စီးပွားရေး

ထိုင်းနိုင်ငံက ပြောင်းတင်သွင်းခွင့် အခွန်ကင်းလွတ်ထားပေမယ့် ကုန်သည်တွေ တက်ဈေးစောင့်နေ

မဲခေါင် 2 Feb - 2024
ထိုင်းနိုင်ငံက ပြောင်းကို အခွန်ကင်းမဲ့အနေနဲ့ တင်သွင်းခွင့်ပြုနေပေမယ့် ပြည်တွင်းက ပြောင်းကုန်သည်တွေအနေနဲ့ စရိတ်များပြီး မျှော်မှန်းဈေး မရောက်သေးတဲ့အတွက် ဈေးမြင့်ပေးလာမှာကို စောင့်နေကြတယ်လို့ သိရပါတယ်။

မဲခေါင်၊ ဖေဖေါ်ဝါရီ ၂

ထိုင်းနိုင်ငံက ပြောင်းကို အခွန်ကင်းမဲ့အနေနဲ့ တင်သွင်းခွင့်ပြုနေပေမယ့် ပြည်တွင်းက ပြောင်းကုန်သည်တွေအနေနဲ့ စရိတ်များပြီး မျှော်မှန်းဈေး မရောက်သေးတဲ့အတွက် ဈေးမြင့်ပေးလာမှာကို စောင့်နေကြတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁ ရက် ကစပြီး ရှမ်းပြည်အရှေ့ပိုင်းနဲ့ မြဝတီဘက်မှာ ပြောင်းကို ထိုင်းနိုင်ငံက အခွန်ကင်းမဲ့အနေနဲ့ ဝယ်ယူနေတာဖြစ်သော်လည်း လမ်းခရီးစရိတ်၊ ကားခတွေကြောင့် တွက်ချေမကိုက်သေးလို့ ဈေးမြင့်တာကိုစောင့်ပြီး အနည်းငယ်ပဲရောင်းချနေကြတယ်လို့ ပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းချရေးအသင်းက ဦးတက်နိုင်တိုးထံက သိရပါတယ်။

ဒီနှစ်က နယ်စပ်အရောက်ကားခက တအားမြင့်လာ၊ လမ်းတစ်လျှောက် တွေ့ရတဲ့အတားအဆီး အခက်အခဲအမျိုးမျိုးတွေကြောင့်ထိုင်းဖက် ပြောင်းရောင်းနိုင်တဲ့ တန်ချိန်က လျှော့ကျနိုင်ပါတယ်လို့ သူက ဆိုပါတယ်။

ဒီနှစ်က ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲဖြစ်ခဲ့ပေမယ့် အရင် ၃နှစ်က ချမှတ်ထားတဲ့ မူအတိုင်း ဒီနှစ်လဲ ပြောင်းကိုအခွန်ကင်းမဲ့အနေနဲ့ ခွင့်ပြုတာလို့ ဆိုပါတယ်။ ထိုင်းနိုင်ငံအစာစပ်ရုံရဲ့ လိုအပ်ချက်က ပြောင်းတန်ချိန်ပေါင်း ခန့်မှန်း ၃၄၅၅၈၄၃ ကျော်ရှိနေပြီး၊ မြန်မာနိုင်ငံတဝှမ်း ပြောင်းထွက်ခန့်မှန်းခြေ ၅၆၄၇၅၈၃ တန် ထွက်ရှိနိုင်ပြီး အရင်နှစ်က မြဝတီ၊ တာချီလိတ်နဲ့ မိုငးလားကနေ ပြောင်းတန်ချိန် ၂သန်းခွဲ ကျော် ရောင်းခဲ့ရတယ်လို့ ယင်းအသင်းကသိရပါတယ်။

ထိုင်းနိုင်ငံလိုအပ်ချက်က ၃ သန်းကျော်၊ မြန်မာက ရောင်းနိုင်မှာက ၁ သန်းခွဲလောက်သာ ဖြစ်နိုင်တာဖြစ်လို့ ထိုင်းကဘက်လိုအပ်ချက်အရ ပြောင်းဈေးတိုးဝယ်မယ့်နှစ်ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

လက်ရှိမှာတော့ ထိုင်းဈေးကွက်က ဖွင့်တဲ့ဈေးနဲနေသေးတာဟာ ကမ္ဘာ့ပြောင်းဈေးကွက်ကိုက ဈေးကျနေလို့ဖြစ်မယ်လို့လည်း သိရပါတယ်။လက်ရှိ ပင်လယ်ကူးသင်္ဘောတင်ဈေးက ပြောင်း တစ်တန်ကို ဒေါ်လာ ၂၂၃၀ ၂၅၀ သာရှိနေလို့ ယခင်နှစ် မတ်လကျော်က တစ်တန် ၃၂၀ အထိရခဲ့တာကို မမီသေးဘူးလို့ ဆိုပါတယ်။

လောလောဆယ် နယ်စပ်ဈေးတွေမှာ မိုင်းလား ၅၀ ကီလိုပါ ပြောင်းတစ်အိတ် ၉၃ က ၉၅ ယွမ်၊ တာချီလိတ် ပြောင်းတစ်ကီလို ကို ထိုင်းဘတ် ငွေ ၁၀ က ၁၀.၃ဘတ်၊ တရုတ်ပြည်အောက်လမ်းက ချမ်းယဉ်မြို့ထဲအရောက် ၁၁၀ က ၁၁၅ယွမ် ရှိတယ်လို့ သိရပါတယ်။

