မြန်မာ့နွေဦး

ရှမ်းပြည်တောင်ပိုင်းထွက် ပန်း ၃ မျိုးကို မလေးရှားနိုင်ငံသို့ စမ်းသပ်တင်ပို့

မဲခေါင် 12 Nov - 2022
ရှမ်းပြည်တောင်ပိုင်းက ပန်းစိုက်ပျိုးရာ ကလော၊ ဟဲဟိုး၊ ညောင်ရွှေ၊ အောင်ပန်းဒေသတွေက စိုက်ပျိုးထွက်ရှိတဲ့ ပန်းအမျိုးအစား ၃ မျိုးကို မလေးရှားနိုင်ငံသို့ စမ်းသပ်တင်ပို့ထားတယ်လို့ သိရပါတယ်။ ယခု နိုဝင်ဘာလအတွင်းက လေကြောင်းလိုင်းနဲ့ စမ်းသပ်တင်ပို့ထားတာဖြစ်ပြီး ရန်ကုန်မြို့ရှိ ကုမ္ပဏီတစ်ခုနဲ့ ချိတ်ဆက်တင်ပို့ခြင်းဖြစ်ကာ သယ်ယူပို့ဆောင်စရိတ်၊ ဈေးကွက်အတွင်းရောက်ရှိချိန် ပန်းအရည်အသွေး ကောင်းမွန်မှု ရှိ၊ မရှိပေါ် မူတည်ပြီး ရေရှည်တင်ပို့မယ်လို့ အောင်ပန်းမြို့ရှိ ပန်းပွဲရုံမှ သိရပါတယ်။ “အဲဒီလို ပန်း ၃ မျိုး စမ်းသပ်တင်ပို့မှု အောင်မြင်ရင် ပန်းစိုက်ပျိုးတောင်သူတွေ ဝင်ငွေအခွင့်အလမ်းများ ရနိုင်ပါတယ်။ အခု အဲဒေသတွေမှာ နှင်းဆီ၊ ဂန္ဓမာ၊ သပြေနဲ့ လီလီပန်းတို့ကို ဧက ၈၀၀ မှ ၁၀၀၀

ရှမ်းပြည်တောင်ပိုင်းက ပန်းစိုက်ပျိုးရာ ကလော၊ ဟဲဟိုး၊ ညောင်ရွှေ၊ အောင်ပန်းဒေသတွေက စိုက်ပျိုးထွက်ရှိတဲ့ ပန်းအမျိုးအစား ၃ မျိုးကို မလေးရှားနိုင်ငံသို့ စမ်းသပ်တင်ပို့ထားတယ်လို့ သိရပါတယ်။

ယခု နိုဝင်ဘာလအတွင်းက လေကြောင်းလိုင်းနဲ့ စမ်းသပ်တင်ပို့ထားတာဖြစ်ပြီး ရန်ကုန်မြို့ရှိ ကုမ္ပဏီတစ်ခုနဲ့ ချိတ်ဆက်တင်ပို့ခြင်းဖြစ်ကာ သယ်ယူပို့ဆောင်စရိတ်၊ ဈေးကွက်အတွင်းရောက်ရှိချိန် ပန်းအရည်အသွေး ကောင်းမွန်မှု ရှိ၊ မရှိပေါ် မူတည်ပြီး ရေရှည်တင်ပို့မယ်လို့ အောင်ပန်းမြို့ရှိ ပန်းပွဲရုံမှ သိရပါတယ်။

“အဲဒီလို ပန်း ၃ မျိုး စမ်းသပ်တင်ပို့မှု အောင်မြင်ရင် ပန်းစိုက်ပျိုးတောင်သူတွေ ဝင်ငွေအခွင့်အလမ်းများ ရနိုင်ပါတယ်။ အခု အဲဒေသတွေမှာ နှင်းဆီ၊ ဂန္ဓမာ၊ သပြေနဲ့ လီလီပန်းတို့ကို ဧက ၈၀၀ မှ ၁၀၀၀ ခန့် စိုက်ပျိုးမှုရှိတယ်” လို့ ပန်းအသင်းတာဝန်ရှိသူက ပြောပါတယ်။

လက်ရှိ မလေးရှားဈေးကွက်ရရှိဖို့အတွက် ဒေသထွက် ရေမွှေးနှင်းဆီ အပွင့် ၆၀၀ ပါ တစ်ဖာ၊ ဂန္ဓမာပန်း ကြွေဖြူနဲ့ ရွှေဝါဝင်း အပွင့် ၅၀၀ စီပါ နှစ်ဖာတို့ကို လေကြောင်းလိုင်းနဲ့ တင်ပို့ထားပါတယ်။

ပြည်တွင်းဈေးကွက်မှာတော့ နှင်းဆီ ၁၀ ပွင့်ကို ကျပ် ၂၀၀၀ မှ ၂၃၀၀၊ ဂန္ဓမာပန်း အရောင်အမျိုးအစားပေါ် မူတည်ပြီး ၁၀ ပွင့်ကို ကျပ် ၂၀၀၀ မှ ၂၂၀၀ အထိ ဈေးရရှိတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now