နေ့စဥ်သတင်း

တာချီလိတ်တွင် မူးယစ်ဆေးဝါးသာမကဘဲ ဆိုင်ကယ်များပါ ပိုင်ရှင်မဲ့လာ

မဲခေါင် 15 Jul - 2025
မဲခေါင်၊ ဇူလိုင် ၁၆ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ပိုင်ရှင်မဲ့ ဆိုင်ကယ် ၃ စီး ဖမ်းဆီးရမိသည်ဟု ဒေသတွင်း သတင်းများအရ သိရသည်။ ယနေ့ ဇူလိုင် ၁၅ ရက် နံနက်ပိုင်းက ဟောင်လိတ် ရဲစခန်းမှ တာချီလိတ်မြို့ ဝမ်မိုင်၊ ဝမ်ကောင်းနှင့် မယ်ခေါင်ရပ်ကွက် အတွင်း၌ ပတ်ကင်း၊ လှည့်ကင်း၊ ပိတ်ဆို့ စစ်ဆေးရေးလုပ်ရာမှ တဆင့် သိမ်းဆည်းရမိသည်ဟု သိရသည်။ ဆိုင်ကယ်များ သိမ်းဆည်းရမိသည့်အခြေအနေမှာ ဝမ်ကောင်းရပ်ကွက်၊ ကချင်ရွာနှင့် ကျောက်တောင်အတက် လမ်းဆုံအနီးတွင် Wave 110 အမျိုးအစား နက်ပြာရောင် ဆိုင်ကယ်တစ်စီး၊ ဝမ်မိုင်ရွာ မြို့ပတ်လမ်းတွင် CLICK 125 အမျိုးအစား အဖြူရောင်ဆိုင်ကယ် တစ်စီးနှင့်

မဲခေါင်၊ ဇူလိုင် ၁၆

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ပိုင်ရှင်မဲ့ ဆိုင်ကယ် ၃ စီး ဖမ်းဆီးရမိသည်ဟု ဒေသတွင်း သတင်းများအရ သိရသည်။

ယနေ့ ဇူလိုင် ၁၅ ရက် နံနက်ပိုင်းက ဟောင်လိတ် ရဲစခန်းမှ တာချီလိတ်မြို့ ဝမ်မိုင်၊ ဝမ်ကောင်းနှင့် မယ်ခေါင်ရပ်ကွက် အတွင်း၌ ပတ်ကင်း၊ လှည့်ကင်း၊ ပိတ်ဆို့ စစ်ဆေးရေးလုပ်ရာမှ တဆင့် သိမ်းဆည်းရမိသည်ဟု သိရသည်။

ဆိုင်ကယ်များ သိမ်းဆည်းရမိသည့်အခြေအနေမှာ ဝမ်ကောင်းရပ်ကွက်၊ ကချင်ရွာနှင့် ကျောက်တောင်အတက် လမ်းဆုံအနီးတွင် Wave 110 အမျိုးအစား နက်ပြာရောင် ဆိုင်ကယ်တစ်စီး၊ ဝမ်မိုင်ရွာ မြို့ပတ်လမ်းတွင် CLICK 125 အမျိုးအစား အဖြူရောင်ဆိုင်ကယ် တစ်စီးနှင့် မယ်ခေါင်ရပ်ကွက် ၄ လမ်း မယ်ဆိုင်ချောင်းဘေးတွင် Wave 125 အမျိုးအစား ဖြူ/နီကြား ဆိုင်ကယ်တစ်စီး၊ စုစုပေါင်းဆိုင်ကယ် ၃ စီးကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

“သူခိုးတွေက ဖမ်းခံရမှာ ကြောက်လို့ လာပစ်ထားတာလား၊ ဖမ်းမိတာကို ပိုင်ရှင်မဲ့လုပ်လိုက်တာလား မပြောတတ်ဘူး။ ဘာပဲဖြစ်ဖြစ် ခိုးခံရတဲ့သူတွေ ပြန်ရတာပေါ့။ ဝစ်သောက်က ပြန်ရပါ့မလား မသိဘူး။ ဖမ်းနေတော့လေ” ဟု မယ်ခေါင်ရပ်ကွက်နေသူတစ်ဦးက မဲခေါင်ကို ပြောသည်။

တာချီလိတ်တွင် ဆိုင်ကယ်သူခိုးများဖမ်းမိသည်ဆိုသော်လည်း ဇူလိုင်လ ၁၅ ရက်နေ့ နံနက်ပိုင်းအထိ ဆိုင်ကယ်များ အခိုးခံရဆဲ၊ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်ပျောက်ဆုံးနေသည့် ပိုင်ရှင်များအနေနှင့် မြို့မရဲစခန်းသို့ အထောက်အထားဖြင့် လာရောက် တိုက်ဆိုင်စစ်ဆေး ထုတ်ယူနိုင်ကြောင်း သိရှိရသည်။

တာချီလိတ်မြို့အတွင်း ယခု ဇူလိုင်လ ၂ ပတ်တာအတွင်း ဆိုင်ကယ်သူခိုး ၅ ဦးကို ဖမ်းဆီးရမိပြီး ဖော်ထုတ်ဖမ်းဆီးရမိသည့် ဆိုင်ကယ် ၁၃ စီးနှင့် ယခု ပိုင်ရှင်မဲ့ ဟုဆိုသည့် ဆိုင်ကယ် ၃ စီး အပါအဝင် စုစုပေါင်း ၁၆ စီး ပြန်လည်ရရှိပြီ ဖြစ်သည်။

မဟာ
#MeKongNews
#တာချီလိတ်
#ဟောင်လိတ်ရဲစခန်း
#ဆိုင်ကယ်ခိုးမှု
#ပိုင်ရှင်မဲ့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ဘက်အခြမ်းတွင် မစု ဦးဆောင်သည့် အဖွဲ့က မြန်မာနှင့် ထိုင်း တံဆိပ်တုံးအတုများ ထုပေးပြီး လူကူးသယ်ယူနေ

မဲခေါင်၊ နိုဝင်ဘာ ၂၃ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်-မယ်ဆိုင် အမှတ် (၁) ချစ်ကြည်ရေးတံတား မယ်ဆိုင်ဘက်အခြမ်းတွင် မစု ဆိုသူ ဦးဆောင်သည့်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်နေ့တွင် ယွမ် ၁၀၀ ကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို TNLA က ယာယီပိတ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းလမ်းပိုင်းကို ကုန်တင်ယာဉ်များအနေဖြင့် ၂၀၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၆ ရက် ည ၁၁

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now