မြန်မာ့နွေဦး

Unity PDF ရဲဘော် ၃၉ ဦး ဆင်ဖြူစစ်ကြောင်းက နှုတ်ထွက်ပြီး စောနယ်ဒါးမြထံ ခိုလှုံ

မဲခေါင် 5 Mar - 2023
မဲခေါင်၊ မတ် ၅ ကရင်ပြည်နယ် Unity PDF တပ်ခွဲက ရဲဘော် ၃၉ ဦးဟာ ဗိုလ်စလုံးဦးဆောင်တဲ့ ဆင်ဖြူစစ်ကြောင်းကနေ နှုတ်ထွက်သွားပြီး ဗိုလ်ချုပ်စောနယ်ဒါးမြထံ ခိုလှုံသွားတယ်လို့သိရပါတယ်။

မဲခေါင်၊ မတ် ၅

ကရင်ပြည်နယ် Unity PDF တပ်ခွဲက ရဲဘော် ၃၉ ဦးဟာ ဗိုလ်စလုံးဦးဆောင်တဲ့ ဆင်ဖြူစစ်ကြောင်းကနေ နှုတ်ထွက်သွားပြီး ဗိုလ်ချုပ်စောနယ်ဒါးမြထံ ခိုလှုံသွားတယ်လို့သိရပါတယ်။

ဆင်ဖြူစစ်ကြောင်းကို ဦးစီးနေတဲ့ ဗိုလ်စလုံးနဲ့ အဆိုပါရဲဘော် ၃၉ ဦးဟာ သဘောထားချင်းမတိုက်ဆိုင်တော့တာကြောင့် စစ်ကြောင်းကနေနှုတ်ထွက်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။

ဆင်ဖြူစစ်ကြောင်းကနေ နှုတ်ထွက်ခဲ့ပေမဲ့ တော်လှန်ရေးတိုက်ပွဲတွေဆက်တိုက်လိုတာကြောင့် ကော်သူးလေ တပ်မတော် စစ်ဦးစီးချုပ် ထံခိုလှုံတာဖြစ်ကြောင်း ရဲဘော် ၃၉ ဦးက သူတို့ လက်မှတ်ရေးထိုးထားတဲ့စာနဲ့ အတူ အသိပေးထုတ်ပြန်ခဲ့ပါတယ်။

ဗိုလ်ချုပ်စောနယ်ဒါးမြ က အရင်က ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်- KNDOကစစ်ဦးစီးချုပ်ဖြစ်ကာစစ်ကောင်စီနဲ့ NCAစာချုပ်ရေးထိုးထားတဲ့ KNDOကနေအထုတ်ပယ်ခံရပြီးနောက် ‌ကော်သူးလေတပ်မတော်ကို တည်ထောင်ကာ စစ်ကောင်စီကို တိုက်ခိုက်နေတာပါ။

MK-007

#MeKongNews

#ကော်သူးလေတပ်မတော် #စောနယ်ဒါးမြ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်မှုထမ်းဥပဒေကြောင့် တပ်ဖွဲ့ဝင်ဦးရေ ၈၀ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ ဓနု PDF ပြော

ရွာငံနဲ့ ပင်းတယမြို့နယ်အတွင်း စစ်မှုထမ်းဥပဒေကြောင့် လာရောက် တာဝန်ထမ်းဆောင်မယ့် တပ်ဖွဲ့ဝင် အသစ်တွေ ၈၀ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ DPLF တာဝန်ရှိသူတွေက
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တာချီလိတ်မြို့အဝင်မှာ မှတ်ပုံတင်မပါတဲ့သူတွေကို စစ်ကောင်စီက ဒဏ်ငွေ ၃ သိန်း ဆောင်ခိုင်း

ရှမ်းရှေ့ တာချီလိတ်မြို့အဝင်မှာ မှတ်ပုံတင်မပါတဲ့သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိုက်ဆံ ၃ သိန်းတောင်းလို့ ပေးခဲ့ရကြောင်း အမျိုးသမီးတစ်ဦးကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မုံးကိုးမြို့က KIA ရုံးကို MNDAA ချိတ်ပိတ် စာကပ်

၊ မုံးကိုးမြို့ထဲက ကချင်လွတ်လပ်ရေးတပ်မ‌တော် (KIA) ရဲ့ မြို့နယ်ရုံးကို ကိုးကန့် MNDAA တပ်ဖွဲ့က ချိပ်ပိတ် စာလာကပ်ထားကြောင်း ‌KIA အသိုင်းအဝိုင်းက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖာပွန်အခြေစိုက် ခမရ-၄၃၄ တပ်ရင်းကို KNLA နဲ့ ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်

ဖာပွန်အခြေစိုက် စစ်ကောင်စီ ခမရ-၄၃၄ တပ်ရင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့မဟာမိတ်ပူးပေါင်းတပ်တွေက ဧပြီ ၂၄ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဘင်္ဂလားဒေ့ရှ်အကျဉ်းသား ၁၇၃ ယောက်ကို စစ်ကောင်စီပြန်ပို့ပေးပြီး ဘင်္ဂလားဘက်ပြေးတဲ့ တပ်သား ၂၈၈ ယောက်ကို ဒီနေ့ ပြန်ခေါ်

စကစတပ်နဲ့ နယ်ခြားစောင့်တပ်သား ၂၈၈ ယောက်ကို ချင်းတွင်းသင်္ဘောနဲ့ပဲ ပြန်လည် ပို့ဆောင်ပေးခဲ့ပြီဖြစ်ကြောင်း ကော့ဘဇားလွှတ်တော်အမတ် ဆိုင်မန် ဆာဝါကာမယ်က အတည်ပြုထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကျည်ကာအင်္ကျီနဲ့ ဦးထုပ်အတွက် အင်းလေး PDF ကမ်ပိန်းပြုလုပ်

အင်းလေးကာကွယ်ရေးတပ်ဖွဲ့အမှတ် ၁၀၀၉ IPDF က တပ်ဖွဲ့ဝင်တွေအတွက် ကျည်ကာဦးထုပ်နဲ့ ကျည်ကာ Vest တွေအတွက် ကမ်ပိန်းပြုလုပ်ကြောင်း ဒီနေ့ဧပြီ ၂၅ ရက်မှာ အဲ့ဒီ့တပ်ရင်းက တာဝန်ရှိသူတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတပ်တွေကို အင်းလေးအမျိုးသမီး သမဂ္ဂအဖွဲ့ ရိက္ခာလှူဒါန်း

အင်းလေးအမျိုးသမီးသမ္မဂအဖွဲ့ (IWU) က လင်လမ်တောင် ကျေးရွာအုပ်စု၊ ညောင်လေးပင်ကျေးရွာမှာ တိုက်ပွဲ၀င်နေတဲ့ တော်လှန်ရေးအင်အားစုတွေအတွက် ဘလာချောင်ကြော် သွားရောက်လှူဒါန်းခဲ့တယ်လို့ အဖွဲ့တာ၀န်ရှိသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းပြည်တပ်မတော် (SSPP/SSA) တည်ထောင်ခြင်း နှစ် ၆၀ ပြည့် အခမ်းအနား ကျင်းပ

ရှမ်းပြည်တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းအခြေစိုက် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တည်ထောင်ခြင်း နှစ် ၆၀ အခမ်းအနားကို ဒီနေ့မနက်မှာ ဌာနချုပ် ဝမ်ဟိုင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now