မဲခေါင်၊ မတ် ၂၀
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ တနီးလာလဲကျေးရွာ အနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တပ်မတော်-KA ပူးပေါင်း တပ်ဖွဲ့တို့ မတ်လ ၁၈ ရက်က တစ်နေကုန် တိုက်ပဲွဲ ပြင်းထန်ပြီး စစ်သား ၅ ဦးသေကာ လက်နက်ခဲယမ်းတွေ ရရှိတယ်လို့ ကရင်နီ စစ်ဘက်ဆိုင်ရာ သတင်းပြန်ကြားရေးက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
တနီးလာလဲ ကျေးရွာ အနီးမှာ KA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီ ခမရ (၅၁၃) တို့ မတ်လ ၁၈ ရက်က တစ်နေကုန် တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။
နောက်တစ်နေ့ မနက်ပိုင်းမှာ ကရင်နီတပ် စခန်းကို တိုက်ဖို့ ဒုတိယ အကြိမ် ထပ်တက်လာတဲ့ စစ်ကောင်စီတပ် မိုင်းကွင်းထဲရောက်လို့ မိုင်းနင်းမိပြီး စစ်သား တစ်ဦး ခြေထောက်ပြတ်ကာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဒရုန်းနဲ့ပါ ထပ်တိုက်တာကြောင့် စစ်သား ၂ ဦး ဒဏ်ရာ ထပ်ရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေ ပြန်ဆုတ်သွားပြီး အနီးအနားကို ၆၀ မမ၊ ၁၂၀ မမ လက်နက်ကြီးနဲ့ ရမ်းသန်း ပစ်နေပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်သား တစ်ဦးသာ မစိုးရိမ် ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိ ကရင်နီပြည်မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတာကြောင့် ပြည်သူတွေ သတိထား သွားလာကြဖို့ ပြည့်သူကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးနေပါတယ်။
MK-007
#ခမရ(၅၁၃)