နေ့စဥ်သတင်း

တာချီလိတ်တွင် ပြည်သူကို စိတ်ဒုက္ခအပေးဆုံးဌာနအဖြစ် မြို့နယ်မြေစာရင်း ဆက်လက်ရပ်တည်၊ မြေစာရင်းမှူး ဦးထွန်းအေး ဘတ်သိန်းချီ လာဘ်ယူသည့်အပြင် မောက်မာရိုင်းစိုင်းသည့်အတွက် ပြည်သူများ မကျေနပ်

မဲခေါင် 27 Jul - 2025
မဲခေါင်၊ ဇူလိုင် ၂၇ တာချီလိတ်မြို့တွင် မြို့နယ်မြေစာရင်းဦးစီးဌာနမှာ ပြည်သူများ ဝင်ထွက်သွားလာ လုပ်ကိုင်ရာတွင် အဆင်မပြေဆုံးဖြစ်နေပြီး လုပ်ငန်းများလုပ်ကိုင်ရာတွင် နည်းမျိုးစုံဖြင့် ကြန့်ကြာအောင်ပြုလုပ်ထားသည့် ဌာနအဖြစ်ရှိနေကြောင်း ဒေသခံများက ပြောသည်။ တာချီလိတ်မြို့နယ်မြေစာရင်းမှူး ဦးထွန်းအေးမှာ ပုံစံ (၁၀၅) လျှောက်ထားရာတွင်လည်ကောင်း၊ အခြားမြေစာရင်းဆိုင်ရာ ရုံးလုပ်ငန်းကိစ္စများတွင်လည်ကောင်း ကိစ္စတစ်ခုလျင် ဘတ် ၅သောင်းမှ ဘတ် ၄သိန်း၊ ၅သိန်းအထိ လာဘ်ငွေရယူသည့်အပြင် ပြည်သူများကို မောက်မာရိုင်းစိုင်းစွာ ဆက်ဆံသည့်အတွက် အများက မကျေနပ်ကြောင်း ဒေသခံများကပြောသည်။ “ငွေမယူဘဲ​ မှန်မှန်ကန်ကန်လုပ်လားဆိုတော့လည်း မဟုတ်ဘူး။​ အများကြီးကိုယူတာ။ သူ့ရုံးကိုသွားရင်လည်း ဘယ်တော့မှ စိတ်မချမ်းသာရဘူး၊​ အကြောင်းအမျိုးမျိုးပြပြီး စိတ်ညစ်အောင်လုပ်တယ်။ ပြည်သူတွေအပေါ်ဆက်ဆံပုံက အရမ်းဆိုးတယ်” ဟု တာချီလိတ်ဒေသခံတစ်ဦးက ပြောသည်။ တာချီလိတ်မြို့တွင်

မဲခေါင်၊ ဇူလိုင် ၂၇

တာချီလိတ်မြို့တွင် မြို့နယ်မြေစာရင်းဦးစီးဌာနမှာ ပြည်သူများ ဝင်ထွက်သွားလာ လုပ်ကိုင်ရာတွင် အဆင်မပြေဆုံးဖြစ်နေပြီး လုပ်ငန်းများလုပ်ကိုင်ရာတွင် နည်းမျိုးစုံဖြင့် ကြန့်ကြာအောင်ပြုလုပ်ထားသည့် ဌာနအဖြစ်ရှိနေကြောင်း ဒေသခံများက ပြောသည်။

တာချီလိတ်မြို့နယ်မြေစာရင်းမှူး ဦးထွန်းအေးမှာ ပုံစံ (၁၀၅) လျှောက်ထားရာတွင်လည်ကောင်း၊ အခြားမြေစာရင်းဆိုင်ရာ ရုံးလုပ်ငန်းကိစ္စများတွင်လည်ကောင်း ကိစ္စတစ်ခုလျင် ဘတ် ၅သောင်းမှ ဘတ် ၄သိန်း၊ ၅သိန်းအထိ လာဘ်ငွေရယူသည့်အပြင် ပြည်သူများကို မောက်မာရိုင်းစိုင်းစွာ ဆက်ဆံသည့်အတွက် အများက မကျေနပ်ကြောင်း ဒေသခံများကပြောသည်။

