန်းစိုး ဥက္ကဌအဖြစ် တာဝန်ယူထားသည့် ရွေးကောက်ပွဲ ကော်မရှင်က အပိုင်း ၃ ပိုင်းခွဲ ကျင်းပသည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဥပဒေရေးရာ သုံးသပ်ချက်များအား ထုတ်ပြန်ချက်တွင် ပူးတွဲ ဖော်ပြထားသည်။ ယင်းထုတ်ပြန်ချက်တွင်

မဲခေါင်၊ ဇန်နဝါရီ ၁

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်များကို ပယ်ဖျက်ပိုင်ခွင့် အခွင့်အာဏာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တွင် မရှိဘဲ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်သည် ပျက်ပြယ်မှုမရှိ တရားဝင်ဆဲ ဖြစ်သည်ဟု မြန်မာနိုင်ငံ ရှေ့နေများကောင်စီက ယမန်နေ့တွင် ထုတ်ပြန်သည်။

အများ ပြည်သူအပေါ် အစုအလိုက် အပြုံလိုက် ရက်စက်စွာ သတ်ဖြတ်မှုများအတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တာဝန်ယူရမည် ဖြစ်ပြီး ၎င်းခန့်ထားသည့် ဦးသန်းစိုး ဥက္ကဌအဖြစ် တာဝန်ယူထားသည့် ရွေးကောက်ပွဲ ကော်မရှင်က အပိုင်း ၃ ပိုင်းခွဲ ကျင်းပသည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဥပဒေရေးရာ သုံးသပ်ချက်များအား ထုတ်ပြန်ချက်တွင် ပူးတွဲ ဖော်ပြထားသည်။

ယင်းထုတ်ပြန်ချက်တွင် အချက် ၉ ချက်ပါဝင်ရာ အဓိက အချက်များမှာ တရားမဝင် အာဏာသိမ်းပြီး တရားမဝင် ခန့်အပ်သည့်၊ တရားဝင်မှု မရှိသည့် ရွေးကောက်ပွဲ ကော်မရှင်က ကျင်းပသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲသည် ပျက်ပြယ်ပြီးဖြစ်သည်ဟု ဖော်ပြထားသည်။

“အာဏာသိမ်းကတည်းက ၂၀၀၈ လည်း ပျက်ပြီးသား၊ တရားမဝင်တဲ့သူ လုပ်တာအားလုံး ဥပဒေကြောင်းအရ ဘာမှ အတည် မဖြစ်ဘူးလေ၊ ဒီတော့ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ပဲ အတည်ဖြစ်နေဆဲ၊ ဦးဝင်းမြင့်ပဲ သမ္မတဖြစ်ဆဲ၊ ဒေါ် စုပဲ နိုင်ငံခေါင်းဆောင် ဖြစ်ဆဲပဲ”ဟု တရားလွှတ်တော် ရှေ့နေကြီးတစ်ဦးက ထုတ်ပြန်ချက်အပေါ် သုံးသပ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အပိုင်း – ၁၊ ယခုလတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၂ နှင့် အပိုင်း – ၃ သည်လည်း မြန်မာ နိုင်ငံ၏ မည်သည့် ဥပဒေနှင့်မျှ တရားဝင်မှုမရှိဟု ထုတ်ပြန်ချက်က ဆိုသည်။

ထို့ပြင် ယင်းရွေးကောက်ပွဲများကြောင့် ပေါ်ပေါက်လာမည့် တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်များ၊ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော်၊ ပြည်ထောင်စု လွှတ်တော်၊ ပြည်ထောင်စု အစိုးရတို့သည် တရားဝင်မှုမရှိဘဲ ဥပဒေမဲ့ အာဏာသိမ်း ခြင်းကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံတော် သစ္စာဖောက်ဖျက်၊ ပုန်ကန်မှုနှင့် ဆက်နွှယ်သော ရာဇဝတ်မှုများ ဖြစ်သည့်အပြင် တရားဥပဒေ စိုးမိုးရေးကို ဆန့်ကျင်၍ နိုင်ငံတော်နှင့် နိုင်ငံသားတို့အား ဥပဒေနှင့် ယဉ်ကျေးစွာ နေထိုင်ခြင်းထက် ဥပဒေမဲ့ ရိုင်းစိုင်းသည့် လူမှုဝန်းကျင်ကို ဖြစ်ပေါ်စေနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#MeKongNews
#ရွေးကောက်ပွဲ
#ရလဒ်
#တရားဝင်
#ရှေ့နေများကောင်စီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now