မြန်မာ့နွေဦး

ကိုးကန့်၊ TNLA ၊ AA မဟာမိတ် ၃ဖွဲ့နဲ့ စစ်ကောင်စီတို့ မိုင်းလားမြို့မှာ မနက်ဖြန် တွေ့ဆုံဆွေးနွေးဖို့ ရှိနေ

မဲခေါင် 30 May - 2023
မဲခေါင် ၊ မေ ၃၀ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရခိုင်အဖွဲ့ AA၊ တအာင်းအဖွဲ့ TNLA ၊ ကိုးကန့်အဖွဲ့ MNDAA နဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) တို့ မနက်ဖြန် မိုင်းလားမှာ တွေ့ဆုံဆွေးနွေးကြမယ်လို့ မိုင်းလားအဖွဲ့ NDAA က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

မဲခေါင် ၊ မေ ၃၀

ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရခိုင်အဖွဲ့ AA၊ တအာင်းအဖွဲ့ TNLA ၊ ကိုးကန့်အဖွဲ့ MNDAA နဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) တို့ မနက်ဖြန် မိုင်းလားမှာ တွေ့ဆုံဆွေးနွေးကြမယ်လို့ မိုင်းလားအဖွဲ့ NDAA က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် အဲ့ဒီဆွေးနွေးပွဲမှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် နိုင်ငံခြားရေးရာ အထူးသံတမန် မစ္စတာ ကောပေါင် ကလည်း ဆွေးနွေးပွဲ အောင်မြင်စွာဖြစ်မြောက်ရေးအတွက် တရုတ်နိုင်ငံ ကိုယ်စားလှယ်အဖြစ် ပါဝင်သွားမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မနက်ဖြန် မိုင်းလားမှာ ပြုလုပ်မယ့် စစ်ကောင်စီကိုယ်စားလှယ် နဲ့ မဟာမိတ် ၃ ဖွဲ့ ဆွေးနွေးပွဲမှာ ဘယ်အကြောင်းအရာတွေကို ဆွေးနွေးမယ်ဆိုတာကိုတော့ ထုတ်ပြန်ချက်မှာဖော်ပြထားခြင်းမရှိပါဘူး။

မိုင်းလားမှာ ပြုလုပ်မယ့် ဆွေးနွေးပွဲဟာ နယ်မြေကိစ္စတွေ၊ ရခိုင်ပြည်နယ် မိုခါမုန်တိုင်း နောက်ဆက်တွဲ အကူအညီပေးရေးကိစ္စတွေ နဲ့ စစ်ကောင်စီက ပြုလုပ်ချင်တဲ့ ရွေးကောက်ပွဲကိစ္စတွေဟာ ဆွေးနွေးမှုမှာ ပါဝင်လာနိုင်တယ်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ – FPNCC နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

“ကိုးကန့်အဖွဲ့ နဲ့ တအာင်းအဖွဲ့က နယ်မြေကိစ္စတွေ ဆွေးနွေးနိုင်တယ်။ နောက်ပြီးတော့ AA အနေနဲ့က အခုရခိုင်မှာ ဝင်ရောက်လာမယ့် အကူအညီတွေကို စစ်ကောင်စီက ပိတ်ဆို့တာတွေလည်းရှိတော့ ရခိုင်ပြည်နယ် မိုခါ မုန်တိုင်းနောက်ဆက်တွဲကိစ္စတွေကို ဆွေးနွေးနိုင်တယ်” လို့ FPNCC နဲ့ နီးစပ်သူက ပြောပါတယ်။

ဒါ့အပြင် အခု စစ်ကောင်စီ နဲ့ တွေ့ဆုံဆွေးနွေးမယ့် မဟာမိတ် ၃ ဖွဲ့ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကို အကူအညီပေးနေတဲ့ အဖွဲ့တွေဖြစ်တာကြောင့် PDF အပေါ်လည်း သက်ရောက်မှု ရှိနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။

