မြန်မာ့နွေဦး

ဝက်လက်မြို့နယ် ရှိမ်းမကားရွာကို စစ်ကောင်စီတပ် မီးရှို့၊ အနီးနားရွာတွေက ဒေသခံတွေပါ ထွက်ပြေးနေရ

မဲခေါင် 12 Nov - 2022
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ရှိ ရှိမ်းမကားရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၁ ရက် ညပိုင်းမှာ မီးတင်ရှို့ခဲ့လို့ ဒေသခံ‌တွေ ထွက်ပြေးနေရတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ “ရှိမ်းမကားရွာအပြင် တခြားရွာတွေပါ ပြေးနေရတာပါ။ စစ်တပ်က အကြောင်းမဲ့ ရမ်းသန်းပစ်နေတာ။ အခုလည်း အရှေ့တောင်ခြမ်း ပေါက်ကန်ရွာမ ထဲမှာ ရောက်နေပြီး လက်နက်ကြီးတွေနဲ့ ရမ်းပစ်နေတာ” လို့ ပြေးနေရတဲ့ ဒေသခံတစ်ဦး က ပြောပါတယ်။ နိုဝင်ဘာ ၁၁ ရက် ညနေပိုင်းမှာ ရှိမ်းမကား ရဲစခန်းကို ဗိုလ်ကျားကြီး အဖွဲ့က လက်နက်ကြီး‌‌တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ထိုနေ့ ည ၁၁ နာရီ ၁၅ မိနစ်ခန့်မှာ ရှိမ်းမကားရွာလယ် ဓမ္မာရုံ အနောက်ဘက်မှာ

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ရှိ ရှိမ်းမကားရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၁ ရက် ညပိုင်းမှာ မီးတင်ရှို့ခဲ့လို့ ဒေသခံ‌တွေ ထွက်ပြေးနေရတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“ရှိမ်းမကားရွာအပြင် တခြားရွာတွေပါ ပြေးနေရတာပါ။ စစ်တပ်က အကြောင်းမဲ့ ရမ်းသန်းပစ်နေတာ။ အခုလည်း အရှေ့တောင်ခြမ်း ပေါက်ကန်ရွာမ ထဲမှာ ရောက်နေပြီး လက်နက်ကြီးတွေနဲ့ ရမ်းပစ်နေတာ” လို့ ပြေးနေရတဲ့ ဒေသခံတစ်ဦး က ပြောပါတယ်။

နိုဝင်ဘာ ၁၁ ရက် ညနေပိုင်းမှာ ရှိမ်းမကား ရဲစခန်းကို ဗိုလ်ကျားကြီး အဖွဲ့က လက်နက်ကြီး‌‌တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ထိုနေ့ ည ၁၁ နာရီ ၁၅ မိနစ်ခန့်မှာ ရှိမ်းမကားရွာလယ် ဓမ္မာရုံ အနောက်ဘက်မှာ မီးရှို့ခဲ့တာလို့ Wetlet Information Network ကထုတ်ပြန်ထားပါတယ်။

အဲဒီလို မီးရှို့ ပစ်ခတ်မှုကြောင့် ဝက်လက်မြို့နယ် အရှေ့တောင်ခြမ်းနဲ့ မတ္တရာမြို့နယ် ရေလယ်ခေါင်ရွာ တချို့က ဒေသခံတွေပါ ပြေးနေရတယ်လို့ သိရပါတယ်။

ရှိမ်းမကားရဲစခန်းမှာ စစ်ကောင်စီတပ် အထိုင်အင်အား ၆၀ ခန့်ရှိပြီး နိုဝင်ဘာ ၁၁ ရက် ညနေပိုင်းက ပစ်ခတ်တိုက် ခိုက်မှုကြောင့် ထိခိုက်မှု အခြေအနေကိုတော့ မသိရသေးပါဘူး။

ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ရှိ ရှိမ်းမကားရွာဟာ ဧရာဝတီမြစ်ကမ်းဘေးမှာ တည်ရှိပြီး အိမ်ခြေ တစ်ထောင်ခန့်ရှိတဲ့ ရွာကြီးဖြစ်ကာ သာယာလှပတဲ့ ရှုခင်း‌တွေ ရှေး ဟောင်း အဆောက်အဦ တွေကြောင့် ထင်ရှားတဲ့ ခရီးသွားဒေသ ဖြစ်ပါတယ်။

ဒါပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက် လေကြောင်း ၊ ရေကြောင်း ကုန်းကြောင်းတွေနဲ့ ရွာကို စစ်ကြောင်းထိုး မီးရှို့မှု‌တွေကြောင့် ဒေသခံ‌တွေ နေအိမ် စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

နိုဝင်ဘာ ၇ ရက်က ရှိမ်းမကားရဲစခန်းမှ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ရွာခံ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကာ သုံးနှစ်အရွယ် ကလေး အပါအဝင် ဒေသခံ သုံးဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ဘက်အခြမ်းတွင် မစု ဦးဆောင်သည့် အဖွဲ့က မြန်မာနှင့် ထိုင်း တံဆိပ်တုံးအတုများ ထုပေးပြီး လူကူးသယ်ယူနေ

မဲခေါင်၊ နိုဝင်ဘာ ၂၃ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်-မယ်ဆိုင် အမှတ် (၁) ချစ်ကြည်ရေးတံတား မယ်ဆိုင်ဘက်အခြမ်းတွင် မစု ဆိုသူ ဦးဆောင်သည့်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်နေ့တွင် ယွမ် ၁၀၀ ကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို TNLA က ယာယီပိတ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းလမ်းပိုင်းကို ကုန်တင်ယာဉ်များအနေဖြင့် ၂၀၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၆ ရက် ည ၁၁

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now