နေ့စဥ်သတင်း

တောင်ကြီးတွင် လိုင်စင်မဲ့ယာဉ်များ အဖမ်းအဆီးကြမ်းနေ

မဲခေါင် 30 May - 2025
‌မဲခေါင်၊ မေ ၃၀ အာဏာသိမ်းစစ်ခေါင်းဆောင်က လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးရန် မှတ်ချက်ပေးပြီးနောက် တောင်ကြီးမြို့တွင် ယခုရက်ပိုင်းအတွင်း လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များကို ဖမ်းဆီးမှု များပြားနေကြောင်း တောင်ကြီးမြို့ခံများထံမှ သိရသည်။ မေလ ၂၁ ရက်က စစ်‌ကောင်စီ ခေါင်းဆောင်က လိုင်စင်မဲ့မော်တော်ယာဉ် နှင့် ဆိုင်ကယ်များကို ထိထိရောက်ရောက် ဖမ်းဆီး အရေးယူရန် နေပြည်တော်အစည်းအဝေးတွင် မှတ်ချက်ပေး ပြောဆိုပြီးနောက် တောင်ကြီးမြို့တွင် စီမံချက်ဖြင့် မြို့အနှံ ဖမ်းဆီးလာနေခြင်း ဖြစ်သည်။ “ဝောာင်ကြီးမှာ လိုင်စင်မဲ့ကားတွေ ဆိုင်ကယ်တွေ အမှန်အကန် ဖမ်းစီးနေပါတယ်။ ဇွန်လက စလို့ ဖမ်းမိတဲ့ လိုင်စင်မဲ့ကား ဆိုင်ကယ်တွေ အပြီးသိမ်းမယ် လို့ ပြောတာ ကြားရတယ်” ဟု

‌မဲခေါင်၊ မေ ၃၀

အာဏာသိမ်းစစ်ခေါင်းဆောင်က လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးရန် မှတ်ချက်ပေးပြီးနောက် တောင်ကြီးမြို့တွင် ယခုရက်ပိုင်းအတွင်း လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များကို ဖမ်းဆီးမှု များပြားနေကြောင်း တောင်ကြီးမြို့ခံများထံမှ သိရသည်။

မေလ ၂၁ ရက်က စစ်‌ကောင်စီ ခေါင်းဆောင်က လိုင်စင်မဲ့မော်တော်ယာဉ် နှင့် ဆိုင်ကယ်များကို ထိထိရောက်ရောက် ဖမ်းဆီး အရေးယူရန် နေပြည်တော်အစည်းအဝေးတွင် မှတ်ချက်ပေး ပြောဆိုပြီးနောက် တောင်ကြီးမြို့တွင် စီမံချက်ဖြင့် မြို့အနှံ ဖမ်းဆီးလာနေခြင်း ဖြစ်သည်။

“ဝောာင်ကြီးမှာ လိုင်စင်မဲ့ကားတွေ ဆိုင်ကယ်တွေ အမှန်အကန် ဖမ်းစီးနေပါတယ်။ ဇွန်လက စလို့ ဖမ်းမိတဲ့ လိုင်စင်မဲ့ကား ဆိုင်ကယ်တွေ အပြီးသိမ်းမယ် လို့ ပြောတာ ကြားရတယ်” ဟု တောင်ကြီးဒေသခံတစ်ဦးက ဆိုသည်။

လက်ရှိ မေလ ၃၀ ရက်နေ့တွင် တောင်ကြီးမြို့ ဘုရားဖြူအတက်၊ ထွန်းဆေးရုံ အပေါ်ဖက် နတ်နန်းအနီး မီးပွိုင့်အနီးတွင် လိုင်စင်မဲ့ကားများကို လမ်းလေးဆုံပိက်ကာ စစ်ဆေးနေပြီး သိမ်းဆည်းမှု ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