“ ၃ ဖွဲ့လုံးက PDF တွေကို အကူအညီပေးနေတာတွေရှိတဲ့အတွက် စစ်ကောင်စီဘက်က အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ဖိအားပေး ဆွေးနွေးနိုင်တယ်၊ ဒါကြောင့် PDF အပေါ် တစ်စုံတစ်ရာ သက်ရောက်မှုလည်း ရှိချင်ရှိလာနိုင်တယ်” လို့ သူ ကပြောပါတယ်။

ဒါ့အပြင် မနက်ဖြန်တွေ့ဆုံဆွေးနွေးမှုမှာ တရုတ်နိုင်ငံကိုယ်စားလှယ်လည်း တက်ရောက်မှာဖြစ်တဲ့အတွက် ဆွေးနွေးပွဲဖြစ်မြောက်ဖို့ တရုတ်နိုင်ငံက ကြားဝင်ပြီး ဖိအားပေး ဆောင်ရွက်မှုကြောင့် ဆွေးနွေးပွဲဖြစ်လာတာဖြစ်တယ်လို့ သတင်းရင်းမြစ်ကသုံးသပ်ပြောဆိုပါတယ်။

အဲ့ဒီဆွေးနွေးပွဲကို တက်ရောက်ဖို့ ရခိုင်တပ်တော် AA၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ရဲ့ ကိုယ်စားလှယ်တွေဟာ မိုင်းလားမြို့ကို ရောက်ရှိလာပြီဖြစ်တယ်လို့ မိုင်းလားအဖွဲ့ NDAA က ထုတ်ပြန်ပါတယ်။

မနက်ဖြန် မိုင်းလားမှာ ပြုလုပ်မယ့် မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ ကိုယ်စားလှယ် NSPNC တို့ ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး TNLA ပြောရေးဆိုခွင့်ရှိသူတွေ နဲ့ ကိုးကန့်အဖွဲ့ MNDAA အဖွဲ့ရဲ့ ဖုန်းတွေကို ဆက်သွယ်မေးမြန်းပေမယ့် ပြန်လည်ဖြေကြားတာမရှိပါဘူး။

စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) ကို စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် က ဥက္ကဌ ဖြစ်ပါတယ်။

ပြီးခဲ့ မတ်လ ၂၂ ရက်နေ့မှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေထဲက “ဝ”ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP)၊ မိုင်းလား ခေါ် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ကိုယ်စားလှယ်အဖွဲ့ နဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တဲ့အဖွဲ့တို့ဟာ နေပြည်တော်မှာ ၃ ရက်တိုင်တိုင် တွေ့ဆုံခဲ့ကြီး ရွေးကောက်ပွဲကိစ္စကို ဆွေးနွေးကြတဲ့ ဖြစ်စဉ်လည်းရှိပါတယ်။

ဒါကြောင့် အခု AA ၊ TNLA ၊ MNDAA မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ ကိုယ်စားလှယ်တွေ မိုင်းလားမှာ တွေ့တာဟာလည်း စစ်ကောင်စီဖက်က ရွေးကောက်ပွဲကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးနိုင်တယ်လို့ ရှမ်းပြည်အရေး ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်မှာလည်း ဝ အဖွဲ့UWSP၊ မိုင်းလားအဖွဲ့-NDAA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ၊ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ရက္ခိုင့် တပ်တော် (AA) ၊ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ဟာ ပန်ဆန်းမြို့မှာ ၂ ရက်ကြာ တွေ့ဆုံခဲ့ကြပါတယ်။ အဲ့ဒီ တွေ့ဆုံပြီးတဲ့နောက် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ခေါင်းဆောင် တချို့ဟာ တရုတ် အစိုးရရဲ့အထူးကိုယ်စားလှယ် တိန့်ရှီကျန်နဲ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံခဲ့ကြပါသေးတယ်။

CJ – 002
#MeKongNews
#TNLA
#AA
#MNDAA
#မိုင်းလား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်မှုထမ်းဥပဒေကြောင့် တပ်ဖွဲ့ဝင်ဦးရေ ၈၀ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ ဓနု PDF ပြော

