မြန်မာ့နွေဦး

ပြည်တွင်း ကြက်သွန်နီပေါ်ချိန် ဈေးကျဆင်းလာလို့ အရှုံးပေါ်မှာကို တောင်သူတွေ စိုးရိမ်

မဲခေါင် 27 Dec - 2022
ပြည်တွင်း ကြက်သွန်နီပေါ်ချိန်မှာ ကြက်သွန်နီဈေး ကျဆင်းလာတာကြောင့် စိုက်စရိတ် ကြီးမြင့်ခဲ့တဲ့ တောင်သူတွေအနေနဲ့ ဈေးမရဘဲ အရှုံးပေါ်မှာကို စိုးရိမ်နေကြတယ်လို့ ကြက်သွန်စိုက်တောင်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ လ ကျော်က ပြည်တွင်း ကြက်သွန်နီ လက်လီဈေး တစ်ပိဿာ ၆,၀၀၀ ကျပ်အထိ စံချိန်တင် မြင့်တက်ခဲ့တာကြောင့် တရုတ်ကြက်သွန်နီတွေ တရားမဝင် ဝင်ရောက်လာရာက လက်ရှိ ပြည်တွင်းမှာ စိုက်ပျိုးထားတဲ့ သီးနှံပေါ်ချိန်မှာ လက်လီဈေး တစ်ပိဿာ ကျပ် ၃,၅၀၀ အထိ ဈေးကျဆင်းခဲ့တာ ဖြစ်ပါတယ်။

တရုတ်က ဝင်နေတုန်းက ဈေးက တအားကောင်းနေတာ။ အခု ပြည်တွင်းက စိုက်ထားတာတွေ တစ်ချို့တစ်ဝက် ပေါ်ချိန် ရောက်နေပြီ။ တစ်ချို့လည်း နောက်လလောက်ဆို ထွက်တော့မှာ။ အဲ့အချိန်ကျမှ ဈေးက ကျလာတာ။ စိုက်စရိတ်က တအားကြီး မြင့်ပြီး စိုက်ထားရတာ။ တောင်သူက မျော်မှန်းဈေးအတိုင်း မရရင်တော့ အရှုံးပေါ်ပြီ။ အန္တရာယ်ကြားကနေ စိုက်ပျိုးထားရတာ။ အခုက ထိန်းချုပ်မှု ဘာမှမရှိတော့ တောင်သူ သီးနှံပေါ်ချိန်မရောက်ခင် ကြိုစီမံပေးတာ မရှိတော့ အခုလိုမျိုးအဖြစ်တွေက ကြက်သွန်စိုက်တဲ့ တောင်သူမှ မဟုတ်ပါဘူး အခြား သီးနှံစိုက်တဲ့ သူတွေလည်း တော်တော်စိတ်ပျက်နေကြပြီ 

လို့ အောင်လံမြို့နယ်က ကြက်သွန်နီစိုက်တောင်သူတစ်ဦးက ပြောပါတယ်။

လက်ရှိ အလယ်လတ်တန်းစား မြေဆီ တစ်အိပ်ကို ကျပ် ၁ သိန်းခွဲ နီးပါး ဝယ်ယူ အသုံးပြုနေရပြီး တစ်ဧက စိုက်ပျိုးခ အဖြစ် ကျပ် ၂ သိန်းခွဲ ပေးကာ ငှားရမ်းနေရပေမဲ့ အလုပ်သမား ရှားပါးလို့ တောင်သူတွေ အခက်ခဲ ရှိနေတယ်လို သိရပါတယ်။

အခုလို စိုက်ပျိုးစရိတ်တွေ ကြီးမြင့်ခဲ့တာကြောင့် တောင်သူတွေ အနေနဲ့ ကြက်သွန်နီ တစ်ပိဿာ အနည်းဆုံး ကျပ် ၁,၅၀၀ ဈေးရရှိမှသာ အဆင်ပြေမှာ ဖြစ်ပြီး ဒီဈေးအောက် ကျဆင်းပါက အရှုံးပေါ်တယ်လို့ တောင်သူတွေက ပြောပါတယ်။

အရင်က ကြက်သွန်နီ တစ်ဧက စိုက်ပျိုးစရိတ် ကျပ် ၁၂ သိန်း ဝန်းကျင်သာ ကုန်ကျပေမယ့် လက်ရှိ တစ်ဧကကို ကျပ်သိန်း ၃၀ နီးပါး ကုန်ကျပြီး အခုနှစ် ရာသီဥတု ဖောက်ပြန်မှုကြောင့် ပိုးကျလို့ ပိုးသတ်ဆေး စရိတ် ထပ်ကုန်တယ်လို့ ဆိုပါတယ်။

