နေ့စဥ်သတင်း

ရှမ်းမြောက်တွင် အရေးပါသော အခြေခံအဆောက်အအုံ ၂၆ ရာခိုင်နှုန်းကို MNDAA က ထိန်းချုပ်ထား

မဲခေါင် 24 Sep - 2026
မဲခေါင်၊ စက်တင်ဘာ ၂၄ ရှမ်းပြည်မြောက်ပိုင်းတွင် တည်နေရာ၊ စီးပွားရေးနှင့် လုံခြုံရေးအရ အရေးပါမှုမြင့်မားသော အခြေခံအဆောက်အအုံ ၄၇ ခုရှိပြီး ထိုအထဲမှ ၁၂ ခု၊ ၂၆ ရာခိုင်နှုန်းကို ကိုးကန့်တပ်ဖွဲ့ -MNDAA က အပြည့်အဝ ထိန်းချုပ်ထားကြောင်း ISP-Myanmar ၏ အစီရင်ခံစာအရ သိရသည်။ ISP-Myanmar၏ ယခုစက်တင်ဘာလထုတ် အစီရင်ခံစာအရ အဆိုပါ အရေးပါမှု မြင့်မားသော အခြေခံအဆောက်အအုံများကို ကိုးကန့်တပ်ဖွဲ့က ၁၂ ခု ၊၂၆ ရာခိုင်နှုန်း၊ စစ်ကောင်စီတပ်တပ်က ၈ ခု၊ ၁၇ ရာခိုင်နှုန်း၊ UWSA က ၅ ခု၊ ၁၁ ရာခိုင်နှုန်း၊ ညီနောင်မဟာမိတ်အဖွဲ့က ၃

မဲခေါင်၊ စက်တင်ဘာ ၂၄

ရှမ်းပြည်မြောက်ပိုင်းတွင် တည်နေရာ၊ စီးပွားရေးနှင့် လုံခြုံရေးအရ အရေးပါမှုမြင့်မားသော အခြေခံအဆောက်အအုံ ၄၇ ခုရှိပြီး ထိုအထဲမှ ၁၂ ခု၊ ၂၆ ရာခိုင်နှုန်းကို ကိုးကန့်တပ်ဖွဲ့ -MNDAA က အပြည့်အဝ ထိန်းချုပ်ထားကြောင်း ISP-Myanmar ၏ အစီရင်ခံစာအရ သိရသည်။

ISP-Myanmar၏ ယခုစက်တင်ဘာလထုတ် အစီရင်ခံစာအရ အဆိုပါ အရေးပါမှု မြင့်မားသော အခြေခံအဆောက်အအုံများကို ကိုးကန့်တပ်ဖွဲ့က ၁၂ ခု ၊၂၆ ရာခိုင်နှုန်း၊ စစ်ကောင်စီတပ်တပ်က ၈ ခု၊ ၁၇ ရာခိုင်နှုန်း၊ UWSA က ၅ ခု၊ ၁၁ ရာခိုင်နှုန်း၊ ညီနောင်မဟာမိတ်အဖွဲ့က ၃ ခု၊ ၆ ရာခိုင်နှုန်းနှင့် TNLA က ၂ ခု၊ ၄ ရာခိုင်နှုန်း အသီးသီး အပြည့်အဝ ထိန်းချုပ်ထားသည်။

ထို့အပြင် အရေးပါမှုမြင့်မားသော အခြေခံအဆောက်အအုံ ၄၇ ခုထဲမှ ၁၀ ခု၊ ၂၁ ရာခိုင်နှုန်းမှာ စစ်ကောင်စီတပ်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ထိန်းချုပ်နိုင်ရေးအတွက် အားပြိုင်နေသော အခြေအနေရှိသည်ဟု ISP-Myanmar က ဖော်ပြထားသည်။

အဆိုပါ အရေးပါမှုမြင့်မားသည့် အခြေခံအဆောက်အအုံများတွင် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်များအပြင် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးလမ်းကြောင်းများကို ချိတ်ဆက်ထားသော လမ်းပိုင်းများ ပါဝင်သည်။

