နေ့စဥ်သတင်း

တာချီလိတ်ဂေါက်ကွင်းမှ ကယ်ရီများကို ခရိုနီ အောင်မျိုးမင်းဒင် ခေါင်းပုံဖြတ် အနိုင်ကျင့်နေ

မဲခေါင် 29 Jun - 2025
မဲခေါင်၊ ဇွန် ၂၉ ဂေါက်ရိုက်သူက မဝင်ရသတ်မှတ်ထားသည့်နေရာသို့ ကယ်ရီကားကို မောင်းနှင်သွားသည့် ကိစ္စနှင့် ပတ်သက်ပြီး Amazing လုပ်ငန်းစုပိုင်ရှင် ခရိုနီ အောင်မျိုးမင်းဒင်က တာချီလိတ်ဂေါက်ကွင်းက ဝန်ထမ်းများကို ဥပဒေမဲ့ပြစ်ဒဏ်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ မဝင်ရသတ်မှတ်နေရာသို့ ကယ်ရီကားဝန်သွားသည့်အတွက် ဇွန်လ ၂၃ရက်မှ စကာ ဝန်ထမ်းအယောက် ၅၀ကို လုပ်အားခမပေးဘဲ ဂေါက်ကွင်းသန့်ရှင်းရေး ရက် ၁၄ လုပ်ဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ဂေါက်ကွင်းဝန်ထမ်းများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “ပြီးခဲ့တဲ့နေ့က ဂေါက်ဖါက ဂေါက်ကယ်ရီကားကို ကိုယ့်ဟာကိုမောင်းပြီး မဝင်ရလို့သတ်မှတ်ထားတဲ့ နေရာတွေကို ဝင်မိတာ အဲ့ဒါကို ဂေါက်ဖါတွေကို မပြောဘဲ အဲ့ဒီနေ့က ကယ်ရီလိုက်တဲ့သူ အယောက် ၅၀ ကို ၁၄ရက်

မဲခေါင်၊ ဇွန် ၂၉

ဂေါက်ရိုက်သူက မဝင်ရသတ်မှတ်ထားသည့်နေရာသို့ ကယ်ရီကားကို မောင်းနှင်သွားသည့် ကိစ္စနှင့် ပတ်သက်ပြီး Amazing လုပ်ငန်းစုပိုင်ရှင် ခရိုနီ အောင်မျိုးမင်းဒင်က တာချီလိတ်ဂေါက်ကွင်းက ဝန်ထမ်းများကို ဥပဒေမဲ့ပြစ်ဒဏ်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မဝင်ရသတ်မှတ်နေရာသို့ ကယ်ရီကားဝန်သွားသည့်အတွက် ဇွန်လ ၂၃ရက်မှ စကာ ဝန်ထမ်းအယောက် ၅၀ကို လုပ်အားခမပေးဘဲ ဂေါက်ကွင်းသန့်ရှင်းရေး ရက် ၁၄ လုပ်ဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ဂေါက်ကွင်းဝန်ထမ်းများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ပြီးခဲ့တဲ့နေ့က ဂေါက်ဖါက ဂေါက်ကယ်ရီကားကို ကိုယ့်ဟာကိုမောင်းပြီး မဝင်ရလို့သတ်မှတ်ထားတဲ့ နေရာတွေကို ဝင်မိတာ အဲ့ဒါကို ဂေါက်ဖါတွေကို မပြောဘဲ အဲ့ဒီနေ့က ကယ်ရီလိုက်တဲ့သူ အယောက် ၅၀ ကို ၁၄ရက် ဂေါက်ကွင်းသန့်ရှင်းရေးလုပ်ခိုင်းတယ်။ အရင် ရီဂျီးနားထိုင်းတွေတုန်းက အဲ့လို အပစ်ပေးတာမရှိဘူး၊ သူ့လက်ထက်မှ ကယ်ရီတွေကို ခေါင်းပုံဖြတ်ပြီး ကယ်ရီခတွေအပြည့်မပေးတာတွေလဲရှိတယ်” ဟု ၎င်းကပြောသည်။

လုပ်အားခမရသည့် ကယ်ရီများသည် စားဝတ်နေရေးအတွက် ခက်ခဲပြီး အိမ်ခန်းခပေးရန်ပင် အခက်အခဲ ဖြစ်နေကြောင်း၊ ဦးအောင်မျိုးမင်းဒင် တာချီလိတ်ဂေါက်ကွင်းကို ထိုင်းလုပ်ငန်းစု ရဂျီးနားထံမှ လက်လွှဲရယူပြီးနောက်ပိုင်း လုပ်ခလစာ ခေါင်းပုံဖြတ်မှုများ၊ မတရားခိုင်းစေမှုများ ကြုံလာရကြောင်း ဂေါက်ကွင်းအလုပ်သမားများထံမှ သိရသည်။