ဈေးကွက်ထဲမှာ ဈေးကကောင်းပေမယ့် တောင်သူရတဲ့ဈေးက နည်းရတဲ့အကြောင်းက အရင်လို နယ်ဆင်းပြီး မဝယ်ရဲတော့ဘူး။ မကွေးတို့ မန္တလေးတို့မှာက နယ်မြေ မအေးချမ်းတော့ အသက်ရင်းပြီး မသွားတော့ဘူး။ ကြားက ပွဲစားအဆင့်ဆင့်နဲ့လုပ်ရတော့ ဈေးက စားသုံးသူလက်ထဲ ရောက်လာတဲ့အချိန်မှာ ဈေးက ပိုကြီးသွားတာ။ လမ်းပန်းဆက်သွယ်ရေးတွေက မကောင်းတော့ ကုန်သည်ကြီးတွေက နယ်မဆင်းရဲကြတော့တာလည်း ပါတယ်

 လို့ ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံက ကြက်သွန်ကုန်သည်တစ်ဦးက သုံးသပ်ပါတယ်။

လက်ရှိ ကြက်သွန်နီ အဓိက ထွက်တဲ့ မကွေးတိုင်းနဲ့ မန္တလေးတိုင်းတို့မှာ နယ်မြေ မတည်ငြိမ်မှုကြောင့် အထွက်နှုန်း ကျဆင်းနေပေမယ့် ပြည်ပကို တင်ပို့နေတဲ့ အတွက် ပြည်တွင်းထွက် ကြက်သွန်နီ ဈေးနှုန်း မတည်မငြိမ် ဖြစ်နေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်လေးလုံး ရဲသင်တန်းကျောင်း တပ်ခွဲမှူး သန့်ဇင်ထွန်း သင်တန်းသား၏ ဇနီးကို ခြိမ်းခြောက် ကာမရယူ

မဲခေါင်၊ စက်တင်ဘာ ၁၅ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ရှိ အမှတ် (၄) ရဲသင်တန်းကျောင်း (တောင်လေးလုံး) မှ သုံးပွင့်
နေ့စဥ်သတင်း မြန်မာ့နွေဦး

လမ်းမပေါ် အချိန်ကြာမြင့်စွာရပ်ထားသည့် ပိုင်ရှင်မဲ့ကားကို စစ်ကောင်စီ သိမ်းဆည်း

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်-နမ့်စန်လမ်းမပေါ်ရှိ အချိန်ကြာမြင့်စွာ ရပ်ထားသည့် ပိုင်ရှင်မဲ့ကားတစ်စီးကို စစ်ကောင်စီက သိမ်းဆည်းလိုက်သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုးတွင် လူငယ်များ အုပ်စုဖွဲ့ ရန်ဖြစ်

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့တွင် ယမန်နေ့ (စက်တင်ဘာ ၁၃) က လူငယ်များအုပ်စုဖွဲ့ ရန်ဖြစ်ခဲ့ကြကြောင်း သိရသည်။ လားရှိုး၊ မန်ဆူဘုရားဝန်းအတွင်း လူငယ်များရန်ဖြစ်ခဲ့ကြခြင်းဖြစ်ပြီး ရဲမှဖမ်းဆီးလူစုခွဲ့ခဲ့ရကြောင်း သိရသည်။ “လူမျိုးစုံပဲ၊ ပလောင်အလံထင်တယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၁၀၂၇ စစ်ဆင်ရေးပြီးနောက် ကျားဖြန့်လုပ်ငန်းများ ရှမ်းပြည် ၁၇ မြို့နယ်ထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိ

မဲခေါင်၊ စက်တင်ဘာ ၁၄ ၁၀၂၇ စစ်ဆင်ရေးပြီးသည့်နောက်ပိုင်း ကိုးကန့်ဒေသနှင့် ဝဒေသရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများသည် ရှမ်းတောင်နှင့်ရှမ်းရှေ့ရှိ မြို့နယ် ၁၇ ခုထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိသွားသည်ဟု အစီရင်ခံစာတစ်ခုတွင် ဖော်ပြသည်။ ISP မြန်မာက ယခုစက်တင်ဘာလတွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ ယမန်နေ့ စက်တင်ဘာ ၁၀ ရက် ည ၉ နာရီဝန်းကျင်တွင် ရေစီးအားကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ယင်းဖီးနစ်ဟိုတယ်ကို တာဝန်ခံလုပ်ကိုင်နေသူမှ တရုတ်လူမျိုး ဝါဇာမုန်း ခေါ် ဦးကျော်ရွှေဖြစ်ပြီး ကာစီနိုလောင်းကစားရုံကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။ ပြီးခဲ့သည့်လအတွင်းက ကျိုင်းတုံ၊ ဝမ်တာပင်းဂိတ်တွင် တရားမဝင်ကုန်စည်တင်ကား ၈စီးကို ဖမ်းဆီးရမိပြီးနောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now