စီးပွားရေး

ရှမ်းပြည်ကြက်သွန်ဖြူ တက်စျေးကောင်းနေ

မဲခေါင် 1 Apr - 2024
ရှမ်းပြည်နယ်ရဲ့ အဓိက ထွက်ကုန်ထဲမှာပါတဲ့ ကြက်သွန်ဖြူစျေးကွက်မှာ တက်စျေးရနေတယ်လို့ အောင်ပန်းကြက်သွန်ဖြူပွဲရုံ စျေးကွက်မှ သိရပါတယ်။

မဲခေါင်၊ ဧပြီ ၁

ရှမ်းပြည်နယ်ရဲ့ အဓိက ထွက်ကုန်ထဲမှာပါတဲ့ ကြက်သွန်ဖြူစျေးကွက်မှာ တက်စျေးရနေတယ်လို့ အောင်ပန်းကြက်သွန်ဖြူပွဲရုံ စျေးကွက်မှ သိရပါတယ်။

ရှမ်းပြည်ထွက်ကုန်မှာ တည်ငြိမ်ပြီး အထားခံတဲ့ ကုန် ၂မျိုးမှာ ဂျင်းအပြင် ကြက်သွန်ဖြူက တစ်ပြည်လုံးရဲ့ ၅၀ ရာခိုင်နှုန်းထွက်ရှိပြီး ယခုနှစ်သင်္ကြန်ရှေ့မှာ အနည်းငယ်တက်စျေးကောင်းနေပေမယ့် သင်္ကြန်နောက်ပိုင်း စျေးကသာ တစ်နှစ်လုံးအတွက် ခန့်မှန်းရနိုင်မယ်လို့ အောင်ပန်းကုန်စိမ်းပွဲရုံပိုင်ရှင် ဦးမောင်မောင်က မဲခေါင်ကို ပြောပါတယ်။

“ခုက သင်္ကြန်တွင်း လိုအပ်ချက်အရ ဝယ်တဲ့ပေါက်စျေးပေါ့၊ နှစ်တိုင်း သင်္ကြန်ပြီး ပေါက်တဲ့စျေးကို ကြည့်ပြီးမှသာ တကယ့် တက်စျေး၊ ကျစျေးပြောနိုင်မှာဖြစ်တယ်၊ ဒီနှစ်မှာ ပြည်ပဝယ်လက်မရှိပေမယ့် ကြူကုတ်အဝင်နည်းတာလဲ ပါတယ်၊ ဒါပေမယ့် ကြူကုတ်ကို ဒီက သိပ်မကြိုက်ကြဘူး၊ ကြက်သွန်ဖြူစျေး အပြောင်းအလဲရှိနှိုင်တယ်၊ သင်္ကြန်အပြီး အခြေအနေကောင်းရင် ဒီနှစ်အတွက် ကောင်းပြီပဲ၊ ဘုရင့်နောင်ကုန်စည်ဒိုင် အတက်အကျအပေါ်မှာလည်း မူတည်နေနိုင်တယ်” လို့ရှင်းပြပါတယ်။

ဖေဖော်ဝါရီလအတွင်းကစျေးထက် မတ်လကုန်မှာ တစ်ပိဿာကို ကျပ် ၁၀၀၀ ကျော်တက်လာတာဖြစ်လို့ တောင်သူတွေ အတွက် လတ်တလော စျေးကောင်းရနေတာလို့ ပြောပါတယ်။

“စျေးတက်တယ်ဆိုပေမယ့် မျိုးစေ့က တစ်ပိဿာ ၁၅၀၀၀ နဲ့ စိုက်ထားရတာ၊ သွင်းအားစု၊ လုပ်သားခနဲ့ အရင်းကြေလောက်ပဲရှိပါသေးတယ်၊ ပွဲရုံဝယ်စျေး ၁၅၀၀၀၀ လောက်ရမှ တောင်သူ ကိုက်နိုင်ချေရှိလာမှာ” လို့ အောင်ပန်းကြက်သွန်စိုက် တောင်သူတစ်ဦးဖြစ်သူ ဦးအောင်ဌေးက ပြောပါတယ်။

လက်ရှိအောင်ပန်းစျေးကွက်မှာ ကြက်သွန်ဖြူကို စျေးကွက်အရ မျိုးခြားဆိုဒ်၊ လတ်ခြားဆိုဒ်၊ ထူး၁ က ထူး၅ ၊ ထူးလွန်ဆိုဒ်၊ အရော၊ ဥ တစ်လုံး၊ ကြူကုတ် အမည်များခေါ်ဝေါ်ကာ မတ်လ ၃၁ ရက် အောင်ပန်းပွဲရုံဝယ်စျေးမှာ ၄၅၀၀ ကျပ်မှ ၁၀၅၀၀ ကျပ်အထိ ရှိနေပြီး ရောင်းစျေးမှာ ၅၇၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်အထိရှိနေတယ်လို့အောင်ပန်းကုန်စိမ်းပွဲရုံရဲ့ စျေးနှုန်းဖော်ပြချက်တွေအရ သိရပါတယ်။

ကြူကုတ်ကြက်သွန်ဖြူမှာ အလုံးကြီးပြီး ခွာရလွယ်သော်လည်း အနံ့မှာ မြန်မာမျိုးရင်းကို မမီဲတဲ့အတွက် ၁၀ ဦးမှာ ရဦးခန့်က မကြိုက်ကြဘဲ ၃ ဦးခန့်ကသာ ဆိုင်အတွက် သုံးကြတာလို့ပြောပါတယ်။

ပြည်တွင်းစျေးကွက်မှာ ရှမ်းတောင်ထွက် ကြက်သွန်ဖြူက အကောင်းဆုံးဖြစ်ပြီး ရှမ်းမြောက်၊ ရှမ်းအရှေ့တွေက နောက်ကလိုက်တယ်လို့ဆိုပါတယ်။

