မြန်မာ့နွေဦး

တာချီလိတ်မှာ စစ်မှုထမ်းဖို့လူ စကောက်၊ ရပ်ကွက်တချို့မဲနှိုက်ရပြီး တချို့ ပိုက်ဆံထည့်ရ

မဲခေါင် 22 Mar - 2024
တာချီလိတ်ခရိုင်အတွင်းက ရပ်ကွက်နဲ့ ကျေးရွာအုပ်စုတွေမှာ အာဏာသိမ်းစစ်တပ်မှာ စစ်မှုထမ်းဖို့အတွက် လူစတင်ကောက်ခံနေပြီဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မဲခေါင်၊ မတ် ၂၂

တာချီလိတ်ခရိုင်အတွင်းက ရပ်ကွက်နဲ့ ကျေးရွာအုပ်စုတွေမှာ အာဏာသိမ်းစစ်တပ်မှာ စစ်မှုထမ်းဖို့အတွက် လူစတင်ကောက်ခံနေပြီဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

တာချီလိတ်ခရိုင်အတွင်းမြို့နယ်တွေဖြစ်တဲ့ တာချီလိတ်မြို့နယ်၊ မိုင်းဖြတ်မြို့နယ်နဲ့ မိုင်းယောင်းမြို့နယ်ထဲမှာရှိတဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုတွေမှာ မတ်လ ၂၁ရက်က စတင်ပြီး စစ်သားစုဆောင်းရေးအတွက် အစည်းအဝေးလုပ်ကာ အကြောင်းကြားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျေးရွာပေါင်း ၈၂ရွာရှိတဲ့ တာချီလိတ်မြို့နယ်ထဲက မိုင်းကိုးကျေးရွာအုပ်စုမှာ စစ်မှုထမ်းအပတ်စဉ် ၁ ခုအတွက် ၅ယောက်စစ်မှုထမ်းရမှာဖြစ်ပြီး အပတ်စဉ် ၃ခုစာအတွက် ၁၅ယောက် ပေးဖို့ အမိန့်ကျတယ်လို့ မိုင်းကိုးကျေးရွာနေပြည်သူ ၁ဦးက မဲခေါင်ကို ပြောပါတယ်။

“မိုင်းကိုးမှတော့ မဲမနှိုက်ဘူး။ တအိမ်ကို ဘတ် ၃၅၀ (ကျပ် ၃၅၀၀၀ ခန့်) ထည့်ရမယ်။ အဲဒီပိုက်ဆံတွေစုပြီးတော့ စစ်မှုထမ်းမယ့်လူ ၁၅ယောက်ကို တယောက် ဘတ် ၁ သိန်းပေးမယ်ဆိုပြီး သူကြီးတွေကို ပြောလာတယ်” လို့ သူက ပြောပါတယ်။

မိုင်းကိုးကျေးရွာအုပ်စုဟာ ရှမ်း၊ အာခါနဲ့ လားဟူတိုင်းရင်းသား အများစုနေထိုင်တဲ့ ကျေးရွာအုပ်စုဖြစ်ပြီး ကျေးရွာပေါင်း ၈၂ရွာနဲ့ အိမ်ခြေ ၄၅၀၀ ခန့်ရှိတဲ့ ကျေးရွာအုပ်စုတစ်ခု ဖြစ်ပါတယ်။

မိုင်းကိုးကျေးရွာအုပ်စုသာမက နားယောင်းကျေးရွာအုပ်စု၊ မိုင်းဖုန်း (က) ကျေးရွာအုပ်စုနဲ့ မိုင်းဖုန်း (ခ) ကျေးရွာအုပ်စုတွေမှာလည်း နေအိမ်တွေက ပိုက်ဆံစုပြီး လူရှာပေးမယ့်အစီအစဉ်သာ လုပ်ကြတယ်လို့ တာချီလိတ်မြို့နယ်အတွင်းက သားသည်ဖခင် ၁ဦးက ပြောပါတယ်။

“ဒေသခံတွေအများစုက ဘယ်သူမှ မလိုက်ချင်ကြဘူး။ ပိုက်ဆံထည့်ဆိုတော့ ထည့်လိုက်တာပေါ့။ အဲဒါ ဆေးသမားတွေ၊ အလေအလွင့်တွေကို တယောက်ကို ဘတ် ၁သိန်း၊ ၁သိန်းခွဲပေးပြီး လွှတ်မယ်ကြားတယ်” လို့ သူက ပြောပါတယ်။

တာချီလိတ်မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ရန်အောင်မြေရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက်နဲ့ ပုန်းထွန်ရပ်ကွက်တွေမှာလည်း မတ်လ ၂၁ရက်က စစ်သားစုဆောင်းရေးအတွက် အစည်းအဝေးပြုလုပ်ကြပြီး မကာဟိုခမ်းရပ်ကွက်မှာတော့ ရပ်ကွက်ထဲနေထိုင်သူတွေထဲက မဲနှိုက်ရွေးချယ်ဖို့ ဆုံးဖြတ်တယ်လို့ တာချီလိတ်မြို့ပေါ်နေထိုင်သူတစ်ဦးက ပြောပါတယ်။