ယခုအချက်အလက်များသည့် ရှမ်းပြည်မြောက်ပိုင်း မြို့နယ် ၂၄ ခုအတွင်းရှိ အခြေခံအဆောက်အအုံ စုစုပေါင်း ၄၇၂ ခုကို ISP-Myanmarက လေ့လာထားခြင်းဖြစ်ပြီး အဆိုပါ အဆောက်အအုံများထဲတွင် လမ်း၊ တံတားနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများလည်း ပါဝင်သည်။

ထိုအခြေခံအဆောက်အအုံ ၄၇၂ ခုများကို TNLAက ၁၃၀ ခု၊ ၂၈ ရာခိုင်နှုန်းဖြင့် အများဆုံး အပြည့်အဝ ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်က ၈၃ ခု၊ ၁၈ ရာခိုင်နှုန်းနှင့် MNDAAက ၆၀ ခု၊ ၁၃ ရာခိုင်နှုန်း ထိန်းချုပ်ထားကြောင်းလည်း ISP-Myanmar က ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်၊ MNDAA၊ TNLA၊ KIA၊ UWSA နှင့် SSPP/SSA အပါအဝင် လက်နက်ကိုင်အဖွဲ့များအကြား ထိန်းချုပ်နိုင်ရေးအတွက် အားပြိုင်နေသော အခြေခံအဆောက်အအုံမှာ ၇၄ ခု၊ ၁၆ ရာခိုင်နှုန်းရှိသည်။

စစ်ကောင်စီတပ်၊ MNDAA၊ SSPP၊ UWSA နှင့် ညီနောင်မဟာမိတ်အဖွဲ့ အပါအဝင် လက်နက်ကိုင်အဖွဲ့များအကြား တရားဝင်သဘောတူညီချက်မဟုတ်သော်လည်း ညှိနှိုင်းမှု သို့မဟုတ် မျှဝေထိန်းချုပ်မှုသဘောမျိုးဖြင့် ထိန်းချုပ်ထားသော အခြေခံအဆောက်အအုံ ၇၄ ခု၊ ၁၆ ရာခိုင်နှုန်းလည်း ရှိသည်။

ISP-Myanmar၏ လေ့လာချက်အရ တရုတ်ကုမ္ပဏီများ အကောင်အထည်ဖော်နေသော စက်ရုံအချို့ကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားနိုင်သော်လည်း တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးအတွက် မဟာဗျူဟာအရ အရေးပါပြီး စီးပွားရေးအကျိုးစီးပွားနှင့် ဆက်စပ်မှုများပြားသော အဆောက်အအုံများ၊ စီမံကိန်းနေရာများနှင့် လမ်းပိုင်းများမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်ဟုISPကဆိုသည်။

ထူးခြားချက်တစ်ရပ်အနေဖြင့် ရှမ်းမြောက်တွင် အရေးပါမှုမြင့်မားသော အခြေခံအဆောက်အအုံများအနက် KIA နှင့် SSPP/SSAတို့က တစ်ခုကိုမျှ အပြည့်အဝ ထိန်းချုပ်ထားနိုင်ခြင်းမရှိသည်ကိုလည်း တွေ့ရသည်ဟု အစီရင်ခံစာတွင် ဆိုသည်။

ယခုအချက်အလက်များ ၂၀၂၆ ခုနှစ် မတ်လ ၁၈ ရက်အထိ ရရှိထားသော အချက်အလက်များအပေါ် အခြေခံထားခြင်းဖြစ်ပြီး ISP-Myanmar က အများပြည်သူ လွတ်လပ်စွာ ရယူကြည့်ရှုနိုင်သော ရင်းမြစ်များကို အသုံးပြု၍ လေ့လာထားခြင်း ဖြစ်သဖြင့် ဒေတာရရှိမှု အကန့်အသတ်နှင့် နည်းနာပိုင်းဆိုင်ရာ ကွဲပြားမှုများကြောင့် အချက်အလက်အချို့တွင် ကွဲလွဲမှုများ ရှိနိုင်ကြောင်းလည်း ISP-Myanmar က အသိပေးထားသည်။

#MeKongNews
#ရှမ်းမြောက်
#ကိုးကန့်
#အဆောက်အဦ
#MNDAA
#ထိန်းချုပ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now