ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင၊ ကျောက်ကြီးမြို့နယ်တွင် အကြမ်းဖက်စစ်အုပ်စု၏ ခလရ(၆၀)သည် ယနေ့နံနက်(၆)နာရီခွဲအချိန်တွင် အင်အား(၇၀)ဖြင့် တောကြောင်ပေါက်ကျေးရွာတွင် စာသင်ကျောင်းဝန်းအတွင်းနှင့် ကျေးရွာတွင် လာရောက်နေရာယူကြသည်။
လာရောက်ရသည့်အကြောင်းအရင်းမှာ ၂၀၂၁ခုနှစ်၊ ဇွန်လတွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန်အတွက်ဖြစ်သည်။ ယခုလို လာရောက်ခြင်းကြောင့် ပြည်သူလူထုများ ထိတ်လန့်ကြောက်ရွံ့ကြသည်ဟု ကျေးရွာသူရွာသားများမှ ပြောသည်။
ကျောင်းများပြန်လည်ဖွင့်လှစ်ရန်အတွက် ကျေးရွာသူရွာသားများနှင့် ကျောင်းဆရာဆရာမများမှ အာဏာသိမ်းစစ်အုပ်စု၏ ပညာရေးများကို လက်မခံကြောင်း ကေအဲန်ယူ-ကျောက်ကြီးမြို့နယ်သို့ မေလ(၁၈)ရက်နေ့တွင် တင်ပြခဲ့သည်။
မေလ(၁၂)ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီမှ စစ်ရေးနှင့်အုပ်ချုပ်ရေးဆိုင်ရာ လှုပ်ရှားမှုအပေါ် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကျောက်ကြီးမြို့နယ်မှ ထုတ်ပြန်ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။