“ပုန်းထွန်ရပ်ကွက်မှာ ၆ယောက်။ ဝမ်ကျောက်လုံဖက်တော့ စစ်မှု့မထမ်းချင်ရင် အိမ်ထောင်စုတစ်စုကို ဘတ် ၁ထောင်ထည့်ရင် တစ်နှစ်စာလွတ်တယ်ကြားတယ်။ အိမ်ထောင်စုတစ်စု ဘတ် ၁ထောင်က လူစားထိုးမယ့်လူကိုပေးရမယ်လို့ကြားတယ်ဗျ။ ဆန်ဆိုင်းဘက်လည်း ကောက်နေပြီ။ မကာဟိုခမ်းရပ်ကွက်ကတော့ ဒီနေ့ (မတ်လ ၂၂ရက်) မဲနှိုက်ပြီး သင်တန်းတက်ရမယ်” လို့ သူက ပြောပါတယ်။

စစ်သားစုဆောင်းရေးအတွက် မဲနှိုက်ရမယ့်ရပ်ကွက်တွေက ပြည်သူတွေအနေနဲ့ စိတ်ဆင်းရဲနေရပြီး အမျိုးသားဦးရေများတဲ့ အိမ်ထောင်စုက အမျိုးသမီးတွေအနေနဲ့ ပိုပြီး စိတ်ပင်ပန်းရတယ်လို့ မကာဟိုခမ်းရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ရှမ်းပြည်အရှေ့ပိုင်းမှာ တာချီလိတ်ခရိုင်အတွင်းမှာသာမက ကျိုင်းတုံခရိုင်ထဲက ရပ်ကွက်တွေ၊ ကျေးရွာအုပ်စုတွေမှာလည်း မတ်လ တတိယပတ်အတွင်း စတင်ကောက်ခံနေပြီလို့ ဒေသခံတွေထံက သိရပါတယ်။

ရှမ်းအရှေ့မှာ စစ်ကောင်စီက ထုတ်ပြန်တဲ့ စစ်မှုထမ်းဥပဒေအရ လူစုဆောင်းတာတင်မကဘဲ ပြည်သူ့စစ်အဟောင်းတွေကိုလည်း စစ်သင်တန်းပြန်ပေးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

MK – 004

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့မှာ ဒေသခံတွေကို စစ်ကောင်စီ ဖမ်ဆီးပြီး ဓါးစာခံလုပ်ထား

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ပင်းအွန်းနဲ့ ထမ်းယမ်ကျေးရွာမှာ ရွာခံ အရပ်သားတွေကို စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) တို့က ဖမ်းဆီးပြီး ဓါးစာခံ လုပ်ထားတယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA)က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

KNDF စစ်သင်တန်း ရှမ်းတောင် သင်တန်းသား ၁၅၀ ကျော် ပါဝင်၊ စစ်မှုထမ်းဥပေဒထုတ်ပြီးမှ တက်ရောက်သူ များပြား

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ ဗျူဟာအသစ်အတွက် ပြုလုပ်ခဲ့တဲ့ အခြေခံစစ်သင်တန်းမှာ ရှမ်းတောင်က သင်တန်းသားအသစ် ၁၅၀ ကျော် ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ညောင်ရွှေ တောင်ပို့ကွဲရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ရွာစေတီ ထိမှန်ပျက်စီး

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေ့မြို့နယ်၊ တောင်ပို့ကွဲကျေးရွာကို မနေ့ ဧပြီ ၃၀ ရက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကျေးရွာရဲ့ အနောက်ဘက်ရှိ စေတီ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင်တွေ မိုးရာသီမှာ ငှက်ဖျားကူးစက်မှုများလာနိုင်တယ်လို့ ဆို

ကရင်နီပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေက မိုးရာသီကာလရောက်ရင် ငှက်ဖျားရောဂါကူးစက်မှုနှုန်း ပိုများလာနိုင်တယ်လို့ စစ်ရှောင်ပြည်သူတွေကို ဆေးကုသပေးနေတဲ့ ဒေါက်တာချစ်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖယ်ခုံ ညောင်ကုန်းရပ်ကွက်မှ အိမ်တစ်လုံးကို စစ်ကောင်စီဒရုန်း ဗုံးကြဲ

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ညောင်ကုန်း ၄ ရပ်ကွက်မှ အိမ်တစ်လုံးကို စစ်ကောင်စီက ဧပြီ ၃၀ ရက်နေ့ နေ့လယ်ပိုင်းက ဒရုန်းနဲ့ဗုံးချခဲ့လို့ ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ထားဝယ်မှာ တိုက်ပွဲပြင်းထန်နေလို့ နိုင်ငံသားတွေကို ကယ်တင်ရေး ထိုင်းစစ်သင်္ဘော ၄ စီး အသင့်ပြင်ထား

တနင်္သာရီတိုင်း ထားဝယ်လမ်းပိုင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေလို့ ပိုဆိုး ဝါးလာရင် စစ်ဇုန်ထဲရောက်နေတဲ့ ထိုင်းနိုင်ငံသားတွေကို ကယ်တင်ဖို့ ထိုင်းလေတပ်က စစ်သင်္ဘော ၄ စီးကို အန်ဒမန်ပင်လယ်ကမ်းရိုးတန်းမှာ အသင့် ချထားပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now