စီးပွားရေး

လုပ်ငန်းရှင်တွေကို စက်သုံးဆီခွဲတမ်းလျော့လိုက်လို့ ရန်ကုန်မှာ ဆီပြတ်လပ်နေ

မဲခေါင် 14 Nov - 2023
စက်သုံးဆီလုပ်ငန်းရှင်တွေကို ခွဲတမ်း လျော့ချလိုက်တာကြောင့် ရန်ကုန်မှာ စက်သုံးဆီပြတ်လပ်မှုနဲ့ ကြုံတွေနေရတယ်လို့ စက်သုံးဆီ အသိုင်းအဝန်းကစုံစမ်းသိရှိရပါတယ်။

မဲခေါင်၊ နိုဝင်ဘာ ၁၄

စက်သုံးဆီလုပ်ငန်းရှင်တွေကို ခွဲတမ်း လျော့ချလိုက်တာကြောင့် ရန်ကုန်မှာ စက်သုံးဆီပြတ်လပ်မှုနဲ့ ကြုံတွေနေရတယ်လို့ စက်သုံးဆီ အသိုင်းအဝန်းကစုံစမ်းသိရှိရပါတယ်။

နိုဝင်ဘာလ ၁၁ ရက်နေ့မှစတင်ကာ ရန်ကုန်မြို့အပါအဝင် အခြားမြို့တွေမှာ ဆီပြတ်လပ်ပြီး လုပ်ငန်းလည်ပတ်ရန် အခက်ခဲတွေနဲ့ကြုံတွေ့နေရပြီး ဆီဆိုင်များတွင်လည်း ကားတန်းရှည်ကြီးများနဲ့ စောင့်ဆိုင်းနေရပါတယ်။

“အရင်က စစ်တပ်ကိုတရားဝင်ဆီသွင်းဖို့ ကုမ္မဏီ ၃ ခုနာမည်ခံထားတယ်။ အခုက အခြားမထင်မရှား တွေရှိလာတယ်၊ ဒီနေ့ ခွဲတမ်းမပေးတော့ဘူး ရက်ရွေ့ဆိုင်းတယ်၊ အခုက ဆီတွေအခြားနေရာမှာအသုံးပြုဖို့ဆိုတဲ့ ရည်ရွယ်ချက်လည်းပါတယ်၊ မူဝါဒကလည်းနေ့စဉ်နဲ့အမျှပြောင်းလဲနေတာ” လို့ အမည်မဖော်လိုသူ ဆီလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

ပုံမှန်အားဖြင့် ဆီဆိုင်တစ်ဆိုင်ကို ဆီခွဲတမ်းအနေနဲ့ ဘောက်ဆာ ၂ စီး ရရှိပေမယ့် ယခု တစ်စီးသာပေးပြီး ယနေ့မှာတော့ ခွဲတမ်းရရှိမှုမရှိဘူးလို့လည်း သိရပါတယ်။

ရန်ကုန်မြို့မှာ စက်သုံးဆီအရောင်းဆိုင် ၁၄၆ ဆိုင်ရှိပြီး နိုဝင်ဘာလ ၁၁ ရက်နေ့မှစတင်ကာ ဆီခွဲတမ်းရရှိမှုလျော့ချခြင်း၊ ခွဲတမ်းမရခြင်းတွေကြောင့် ဆီပြတ်လပ်မှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။

အဲ့ဒီလို ဆီပြတ်လပ်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ဆီကအလုံလောက်အလောက်ရှိပြီး၊ ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာဆီပြတ်လပ်မှုရှိတယ်လို့ ကောလဟလ ဖြန့်ဝေတာတွေပြုလုပ်နေပြီး ဘယ်စက်သုံးဆီ အမျိုးအစားကိုမဆို တစ်လအရန်ရှိအောင်အမြဲတမ်းဆောင်ရွက်နေတယ်လို့ ပြောဆိုထားပါတယ်။

