စီးပွားရေး

တရုတ်နှစ်သစ်ကူးနီးပေမယ့် ဖရဲဈေး သိပ်မရသေးလို့ ပြည်တွင်းဖရဲဈေးကွက်မှာ ရောင်းလိုအားသာရှိပြီး ဝယ်လိုအားနည်းနေ

မဲခေါင် 2 Feb - 2024
ဖေဖော်ဝါရီ ၁၀ ရက် မှာ ရောက်ရှိမယ့် တရုတ်နှစ်သစ်ကူးနေ့နီးလာပေမယ့် ဖရဲသီးဈေး သိပ်မရသေးလို့ ပြည်တွင်းဖရဲဈေးကွက်မှာ ရောင်းလိုအားသာရှိပြီး ဝယ်လိုအား နည်းနေတယ်လို့ မိုင်းလားဖရဲဈေးကွက်က သိရပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၂

ဖေဖော်ဝါရီ ၁၀ ရက် မှာ ရောက်ရှိမယ့် တရုတ်နှစ်သစ်ကူးနေ့နီးလာပေမယ့် ဖရဲသီးဈေး သိပ်မရသေးလို့ ပြည်တွင်းဖရဲဈေးကွက်မှာ ရောင်းလိုအားသာရှိပြီး ဝယ်လိုအား နည်းနေတယ်လို့ မိုင်းလားဖရဲဈေးကွက်က သိရပါတယ်။

နှစ်စဉ်တိုင်း ဖရဲ၊ သခွားမွှေး ဈေးတက်တတ်သော်လည်း ဒီနှစ်မှာတော့ နှစ်သစ်ကူးအနီး ရက်သတ္တပတ်အလိုမှာ ဖရဲဈေးက သိပ်မရလို့ ကြန့်ကြာတဲ့အခြေအနေတွေ လမ်းခရီးကုန်ုကျစားရိတ်တွေကြောင့် ဈေးကွက်ကို တွက်ချက်ချင့်ချိန်ပြီးမှ သယ်ပို့ရောင်းချကြဖို့ ဖရဲကုန်သည်တွေက အကြံပြုကြပါတယ်။

ကားတင်ရင် ၁၅ တန် ၁၆ တန်ပဲတင်ဖို့ ဝိတ်အရမ်းများရင် အပေါ်ဝိတ်နဲ့ အောက်သီးတွေပျက်စီးတယ်၊ ဈေးကမှန်းတဲ့အထိ ရောက်မလာသေးပေမယ့် တက်ရိတ်တော့ရှိတယ်၊ ကိုယ့်ဖက်က သေသေချာချာပြင်ဆင် တင်လာဖို့တော့ လိုတယ်၊ မဟုတ်ရင် ပယ်သီးတွေ ဖြစ်ရင် ရှုံးကြမှာလို့ ဝေလျှံ သစ်သီးရောင်းဝယ်ရေး ပွဲရုံက ပြောပါတယ်။

ဈေးကောင်းရဖို့ရန်မှာ အသီးအရည်အသွေးကောင်းတာ၊ ပစ္စည်းထည့်တာ၊ ကားတင်တာ၊ ဂျပ်ဖာချောင်တာကအစ အခွံကောင်း၊ မကောင်းတွေ အရေးကြီးသလို အချိန်မီရောက်ဖို့လဲ လိုတယ်၊ ဈေးကလဲ မငြိမ်ဘူး၊ ရောက်တဲ့အချိန် ရတဲ့ဈေးနဲ့ဝယ်လက်လိုအပ်ချက်အပေါ် မူတည်တယ်လို့ ပြောပါတယ်။

မိုင်းလားဘက်ကို မန္တလေးဘက်က ကားငှားတာ ကားသမားတွေ လိုက်ချင်တဲ့သူမရှိလို့ အသီးရောင်းချဖို့ အရမ်းခက်နေတယ်လို့ မန္တလေးသစ်သီးဝလံ ဈေးကွက်က ဆိုပါတယ်။