“ငွေမယူဘဲ​ မှန်မှန်ကန်ကန်လုပ်လားဆိုတော့လည်း မဟုတ်ဘူး။​ အများကြီးကိုယူတာ။ သူ့ရုံးကိုသွားရင်လည်း ဘယ်တော့မှ စိတ်မချမ်းသာရဘူး၊​ အကြောင်းအမျိုးမျိုးပြပြီး စိတ်ညစ်အောင်လုပ်တယ်။ ပြည်သူတွေအပေါ်ဆက်ဆံပုံက အရမ်းဆိုးတယ်” ဟု တာချီလိတ်ဒေသခံတစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် တောင်ကုန်းဖြိုကာ မြေကွက်ရိုက်ခြင်း၊ လယ်မြေကို မြေဖို့ကာ မြေကွက်ရိုက်ခြင်းများစွာ ရှိနေပြီး ထိုသို့ ပြုလုပ်နေသည်ကို မြို့နယ်မြေစာရင်းက လာဘ်ငွေရယူကာ ခွင့်ပြုထားကြောင်း၊ မြို့နယ်မြေစာရင်းမှူးမှ လာဘ်ငွေမရသည့် မြေကွက်များကိုမူ ခြိမ်းခြောက်အကြပ်ကိုင်ကာ ပြသနာရှာကြောင်း ကိုယ်တိုင်ကြုံတွေ့သူတစ်ဦးကလည်းပြောသည်။

“စျ ရှိတဲ့တောင်ကုန်း၊ ပန်းဝါဘုရားအနီးရှိတောင်ကုန်းတွေကိုလည်း တောင်ဖြို၊ အကွက်ရိုက်နေတာတွေ၊ လွယ်စတုံကုန်းပေါ်ကိုဖြို မြေရောင်းစားနေတာတွေကို မသိချင်ယောင်ဆောင်နေတယ်။ မှန်မှန်ကန်ကန်လုပ်တဲ့လူဆိုရင် ဘယ်တော့မှ မရဘူး။ သူ (မြို့နယ်မြေစာရင်းမှူး)က တော်တော်ကို ဆိုးနေတာပါ။ ငွေမရမချင်း အရမ်းရစ်တာ။ မြေတစ်ကွက်ကိုလည်း အနိမ့်ဆုံး ၅သောင်းကနေ ၄သိန်း၊ ၅သိန်းအထိတောင်းတယ်” ဟု ၎င်းကပြောသည်။

တာချီလိတ်မြို့နယ်မြေစာရင်းမှူး ဦးထွန်းအေးမှာ မြေယာပြသနာများကို ဖျောက်ဖျက်ထားသည်များလည်း ရှိကြောင်း၊ တာချီလိတ်မြို့မှာ မြေယာပြသနာများမှာ မြို့နယ်မြေစာရင်း၏ လာဘ်စားမှုကြောင့် ဖြစ်ပွားနေရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

တာချီလိတ်မြို့တွင် စီးပွားရေးသမားတချို့က မြေစာရင်းနှင့်ပေါင်းကာ ချောင်းမြေဧရိယာများကို မြေဖို့ကာ အကွက်ရိုက်ရောင်းချမှုများလည်းရှိိနေပြီး ထိုသို့လုပ်ဆောင်မှုများကြောင့် မလိုလားအပ်ဘဲ ရေကြီးနစ်မြုပ်မှုများ ကြုံနေရကြောင်း ဒေသခံများကဝေဖန်သည်။

#MeKongNews
#တာချီလိတ်
#မြေစာရင်း
#လာဘ်စား
#ဦးထွန်းအေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now