မဲခေါင်၊ ဇူလိုင် ၂၁
ကမ္ဘောဒီးယားမှ ထွက်ပြေးတိမ်းရှောင်နေရသည့် အတိုက်အခံခေါင်းဆောင် ဆမ်ရိန်ဆေးက ၎င်း၏ လူမှုကွန်ရက်ပေါ်တွင် ကမ္ဘောဒီးယားအာဏာရှင် ဟွမ်ဆန်မိသားစုကို ငွေကြေးများစွာ ထောက်ပံ့ပေး နေသော ကျားဖြန့် ခေါင်းဆောင်များစာရင်းကို ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်တင်ပြသွားခဲ့သည်။
လူသားချင်းစာနာမှုသုတေသနအတိုင်ပင်ခံဌာနမှ စုံစမ်းလေ့လာထားမှုအရ ကမ္ဘောဒီးယားတွင် ပြည်ပ နိုင်ငံသား ကျားဖြန့်ရာဇာများစွာရှိနေပြီး ၎င်းတို့အား အာဏာရ ပြည်သူ့ပါတီ အကြီးအကဲများစွာက အကာအကွယ်ပေးထားသလို ထိုလုပ်ငန်းမှ ငွေများသည် အာဏာရှင် ဟွမ်ဆန်မိသားစုဆီသို့ စီးဆင်း နေခြင်းဖြစ်သည်ဟု ဆမ်ရိန်ဆေးက ရေးသားဖော်ပြခဲ့သည်။
ထို့အပြင် ဟွမ်ဆန်၏ အရိုက်အရာကို ဆက်ခံသော သားဖြစ်သူ ဝန်ကြီးချုပ် ဟွမ်မာနက်သည်လည်း မိသားစုဆွေမျိုးများကို ကျားဖြန့်အဝန်းအဝိုင်းထဲသို့ ဦးဆောင်စေခိုင်းထားသည့် ခေါင်းဆောင်တစ်ဦး ဖြစ်နေသည်ဆိုခြင်းကို ငြင်းဆန်မှု မလုပ်နိုင်ဟုလည်း ရိန်ဆေးက စွပ်စွဲသွားခဲ့သည်။
ရိန်ဆေး တင်ပြသည့် ကမ္ဘောဒီယားကျားဖြန့် ခေါင်းဆောင်များမှာ Hun To၊ Kok An၊ Ly Yong Phat ၊ Neth Savoeun၊ Hing Bun Hieng၊ Dy Vichea၊ Long Dimanche၊ Kuoch Chamroeun၊ Try Pheap နှင့် Sar Sokha တို့ဖြစ်သည်။
ကိုကလင်း
Ref:Khaosod
#MeKongNews
#ဟွမ်ဆန်
#ကျားဖြန့်
#ကမ္ဘောဒီးယား
#ဆမ်ရိန်ဆေး








