မြန်မာ့နွေဦး

သဖန်းဆိပ်ဆည်အနီးက ရွာတွေ စစ်ကြောင်းဝင်ရောက်တာကြောင့် ပြည်သူ ၇,၀၀၀ ခန့်စစ်ဘေး ရှောင်နေကြ

မဲခေါင် 20 Nov - 2022
စစ်ကိုင်းတိုင်း ၊ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည် အနီးရှိ စစ်ကောင်စီဆင်စွယ်စခန်းမှ စစ်အင်အား ၃၀၀ခန့် နဲ့ ပျူစောထီး အင်အားပူပေါင်းပါဝင်ထားတဲ့စစ်ကြောင်းဟာ အင်တိုင်းကျေးရွာဝန်းကျင်ရှိ ရွာတွေကိုဝင်ရောက်လာတာကြောင့် ဒေသခံပြည်သူ ၇၀၀၀ခန့်ဟာ စစ်ဘေးရှောင်နေရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်)က သတင်းထုတ်ပြန်ထားပါတယ်။ တွေက ဘယ်ရွာဝင်ဝင် လက်နက်ကြီးငယ်‌ တွေနဲ့ရမ်းသမ်းပစ်ခတ်ပြီးဝင်တာများပါတယ်ဗျ၊ပြည်သူအထိအခိုက်တော့မရှိဘူး၊ပတ်ပတ်လည်ရွာက စစ်ကြောင်းလာတယ်ကြားတာနဲ့ အကုန်ပြေးကြတာ ရွာထဲမနေရဲကြဘူးဗျ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။ နိုဝင်ဘာ ၁၉ ရက် နံနက် ၈ နာရီခွဲခန့်မှာ စစ်ကြောင်းဟာ အင်တိုင်း၊ကျွဲတဲကျေးရွာ ပတ်ဝန်းကျင်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အင်တိုင်း ၊ ကျွဲတဲ ၊ အင်လှ ၊ ညောင်ကိုင်း ၊ ပေါယော ၊ သရက်တထောင်၊ မြင်သာ ကျေးရွာ ၇

စစ်ကိုင်းတိုင်း ၊ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည် အနီးရှိ စစ်ကောင်စီဆင်စွယ်စခန်းမှ စစ်အင်အား ၃၀၀ခန့် နဲ့ ပျူစောထီး အင်အားပူပေါင်းပါဝင်ထားတဲ့စစ်ကြောင်းဟာ အင်တိုင်းကျေးရွာဝန်းကျင်ရှိ ရွာတွေကိုဝင်ရောက်လာတာကြောင့် ဒေသခံပြည်သူ ၇၀၀၀ခန့်ဟာ စစ်ဘေးရှောင်နေရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်)က သတင်းထုတ်ပြန်ထားပါတယ်။

တွေက ဘယ်ရွာဝင်ဝင် လက်နက်ကြီးငယ်‌ တွေနဲ့ရမ်းသမ်းပစ်ခတ်ပြီးဝင်တာများပါတယ်ဗျ၊ပြည်သူအထိအခိုက်တော့မရှိဘူး၊ပတ်ပတ်လည်ရွာက စစ်ကြောင်းလာတယ်ကြားတာနဲ့ အကုန်ပြေးကြတာ ရွာထဲမနေရဲကြဘူးဗျ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

နိုဝင်ဘာ ၁၉ ရက် နံနက် ၈ နာရီခွဲခန့်မှာ စစ်ကြောင်းဟာ အင်တိုင်း၊ကျွဲတဲကျေးရွာ ပတ်ဝန်းကျင်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အင်တိုင်း ၊ ကျွဲတဲ ၊ အင်လှ ၊ ညောင်ကိုင်း ၊ ပေါယော ၊ သရက်တထောင်၊ မြင်သာ ကျေးရွာ ၇ ရွာမှ ပြည်သူ (၇၀၀၀) ခန့် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာ လည်း ညောင်ကိုင်း ကျေးရွာထဲသို့ ဝင်ရောက်၍ တန်ဖိုးကြီးပစ္စည်းရှာဖွေ ယူဆောင်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ထိုစစ်ကြောင်းဟာ မွန်းလွဲ အင်တိုင်း ၊ ကျွဲတဲ ၊ ညောင်ကိုင်း ရွာသုံးရွာ အကြားမှာ တပ်ဖျောက်ထားပြီး ဘယ်တပ်ရင်းလဲဆိုတာ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

“အဓိကကအစားအသောက် အဝတ်အထည်၊ဆေးဝါးပေါ့၊ဆောသ်းတွင်းရောက်ပြီဆိုတော့ တောထဲမှာ ဖြစ်သလိုအိပ်ရတာတွေက အရမ်းခက်ခဲတယ်ဗျ၊အရွယ်မမယ်ကလေးကအစ သက်ကြီးရွယ်အိုထိ အရမ်းဒုက္ခများကြတယ်၊ပြည်သူတွေက စစ်ကြောင်းရွာထဲကထွက်သွားရင်တောင် ၂ရက် ၃ရက်အထိ ရွာထဲပြန်မနေရဲကြဘူး ဖမ်းဆီးသတ်ဖြတ်တာတွေရှိတော့ ဖမ်းခံရမှာ ဖမ်းမိမှာ အရမ်းကြောက်ကြတယ်ဗျ” လို့ ဒေသခံတစ်ဦးက ဆက်လက်ပြောပါတယ်။

ကျွဲတဲ ၊ အင်လှ ၊ အင်တိုင်း ကျေးရွာများသည် ၂၀၂၁ အောက်တိုဘာလမှာ ကျွန်းလှမြို့နယ်တွင်း ပထမဆုံး စစ်ကောင်စီ စစ်ကြောင်းဝင်ခြင်း ခံခဲ့ရတဲ့ ရွာ‌တွေဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၈ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီဘက်မှ အလောင်းမင်းတရား စစ်ဆင်ရေးအမည်နဲ့ ကျွန်းလှမြို့နယ်သို့ ပထမဆုံးအကြိမ်ဝင်ရောက်ခဲ့ပြီး ပစ်ခတ်တာကြောင့် အင်တိုင်းကျေးရွာသား အချို့ ဒဏ်ရာရရှိကာ လွှတ်တိုက် ကျေးရွာ မှ အသက် ၂၉ နှစ်အရွယ် ကိုငြိမ်းထွန်း ဟာ အိမ်သာထဲမှာ စစ်ကောင်စီတပ်သားတွေ မီးရှို့သတ်ဖြတ်တာခံခဲ့ရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now