ရွာငံနဲ့ ပင်းတယမြို့နယ်အတွင်း စစ်မှုထမ်းဥပဒေကြောင့် လာရောက် တာဝန်ထမ်းဆောင်မယ့် တပ်ဖွဲ့ဝင် အသစ်တွေ ၈၀ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ DPLF တာဝန်ရှိသူတွေက
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တာချီလိတ်မြို့အဝင်မှာ မှတ်ပုံတင်မပါတဲ့သူတွေကို စစ်ကောင်စီက ဒဏ်ငွေ ၃ သိန်း ဆောင်ခိုင်း

ရှမ်းရှေ့ တာချီလိတ်မြို့အဝင်မှာ မှတ်ပုံတင်မပါတဲ့သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိုက်ဆံ ၃ သိန်းတောင်းလို့ ပေးခဲ့ရကြောင်း အမျိုးသမီးတစ်ဦးကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မုံးကိုးမြို့က KIA ရုံးကို MNDAA ချိတ်ပိတ် စာကပ်

၊ မုံးကိုးမြို့ထဲက ကချင်လွတ်လပ်ရေးတပ်မ‌တော် (KIA) ရဲ့ မြို့နယ်ရုံးကို ကိုးကန့် MNDAA တပ်ဖွဲ့က ချိပ်ပိတ် စာလာကပ်ထားကြောင်း ‌KIA အသိုင်းအဝိုင်းက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖာပွန်အခြေစိုက် ခမရ-၄၃၄ တပ်ရင်းကို KNLA နဲ့ ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်

ဖာပွန်အခြေစိုက် စစ်ကောင်စီ ခမရ-၄၃၄ တပ်ရင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့မဟာမိတ်ပူးပေါင်းတပ်တွေက ဧပြီ ၂၄ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဘင်္ဂလားဒေ့ရှ်အကျဉ်းသား ၁၇၃ ယောက်ကို စစ်ကောင်စီပြန်ပို့ပေးပြီး ဘင်္ဂလားဘက်ပြေးတဲ့ တပ်သား ၂၈၈ ယောက်ကို ဒီနေ့ ပြန်ခေါ်

စကစတပ်နဲ့ နယ်ခြားစောင့်တပ်သား ၂၈၈ ယောက်ကို ချင်းတွင်းသင်္ဘောနဲ့ပဲ ပြန်လည် ပို့ဆောင်ပေးခဲ့ပြီဖြစ်ကြောင်း ကော့ဘဇားလွှတ်တော်အမတ် ဆိုင်မန် ဆာဝါကာမယ်က အတည်ပြုထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကျည်ကာအင်္ကျီနဲ့ ဦးထုပ်အတွက် အင်းလေး PDF ကမ်ပိန်းပြုလုပ်

အင်းလေးကာကွယ်ရေးတပ်ဖွဲ့အမှတ် ၁၀၀၉ IPDF က တပ်ဖွဲ့ဝင်တွေအတွက် ကျည်ကာဦးထုပ်နဲ့ ကျည်ကာ Vest တွေအတွက် ကမ်ပိန်းပြုလုပ်ကြောင်း ဒီနေ့ဧပြီ ၂၅ ရက်မှာ အဲ့ဒီ့တပ်ရင်းက တာဝန်ရှိသူတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတပ်တွေကို အင်းလေးအမျိုးသမီး သမဂ္ဂအဖွဲ့ ရိက္ခာလှူဒါန်း

အင်းလေးအမျိုးသမီးသမ္မဂအဖွဲ့ (IWU) က လင်လမ်တောင် ကျေးရွာအုပ်စု၊ ညောင်လေးပင်ကျေးရွာမှာ တိုက်ပွဲ၀င်နေတဲ့ တော်လှန်ရေးအင်အားစုတွေအတွက် ဘလာချောင်ကြော် သွားရောက်လှူဒါန်းခဲ့တယ်လို့ အဖွဲ့တာ၀န်ရှိသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းပြည်တပ်မတော် (SSPP/SSA) တည်ထောင်ခြင်း နှစ် ၆၀ ပြည့် အခမ်းအနား ကျင်းပ

ရှမ်းပြည်တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းအခြေစိုက် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တည်ထောင်ခြင်း နှစ် ၆၀ အခမ်းအနားကို ဒီနေ့မနက်မှာ ဌာနချုပ် ဝမ်ဟိုင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now