လမ်းက တောင်းတာတွေပေးရတာနဲ့ ဆက်ဆံရတာ၊ မိုင်းလား အဝင်ကနေ တာလော့ ဖရဲကွင်းကိုရောက်ဖို့ စောင့်ရတဲ့ရက်နဲ့တွက်ချေမကိုက်လို့ မလိုက်ချင်ကြဖူးလို့ ပြောကြလို့ ကားရှာခက်နေတယ်လို့ ဆိုပါတယ်။
မန္တလေးကနေ မိုင်းလားအထိ ကားခ သိန်း ၇၀ ထက်ပိုမိုကုန်ကျသလို ဂိတ်ကြေးတွေ အပါအဝင် ကျပ်သိန်း ၂၀၀ ကျော် ရင်းရပြီး ပယ်သီးအဖြစ် သတ်မှတ်ခံရပါက လုံး၀ ဆုံးရှုံးကြရတာဖြစ်လို့ ကုန်သည်တွေလဲ ဈေးပေးရပြီး အသီးကောင်းဖို့နဲ့ အချိန်မီရောင်းချရဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

အလားတူ၊ အဓိက ဖရဲစိုက်တဲ့ ပဲခူးတိုင်းနဲ့အခြားနေရာတွေက တောင်သူတွေကလဲ ဖရဲရောင်းချနိုင်ရေး ကုန်သည်မျှော်နေရတဲ့အခြေအနေနဲ့စိုက်လို့ကုန်ကျခဲ့ရတဲ့စားရိတ် ဒီနှစ်အတွက် အရင်းပြန်ရရှိရေး မျှော်လင့်နေကြတယ်လို့ သိရပါတယ်။

မနေ့က ဆို မိုင်းလားအဝင်ကနေ ဖရဲကွင်းအထိ ကားစီးရေ ၅၀၀ ကျော်လောက်ရှိတယ်၊ ဒီနေ့လဲ ဝင်နိုင်တဲ့အခြေအနေမမြင်သေးဘူး၊ အသီးတွေ မပျက်စီးဖို့ ရင်မနေရတယ်၊ ဒီနေ့ဆို သခွားမွှေးဈေးက အေးသွားပြန်တယ်တဲ့၊ မနက် ၉နာရီကနေ စပြီး ဖရဲကွင်းကလက်ခံတာ၊ ညနေ အထိပေါ့၊ တရုတ်နှစ်သစ်ကူးတောင်နေ့တစ်ဝက်ပဲ ပိတ်မယ်ပြောတယ်ဟု ကုန်သည်တစ်ဦးက ပြောပါတယ်။

ပြည်တွင်း က တရုတ်သို့ ဖရဲအပါအဝင် သစ်သီးဝလံတင်ပို့မူဆယ် လမ်းကြောင်းသို့နှစ်စဉ်တင်ပို့နေရာမှ လမ်းခရီးအခြေအနေများကြောင့် ရှမ်းအရှေ့မိုင်းလားသို့တင်ပို့ကြရတာဖြစ်ပါတယ်။

အစေ့မဲ့ဖရဲ၊ 855 ၊ ထျန်ဝမ့်၊ ရွှေသခွားမွှေး များကို တရုတ်ပြည်က အထူးကြိုက်နှစ်သက်သည့်အတွက် မြန်မာက ဖရဲနဲ့သခွားကို နှစ်စဉ်ဝယ်ယူနေကြတာဖြစ်ပြီး တရုတ်ရိုးရာနှစ်သစ်ကူးနီးလျင်ပိုမို ဝယ်.ယူကြတာဖြစ်လို့ ဈေးကောင်းရရန် ဖရဲစိုက်တောင်သူနဲ့ကုန်သည်များ မျှော်လင့်လျက်ရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