ဆီလုပ်ငန်းရှင်တစ်ဦးက “ခွဲတမ်းအပြည့်အဝပေးတယ်ဆို ၊ဆီဆိုင်တွေမှာ ကားတွေစီတန်းစရာအကြောင်းမရှိဘူး၊ သတင်းတွေမှာပြောတာကတစ်မျိုး လက်တွေ့ကတစ်မျိူးဖြစ်နေတယ်၊ ခွဲတမ်းက သူတို့နဲ့ပဏာသင့်တဲ့သူမဟုတ်ရင် လုံးဝကိုမရပါဘူး” လို့ ပြောပါတယ်။

ရန်ကုန်မြို့တွင်းရှိ စက်သုံးဆီအရောင်းဆိုင်အချို့မှာ ဓာတ်ဆီဝယ်မရသည့်အခက်အခဲများရှိနေတယ်လို့ အငှားယာဉ်မောင်းတွေရဲ့ပြောပြချက်အရ သိရပါတယ်။

“၃ရက်ရှိပြီ ဆီထည့်လို့မရတာ၊ ဆိုင်တွေလိုက်ပတ်ထည့်နေတာ ကားတန်းက အစီးရာကျော်တယ်၊ ညအိပ်စောင့်ထည့်နေရတယ်၊ ဈေးကအရမ်းတက်မလာပေမယ့် ဆီကိုမရတာ၊ တန်းစီရင်းနဲ့ ကိုယ့်အလှည့်ရောက်ခါမှမရဘူးဆိုတာတွေလည်း ကြုံနေရတယ်၊ လုံးဝမရတော့ရင် ရတဲ့နေရာမှာ မှောင်ခိုရောင်းတာတွေကို ဈေးကြီးပေးဝယ်နေရတယ်” လို့သုဝဏ္ဏမြို့နယ်နေသူ အဌားယာဉ်မောင်းတစ်ဦးကပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက စက်သုံးဆီ သိုလှောင်ထားတဲ့ Terminal (၃)ခုမှ အရောင်းဆိုင်တွေကို ဖြန့်ဖြူးနိုင်မှု စွမ်းအားအလျင်မမှီခဲ့တာကြောင့် ဆီ ပြတ်လတ်မှုဖြစ်ပေါ်ခဲ့ပြီး Urgent စနစ်ဖြင့် ဖြည့်တင်းခဲ့တယ်လို့ ပြောဆိုထားပါတယ်။

စက်သုံးဆီလုံလောက်မှုရှိအောင် စီမံထားပြီး လက်ရှိ အများသုံးဓာတ်ဆီ 92 RON ဂါလံ (၁၃)သန်းကျော်၊ 95 RON ဂါလံ ၃ သန်းကျော်၊ 97 RON ၁ ဒသမ ၄ သန်းကျော်၊ ရိုးရိုးဒီဇယ် ၂၉ သန်းကျော်နှင့် ပရီမီယမ်ဒီဇယ် သန်း ၂၀ ကျော် ကျန်ရှိပြီး ပြတ်လပ်မှု မရှိစေအောင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

MK-006

#MeKongNews

#စက်သုံးဆီ

#ပြတ်လပ်

#ရန်ကုန်

#ခွဲတမ်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စီးပွားရေး ဒေသတွင်းသတင်း

ဒေသတွင်း ဈေးကွက်ဝယ်လိုအား နည်းပြီး အရည်အသွေးမပြည့်မှီတာကြောင့် အာလူးဈေးကျဆင်းနေပြီး တောင်သူတွေ အရှုံးပေါ်နေ

ရှမ်း/တောင် ဒေသထွက် အာလူးတွေဟာ နိုင်ငံခြားတင်ပို့တဲ့ ဈေးကွက်နဲ့ ဒေသတွင်း ဝယ်လိုအား ကျဆင်းနေပြီး တောင်သူတွေအနေနဲ့ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။
စီးပွားရေး ဒေသတွင်းသတင်း

ရှမ်းပြည်ကြက်သွန်ဖြူ တက်စျေးကောင်းနေ

ရှမ်းပြည်နယ်ရဲ့ အဓိက ထွက်ကုန်ထဲမှာပါတဲ့ ကြက်သွန်ဖြူစျေးကွက်မှာ တက်စျေးရနေတယ်လို့ အောင်ပန်းကြက်သွန်ဖြူပွဲရုံ စျေးကွက်မှ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ရှမ်းတောင် အာလူးဈေးကျ၊ တောင်သူတွေ အရှုံးပေါ်