“ဂေါက်ကွင်းကို သူတို့ရကတည်းက ကယ်ရီတွေကိုလဲ မလုပ်ချင်ရင်ထွက်ဆိုပြီး စည်းကမ်းအမျိုးမျိုးထုတ်ပြီး အနိုင်ကျင့်တာ၊ ပြီးခဲ့တဲ့ ၂ လလောက်ကလဲ သူ့တပည့်တစ်ယောက်နဲ့ ဂေါက်ကွင်းဝန်ထမ်းတစ်ယောက် စကားများရန်ဖြစ်တာကို စခန်းမှာ အမှုတွေဖွင့်ပြီး အချုပ်ထဲ ၂ လလောက်ထည့်ထားတယ်။ ပြီးတော့ အလုပ်ထုတ်ပစ်တယ်” ဟု ဂေါက်ကွင်းကယ်ရီများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

တာချီလိတ် ဂေါက်ကွင်းကို ၂၀၀၀ ခုနှစ်ပါတ်ဝန်းကျင်ကတည်းက ထိုင်းလုပ်ငန်းရှင်များက ရီဂျီးနားဂေါက်ကလပ်အမည်ဖြင့် ဖွင့်လှစ်လုပ်ကိုင်ခဲ့ခြင်း ဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်အရှိန်အဝါဖြင့် Amazing လုပ်ငန်းစုပိုင်ရှင် ခရိုနီအောင်မျိုးမင်းဒင်က လက်လွှဲပြောင်းရယူခဲ့ခြင်းဖြစ်သည်။

 

အောင်မျိုးမင်းဒင်သည် Adventure Myanmar Group နှင့် Amazing Group of Companies တို့၏ တည်ထောင်သူဖြစ်ပြီး၊ အကြီးစားအကျင့်ပျက်ခရိုနီကြီးတစ်ဦး ဖြစ်ကြောင်း Justice for Myanmar က ဖော်ပြထားသည်။

အောင်မျိုးမင်းဒင်သည် စစ်ရာဇဝတ်ကောင်နှင့် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်၏ မိသားစုနှင့်နီးကပ်သည့် ပတ်သက်ဆက်နွှယ်မှုများ ရှိပြီး မင်းအောင်လှိုင်၏ ဇနီးဖြစ်သူ ကြူကြူလှ၏ ကျောင်းသားဟောင်းတစ်ဦးဖြစ်ခဲ့ကြောင်း သိရသည်။

ပုံအညွန်း – အာဆီယံ အသက် ၃၀ အထက် မသမာသူစာရင်းဝင် အောင်မျိုးမင်းဒင်အား JFM က ဖော်ပြထားပုံ

 

#MeKongNews
#တာချီလိတ်
#တာချီလိတ်ဂေါက်ကွင်း
#အောင်မျိုးမင်းဒင်
#Amazing

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်ဘက်မှ ကျားဖြန့်လုပ်ငန်းအချို့ နမ့်ခမ်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၅ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်း အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းများအပေါ် ဖိအားများလာပြီးနောက် အဆိုပါ လုပ်ငန်းအချို့ နမ့်ခမ်းမြို့နယ်အတွင်းသို့ ရွှေ့ပြောင်းအခြေချလာနေကြောင်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဖြတ်အဖွဲ့ တာချီလိတ်တွင် လူငယ်များကို လာရောက်ပေါ်တာဆွဲနေပြန်

မဲခေါင် အောက်တိုဘာ ၂၅ စစ်မှုထမ်းလူသစ်အတွက် ပေါ်တာဆွဲ လူစုဆောင်းမှုများ တာချီလိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း ပြန်လည်ဖြစ်ပွားနေကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ဆိုင်ကယ်ခိုးမှု တရားခံပြေး ဖမ်းမိ၊ ဆိုင်ကယ် ၄ စီးနှင့် မှုတ်ဆေးဘူး ၈ ဘူး သိမ်းဆည်းရမိ

မဲခေါင်၊ အောက်တိုဘာ ၂၅ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ငှက်ပျောတောကျေးရွာတွင် ဆိုင်ကယ်ခိုးမှုဖြင့် တရားစွဲဆိုခံထားရသည့် တရားခံပြေးတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ခိုးယူထားသည်ဟုဆိုသည့် Wave 125 ဆိုင်ကယ် ၄ စီးနှင့် ဆိုင်ကယ် အရောင်ပြောင်းရန် အသုံးပြုသည့် မှုတ်ဆေးဘူး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင် ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီက ယမန်နေ့ညတွင် သတင်းထုတ်ပြန်သည်။ အောက်တိုဘာ ၂၁ ရက် ညနေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း လုပ်ဆောင်ပြီးနောက် မြေပြိုမှုအတွင်း ၂ ဦးသေဆုံးကာ ၁၅ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရင်းမြစ်များထံမှသိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now