MK – 012

#MeKongNews

#သစ်သီး

#ဖရဲ

#သခွား

#မိုင်းလား

#တရုတ်နှစ်ကူး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း

စစ်ကောင်စီ ထုတ်ကုန် မြန်မာဘီယာကို ဝယ်ယူသောက်သုံးနေတဲ့ TLNA ရဲဘော် တွေကို ထောင်ဒဏ်နဲ့ ကြိမ်ဒဏ်တွေချမှတ်

တအာင်း TNLA တပ်သားတွေ မွေးနေ့ပါတီမှာ တားမြစ်ထားတဲ့ မြန်မာဘီယာဝယ်ယူ သောက်သုံးပြီး ကျင်းပခဲ့လို့ ကြိမ်ဒဏ်(၁၀)ချက်နဲ့ ထောင်ဒဏ်(၁)လအပြင် လူမှုရေးပြစ်ဒဏ်ဖြစ်တဲ့ အများပိုင်ဆေးရုံ၊
စီးပွားရေး ဒေသတွင်းသတင်း

ဒေသတွင်း ဈေးကွက်ဝယ်လိုအား နည်းပြီး အရည်အသွေးမပြည့်မှီတာကြောင့် အာလူးဈေးကျဆင်းနေပြီး တောင်သူတွေ အရှုံးပေါ်နေ

ရှမ်း/တောင် ဒေသထွက် အာလူးတွေဟာ နိုင်ငံခြားတင်ပို့တဲ့ ဈေးကွက်နဲ့ ဒေသတွင်း ဝယ်လိုအား ကျဆင်းနေပြီး တောင်သူတွေအနေနဲ့ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တာချီလိတ်ဆိုင်ကယ်ပျောက်မှုတွေ ရဲတပ်ဖွဲ့လည်း ပါဝင်ပတ်သက်နေ

သူခိုးကို ကိုယ်တိုင်ဖမ်းဆီးပြီး ရဲလက်အပ်ခဲ့ပေမယ့် အမှုဖွင့်လှစ်ပေးတာမရှိဘဲ သူခိုးနဲ့ ညှိနှိုင်းရန်သာ ပြောပြီး ပြန်လည်လွှတ်ပေးလိုက်တယ်လို့ ဆိုင်ကယ်ခိုးခံရသူတစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

သံလွင်မြစ်ကူး တာကော်တံတား တစ်ရက် ၄ နာရီ ပိတ်တာကြောင့် ကုန်သွယ်မှုတွေ ကြန့်ကြာ

ရှမ်းပြည်အရှေ့ပိုင်းနဲ့ တောင်ပိုင်း ချိတ်ဆက်ထားတဲ့ အမှတ်(၄) လမ်းမကြီးပေါ် သံလွင်မြစ်ကူးတံတားအနီး လမ်းပြင်နေတာကြောင့် ဧပြီ ၃၀ ကနေ မေ ၁၀ ရက်နေ့အထိ တစ်ရက် (၄) နာရီပိတ်ထားတဲ့အတွက် ကုန်ကားနဲ့ ခရီးသည်တင်ကား ရာနဲ့ချီ ပိတ်မိနေတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့မှာ ဒေသခံတွေကို စစ်ကောင်စီ ဖမ်ဆီးပြီး ဓါးစာခံလုပ်ထား

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ပင်းအွန်းနဲ့ ထမ်းယမ်ကျေးရွာမှာ ရွာခံ အရပ်သားတွေကို စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) တို့က ဖမ်းဆီးပြီး ဓါးစာခံ လုပ်ထားတယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA)က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

KNDF စစ်သင်တန်း ရှမ်းတောင် သင်တန်းသား ၁၅၀ ကျော် ပါဝင်၊ စစ်မှုထမ်းဥပေဒထုတ်ပြီးမှ တက်ရောက်သူ များပြား

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ ဗျူဟာအသစ်အတွက် ပြုလုပ်ခဲ့တဲ့ အခြေခံစစ်သင်တန်းမှာ ရှမ်းတောင်က သင်တန်းသားအသစ် ၁၅၀ ကျော် ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now