ကမ္ဘာ့သတင်း

ဗုံးတစ်လုံးကျသည်နှင့် အမေရိကန် ငရဲကျစေမည်ဟု ခါမီနီခြိမ်းခြောက်၊ ၂၄ နာရီနှင့် ၄၈ နာရီကြား စစ်ပွဲထဲဝင်ပါမည့်အရေး အမေရိကန် ဆုံးဖြတ်မည်

မဲခေါင် 19 Jun - 2025
မဲခေါင်၊ ဇွန် ၁၉ ဇွန် ၁၈ ရက်ညပိုင်းက ဒုံးကျည်ပေါင်း ၃၇၀ ဝန်းကျင်ဖြင့် အစ္စရေးနိုင်ငံသို့ အီရန်ဘက်မှ ပစ်ခတ်ခဲ့ပြီး နောက် အီရန်အား အစ္စရေးဘက်မှ ဝင်တိုက်ရန် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် စစ်ဘက်ရေးရာ အကြီးအကဲများ မိနစ် ၈၀ ကြာအရေးပေါ် အစည်းအဝေးလုပ်ကာ ၂၄ နာရီနှင့် ၄၈ နာရီအတွင်း စစ်ပွဲထဲ ပါဝင်မည့် အရေး ဆုံးဖြတ်သွားမည်ဟု သိရသည်။ အီရန်ခေါင်းဆောင် ခါမီနီက အမေရိကန် ဝင်တိုက်ခိုက်လျှင်လည်း မည်သည့်အခါတွင်မှ လက်နက်ချ အညံ့ခံမည်မဟုတ်ဘဲ ဗုံးတစ်လုံးမျှသာ မိမိနိုင်ငံအပေါ် ကျဲလျှင် အမေရိကန် ငရဲကျစေရမည်ဟုပါ ခြိမ်းခြောက်ပြောဆိုသွားခဲ့သည်။ ဒေါ်နယ်ထရမ့်ဘက်ကလည်း သံတမန်နည်းလမ်းဖြင့် စစ်ပွဲရပ်တန့်

မဲခေါင်၊ ဇွန် ၁၉

ဇွန် ၁၈ ရက်ညပိုင်းက ဒုံးကျည်ပေါင်း ၃၇၀ ဝန်းကျင်ဖြင့် အစ္စရေးနိုင်ငံသို့ အီရန်ဘက်မှ ပစ်ခတ်ခဲ့ပြီး နောက် အီရန်အား အစ္စရေးဘက်မှ ဝင်တိုက်ရန် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် စစ်ဘက်ရေးရာ အကြီးအကဲများ မိနစ် ၈၀ ကြာအရေးပေါ် အစည်းအဝေးလုပ်ကာ ၂၄ နာရီနှင့် ၄၈ နာရီအတွင်း စစ်ပွဲထဲ ပါဝင်မည့် အရေး ဆုံးဖြတ်သွားမည်ဟု သိရသည်။

အီရန်ခေါင်းဆောင် ခါမီနီက အမေရိကန် ဝင်တိုက်ခိုက်လျှင်လည်း မည်သည့်အခါတွင်မှ လက်နက်ချ အညံ့ခံမည်မဟုတ်ဘဲ ဗုံးတစ်လုံးမျှသာ မိမိနိုင်ငံအပေါ် ကျဲလျှင် အမေရိကန် ငရဲကျစေရမည်ဟုပါ ခြိမ်းခြောက်ပြောဆိုသွားခဲ့သည်။

ဒေါ်နယ်ထရမ့်ဘက်ကလည်း သံတမန်နည်းလမ်းဖြင့် စစ်ပွဲရပ်တန့် စေရန် ဦးစွာဆွေးနွေးမည်ဖြစ်ကာ ခါမီနီဘက်မှ နျူကလီးယားဖျက်သိမ်းရေး လက်မခံလျှင် ၂၄ နာရီ နှင့် ၄၈ နာရီကြား အီရန်ကို ဝင်တိုက်ခိုက်ရေး ဆုံးဖြတ်သွားမည်ဟု ဆိုသည်။

ဒေါ်နယ်ထရမ့်က လက်ရှိ အီရန်ခေါင်းဆောင် ခါမီနီမည်သည့်နေရာတွင် ပုန်းနေသည်ဆိုခြင်းအား သိရှိ ထားကြောင်း၊ ထိုစကားက ခါမီနီကို ခုချက်ချင်း ရှင်းလင်းမည်ဟု ဆိုလိုခြင်းမျိုးတော့ မဟုတ်သေးကြောင်း ၊မည်သည့်အခါမျှ လက်နက်မချဟု ခါမီနီဆိုသည့်စကားအတွက် ကံကောင်းပါစေ (Good luck) ဟု တုံ့ပြန်ခြင်းအရ လာမည့် ၂ ရက်အတွင်း အီရန်ကို ဝင်တိုက်ခိုက်ဖွယ်ရှိနေသည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာသည်။

လက်ရှိ အီရန်၏ အရေးအပါဆုံး နျူကလီးယားဆိုက် Fordow သည် ကျောက်သားထုများအောက် ပေ ၃၀၀ အနက်တွင် တည်ဆောက်ထားရာ အစ္စရေး၌ ထိုအနက်အထိ ထိုးဖောက်ဝင်ရောက် ဖျက်ဆီးနိုင် သော လက်နက်မရှိဟု ဆိုသည်။

ထို့ကြောင့် အမေရိကန်သည် တီဟီရန်နှင့် ၁၂၅ မိုင်အတွက်တွင် ရှိသော Fordow နျူကလီးယားဆိုက်ကို မြေအောက် ပေ ၂၀၀ အနက်အထိ ထိုးခွဲဝင်ရောက်ပြီး ပေါက်ကွဲစေနိုင်သော Massive Ordnance Penetrator (MOP) ဗုံးဖြင့် ကြဲချဖျက်ဆီးရန်လည်း ရှိနေ ကြောင်း သိရသည်။ အဆိုပါ MOP ဗုံးသည် ပေ ၂၀ ရှည်ကာ အလေးချိန် ပေါင် ၃၀၀၀၀ ရှိပြီး အီရန် နျူကလီးယားဆိုက်ကို ဖျက်ဆီးနိုင်စွမ်းရှိသော တစ်ခုတည်းသော လက်နက်ဟု ဆိုသည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#အီရန်
#အမေရိကန်
#ဒေါ်နယ်ထရမ့်
#ခါမီနီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now