ကြက်သွန်ဖြူကို မီးဖိုချောင်သုံး၊ ဆိုင်သုံး၊ နေကြာစေ့လှော်လုပ်ငန်း၊ တိုင်းရင်းပရဆေးလုပ်ငန်းမှာနဲ့ အဓိက လက်ဘက်လုပ်ငန်းမှာ အများအပြားသုံးစွဲကြပါတယ်။

ရှုးရှဲလက်ဘက်လုပ်ရာမှာ ကြက်သွန်ဖြူနဲ့ရောနှယ်ပြီး အစပ်အရသာကောင်းအောင်လုပ်ကြတာမှာ အဓိက အောင်ပန်းကြက်သွန်ဖြူကို အများအပြားသုံးစွဲကြတယ်လို့ ဆိုပါတယ်။ ခရမ်းစွဲ ကြက်သွန်ဖြူကိုတော့ အဓိက တိုင်းရင်းဆေးထုပ်လုပ်ရာမှာ သုံးစွဲတယ်လို့ သိရပါတယ်။

ကြက်သွန်ဖြူဟာ နှစ်ပေါက် အထားခံလို့နဲ့ စျေးကွက်ငြိမ်တာ များလို့ ရှမ်းတောင်သူတွေအနေနဲ့ ကြက်သွန်ဖြူကို အဓိကသီးနှံအဖြစ် စိုက်သင့်တယ်လို့ အောင်ပန်းပွဲရုံစျေးကွက်က သိရပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့မှာ ဒေသခံတွေကို စစ်ကောင်စီ ဖမ်ဆီးပြီး ဓါးစာခံလုပ်ထား

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ပင်းအွန်းနဲ့ ထမ်းယမ်ကျေးရွာမှာ ရွာခံ အရပ်သားတွေကို စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) တို့က ဖမ်းဆီးပြီး ဓါးစာခံ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

KNDF စစ်သင်တန်း ရှမ်းတောင် သင်တန်းသား ၁၅၀ ကျော် ပါဝင်၊ စစ်မှုထမ်းဥပေဒထုတ်ပြီးမှ တက်ရောက်သူ များပြား

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ ဗျူဟာအသစ်အတွက် ပြုလုပ်ခဲ့တဲ့ အခြေခံစစ်သင်တန်းမှာ ရှမ်းတောင်က သင်တန်းသားအသစ် ၁၅၀ ကျော် ပါဝင်တက်ရောက်ခဲ့တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ညောင်ရွှေ တောင်ပို့ကွဲရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ရွာစေတီ ထိမှန်ပျက်စီး

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေ့မြို့နယ်၊ တောင်ပို့ကွဲကျေးရွာကို မနေ့ ဧပြီ ၃၀ ရက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကျေးရွာရဲ့ အနောက်ဘက်ရှိ စေတီ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင်တွေ မိုးရာသီမှာ ငှက်ဖျားကူးစက်မှုများလာနိုင်တယ်လို့ ဆို

ကရင်နီပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေက မိုးရာသီကာလရောက်ရင် ငှက်ဖျားရောဂါကူးစက်မှုနှုန်း ပိုများလာနိုင်တယ်လို့ စစ်ရှောင်ပြည်သူတွေကို ဆေးကုသပေးနေတဲ့ ဒေါက်တာချစ်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖယ်ခုံ ညောင်ကုန်းရပ်ကွက်မှ အိမ်တစ်လုံးကို စစ်ကောင်စီဒရုန်း ဗုံးကြဲ

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ညောင်ကုန်း ၄ ရပ်ကွက်မှ အိမ်တစ်လုံးကို စစ်ကောင်စီက ဧပြီ ၃၀ ရက်နေ့ နေ့လယ်ပိုင်းက ဒရုန်းနဲ့ဗုံးချခဲ့လို့ ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ထားဝယ်မှာ တိုက်ပွဲပြင်းထန်နေလို့ နိုင်ငံသားတွေကို ကယ်တင်ရေး ထိုင်းစစ်သင်္ဘော ၄ စီး အသင့်ပြင်ထား

တနင်္သာရီတိုင်း ထားဝယ်လမ်းပိုင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေလို့ ပိုဆိုး ဝါးလာရင် စစ်ဇုန်ထဲရောက်နေတဲ့ ထိုင်းနိုင်ငံသားတွေကို ကယ်တင်ဖို့ ထိုင်းလေတပ်က စစ်သင်္ဘော ၄ စီးကို အန်ဒမန်ပင်လယ်ကမ်းရိုးတန်းမှာ အသင့် ချထားပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ လူစားထိုးစရိတ် သုံးသောင်းကျပ်ကောက်ခံပြီး စစ်မှုထမ်း ၃ ဦးကိုလည်း ခေါ်ယူ

ရှမ်းပြည်နယ် တောင်ကြီးမြို့၊ လမ်းမတော်ရပ်ကွက်မှာ တစ်နှစ်စာအတွက် စစ်မှုထမ်းလူစားထိုးစရိတ် ကို ဧပြီလ ၂၈ ရက်နေ့အပြီး တစ်အိမ် သုံးသောင်းကျပ် ကောက်ယူခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ် ၀ိန်းလုံရွာကို စစ်ကောင်စီ လက်နက်ကြီးနဲ့ ပစ်ခတ်

မဲခေါင်၊ ဧပြီ ၃၀ ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ၀ိန်းလုံကျေးရွာကို စစ်ကောင်စီက မနေ့ ဧပြီ ၂၉ မှာ လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ရတယ်လို့ PNLA က ယနေ့ ဧပြီလ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now