ပြည်တွင်း ပြောင်းတစ်ပိဿာဈေးတွေကတော့ ရန်ကုန် ၁၁၂၀ က ၁၁၄၀ ကျပ်၊ မန္တလေး ၁၀၃၀ က ၁၀၆၀၊ တောင်ကြီး ၉၅၀ က ၉၈၀၊ လားရှိုး ၇၇၀ က ၈၂၀ ဖြစ်နေပြီး မတ်လအကုန်လောက်မှာ ဈေးတွေ တက်လာနိုင်တယ်လို့ ခန့်မှန်းတာသိရပါတယ်။

ပြည်ပ ပြောင်းလိုအပ်ချက်တွေက တော့ ထိုင်းနိုင်ငံ၊ တန်ချိန် ၃.၅ သန်း၊ တရုတ်နိုင်ငံ တန်ချိန် ၂၇.၈ သန်း၊ ဗီယက်နမ် ၄ သန်း ဖြစ်ပြီး လာအိုကိုလည်း ကျိုင်းလပ်က ချစ်ကြည်ရေးတံတားဖွင့်တာဖြစ်လို့ ကုန်းလမ်းက သွားနိုင်လောက်တဲ့အခြေအနေဖြစ်လာနိုင်ပေမယ့် မြဝတီဘက်ကတော့
လတ်တလော လမ်းခရီး အခြေအနေ မကောင်းသေးကြောင်း စုံစမ်းသိရှိရပါတယ်။

MK-012

#MeKongNews

#ပြောင်း

#ထိုင်း

#ဈေးကွက်

#တင်ပို့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့မှာ ဒေသခံတွေကို စစ်ကောင်စီ ဖမ်ဆီးပြီး ဓါးစာခံလုပ်ထား

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ပင်းအွန်းနဲ့ ထမ်းယမ်ကျေးရွာမှာ ရွာခံ အရပ်သားတွေကို စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) တို့က ဖမ်းဆီးပြီး ဓါးစာခံ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

KNDF စစ်သင်တန်း ရှမ်းတောင် သင်တန်းသား ၁၅၀ ကျော် ပါဝင်၊ စစ်မှုထမ်းဥပေဒထုတ်ပြီးမှ တက်ရောက်သူ များပြား

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ ဗျူဟာအသစ်အတွက် ပြုလုပ်ခဲ့တဲ့ အခြေခံစစ်သင်တန်းမှာ ရှမ်းတောင်က သင်တန်းသားအသစ် ၁၅၀ ကျော် ပါဝင်တက်ရောက်ခဲ့တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ညောင်ရွှေ တောင်ပို့ကွဲရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ရွာစေတီ ထိမှန်ပျက်စီး

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေ့မြို့နယ်၊ တောင်ပို့ကွဲကျေးရွာကို မနေ့ ဧပြီ ၃၀ ရက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကျေးရွာရဲ့ အနောက်ဘက်ရှိ စေတီ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင်တွေ မိုးရာသီမှာ ငှက်ဖျားကူးစက်မှုများလာနိုင်တယ်လို့ ဆို

ကရင်နီပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေက မိုးရာသီကာလရောက်ရင် ငှက်ဖျားရောဂါကူးစက်မှုနှုန်း ပိုများလာနိုင်တယ်လို့ စစ်ရှောင်ပြည်သူတွေကို ဆေးကုသပေးနေတဲ့ ဒေါက်တာချစ်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖယ်ခုံ ညောင်ကုန်းရပ်ကွက်မှ အိမ်တစ်လုံးကို စစ်ကောင်စီဒရုန်း ဗုံးကြဲ

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ညောင်ကုန်း ၄ ရပ်ကွက်မှ အိမ်တစ်လုံးကို စစ်ကောင်စီက ဧပြီ ၃၀ ရက်နေ့ နေ့လယ်ပိုင်းက ဒရုန်းနဲ့ဗုံးချခဲ့လို့ ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ထားဝယ်မှာ တိုက်ပွဲပြင်းထန်နေလို့ နိုင်ငံသားတွေကို ကယ်တင်ရေး ထိုင်းစစ်သင်္ဘော ၄ စီး အသင့်ပြင်ထား

တနင်္သာရီတိုင်း ထားဝယ်လမ်းပိုင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေလို့ ပိုဆိုး ဝါးလာရင် စစ်ဇုန်ထဲရောက်နေတဲ့ ထိုင်းနိုင်ငံသားတွေကို ကယ်တင်ဖို့ ထိုင်းလေတပ်က စစ်သင်္ဘော ၄ စီးကို အန်ဒမန်ပင်လယ်ကမ်းရိုးတန်းမှာ အသင့် ချထားပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ လူစားထိုးစရိတ် သုံးသောင်းကျပ်ကောက်ခံပြီး စစ်မှုထမ်း ၃ ဦးကိုလည်း ခေါ်ယူ

ရှမ်းပြည်နယ် တောင်ကြီးမြို့၊ လမ်းမတော်ရပ်ကွက်မှာ တစ်နှစ်စာအတွက် စစ်မှုထမ်းလူစားထိုးစရိတ် ကို ဧပြီလ ၂၈ ရက်နေ့အပြီး တစ်အိမ် သုံးသောင်းကျပ် ကောက်ယူခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ် ၀ိန်းလုံရွာကို စစ်ကောင်စီ လက်နက်ကြီးနဲ့ ပစ်ခတ်

မဲခေါင်၊ ဧပြီ ၃၀ ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ၀ိန်းလုံကျေးရွာကို စစ်ကောင်စီက မနေ့ ဧပြီ ၂၉ မှာ လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ရတယ်လို့ PNLA က ယနေ့ ဧပြီလ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now