မီးပွိုင့် လမ်းလေးဆုံကို ပိက်ကာ မော်တော်ယာဉ်များကို ယာဉ်မောင်းလိုင်စင်၊ ယာဉ်လိုင်စင် ပါ/မပါ နှင့် ခါးပတ်ကြိုးတပ်၊ မတပ်ကို စစ်ဆေးကာ ဖမ်းဆီးနေခြင်း ဖြစ်ကြောင်း ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ရက်များကလည်း တောင်ကြီးတက္ကသိုလ်အနီးရှိ ဧရာဝတီ လဘက်ရည်ဆိုင်အနီး၊ အရှေ့မြို့ပတ်လမ်း နှင့် မြို့တွင်းရှိ နေရာတချို့တွင် စစ်ဆေးကာ ဖမ်းဆီးမှုတို့ ရှိခဲ့သည်။

ရှမ်းပြည်အစိုးရအဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦး၏ ပြောဆိုချက်အရ တောင်ကြီးတွင်လိုင်စင်မဲ့ကားများကို ယနေ့မှစ၍ အပြီးဖမ်းဆီးသိမ်းဆည်းသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

မေလ ၂၉ ရက် နံနက် ၁၀ နာရီခွဲက ပြုလုပ်သည့် တောင်ကြီးမြို့ရှိ စစ်ကောင်စီရ၏ ရှမ်းအစိုးရုံးအစည်းအဝေးတွင် လိုင်စင်မဲ့ကားများ ဖမ်းဆီးသိမ်းဆည်းရန် ဝန်ကြီးချုပ်ကပြောကြား ကြောင်း သိရသည်။

“ဒီနေ့ (မေလ ၃၀ ရက်) နေ့လယ် ၂ နာရီခွဲမှာ စမယ်။ အိမ်တွေကိုဝင်စစ်လို့ လိုင်စင်မဲ့ကားတွေရှိရင် ဓာတ်ပုံရိုက်ယူထားဖို့ပြောတယ်။ မြို့အဝင်အထွက် ဟိုပုံးနဲ့ အေးသာယာမှာ အဖွဲ့စုံထိုင်မယ်။ အနောက်မြို့ပတ်လမ်းကတော့ မိုဘိုင်းအဖွဲ့နဲ့စစ်မယ်” ဟု သတင်းရင်းမြစ်က ယနေ့မေ ၃၀ တွင် ပြောသည်။

ယင်းသို့ဖမ်းဆီးရာတွင် လိုင်စင်မဲ့ကား ဝယ်ရောင်းများကို အဓိကဖမ်းဆီးမည် ဖြစ်ပြီး ဝယ်စီးသည့် ပြည်သူများတွင် လူကို ဖမ်း၊ မဖမ်း မသိရကြောင်း၎င်းက ပြောသည်။

အဖွဲ့စုံတွင် ထွေအုပ်၊ ရဲမျိုးစုံ၊ ကညန စသည်များ ပါဝင်မည်ဖြစ်ပြီး ဖမ်းဆီးရမိကားများကား ထိန်းသိမ်းရာတွင် ပစ္စည်းစုံမှတ်တမ်းထားရှိရန်နှင့် ပျက်စီးပျောက်ဆုံးမှုများ မဖြစ်စေရန် ပြောကြားကြောင်း သိရသည်။

လိုင်စင်မဲ့ယာဉ်များဖော်ထုတ်ရေးနှင့် ပတ်သက်၍ စစ်ကောင်စီဥက္ကဌက မေ ၂၀ ရက် နံနက်ပိုင်းကပြုလုပ်သည့် နေပြည်တော်အစည်းအဝေးတွင် လိုင်စင်မဲ့မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ စီးနင်းမှုကို ဖော်ထုတ်ရမည်ဖြစ်ကာ နံပါတ်ပြားအတုပြုလုပ်ခြင်း၊ လိုင်စင်အတုပြုလုပ်ခြင်းများကို တွေ့ရှိရသဖြင့် တာဝန်ရှိသူများအနေဖြင့် ပါဝင်ပတ်သက်နေသူများအားလုံးကို စိစစ်ဖော်ထုတ်အရေးယူရမည်ဟု ပြောကြားထားသည်။

မဟာ, ဖေသန်း
#MeKongNews
#တောင်ကြီး
#လိုင်စင်မဲ့ကား
#ဘုရားဖြူ
#အနောက်မြို့ပတ်လမ်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now