ရှမ်းပြည်တောင်ပိုင်းက ထွက်ရှိတဲ့ အာလူးတွေဟာ အရင်နှစ်တွေထက် တစ်ဝက်နီးဈေးနီးပါး ကျဆင်းလာတာကြောင့် တောင်သူတွေအတွက် အရှုံးပေါ်နေတယ်လို့ ပွဲရုံနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း မြန်မာ့နွေဦး

နှစ်သစ်ကူးအပြီးစျေးရသော်လည်း လမ်းခရီး ကြန့်ကြာမှုကြောင့် ဖရဲပျက်စီးပြီး ဆုံးရှုံးမှုများနေ

မြန်မာနိုင်ငံ မိုင်းလားဒေသမှတဆင့် တရုတ်နိုင်ငံကို ဖရဲသီးတင်ပို့ရာမှာ လမ်းခရီးကြန့်ကြာမှုကြေင့် ပုပ်သိုးပျက်စီးတာတွေကြောင့် ဆုံးရှုံးမှုတွေ များနေတယ်လို့ သစ်သီးကုန်သည်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

တရုတ်က ကြက်သွန်ဖြူအဝင်နည်းလို့ ကြက်သွန်စိုက်တောင်သူတွေ စျေးကောင်းရ၊ ဂျင်းစျေးလဲ မှန်နေ

ရှမ်းပြည်နယ်ရဲ့ထွက်ကုန်ထဲမှာ အဓိက ထွက်ကုန်ဖြစ်တဲ့ ကြက်သွန်ဖြူဟာ တရုတ်ကအဝင်နည်းတဲ့အတွက် စျေးကောင်းရနေတယ်လို့ အောင်ပန်းကုန်စည်စျေးကွက်ကသိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

တရုတ်နှစ်သစ်ကူးကာလကြောင့် မြန်မာ့ဖရဲဈေးကောင်းရနေ

ဖေဖော်ဝါရီ ၁၀ ရက်တွင် ကျရောက်မယ့် တရုတ်ရိုးရာနှစ်သစ်ကူးကာလ နီးလာပြီဖြစ်တာကြောင့် တရုတ်နိုင်ငံဘက်မှ မြန်မာ့ဖရဲဝယ်လိုအား မြင့်တက်လာနေကာ ဈေးကောင်းများရနေ တယ်လို့ မိုင်းလားသစ်သီးစျေးကွက်က သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ထိုင်းနိုင်ငံက ပြောင်းတင်သွင်းခွင့် အခွန်ကင်းလွတ်ထားပေမယ့် ကုန်သည်တွေ တက်ဈေးစောင့်နေ

ထိုင်းနိုင်ငံက ပြောင်းကို အခွန်ကင်းမဲ့အနေနဲ့ တင်သွင်းခွင့်ပြုနေပေမယ့် ပြည်တွင်းက ပြောင်းကုန်သည်တွေအနေနဲ့ စရိတ်များပြီး မျှော်မှန်းဈေး မရောက်သေးတဲ့အတွက် ဈေးမြင့်ပေးလာမှာကို စောင့်နေကြတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

တရုတ်နှစ်သစ်ကူးနီးပေမယ့် ဖရဲဈေး သိပ်မရသေးလို့ ပြည်တွင်းဖရဲဈေးကွက်မှာ ရောင်းလိုအားသာရှိပြီး ဝယ်လိုအားနည်းနေ

ဖေဖော်ဝါရီ ၁၀ ရက် မှာ ရောက်ရှိမယ့် တရုတ်နှစ်သစ်ကူးနေ့နီးလာပေမယ့် ဖရဲသီးဈေး သိပ်မရသေးလို့ ပြည်တွင်းဖရဲဈေးကွက်မှာ ရောင်းလိုအားသာရှိပြီး ဝယ်လိုအား နည်းနေတယ်လို့ မိုင်းလားဖရဲဈေးကွက်က သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now