မြန်မာ့နွေဦး

ရှမ်းပြည်ထွက်သီးနှံတွေ သွင်းအားစုတွေ‌ကြီးမြင့်နေပေမယ့် တောင်သူတွေအတွက် ဈေးအရနည်းနေ

မဲခေါင် 12 Nov - 2022
ရှမ်းပြည်နယ်က စိုက်ပျိုးတောင်သူတွေဟာ သီးနှံအထွက်နှုန်းနည်းတာ၊ စိုက်ပျိုးရေးသွင်းအားစု ဈေးအဆအတန်မြင့်တက်တာ၊‌ လောင်စာဆီဈေးကြောင့် သယ်ယူပို့ဆောင်စရိတ် ကြီးမြင့်နေပေမယ့် ထွက်ရှိတဲ့ သီးနှံတွေကြတော့ ဈေးကောင်းမရဘူးလို့ သိရပါတယ်။ “သီးနှံကိုဒေသကောက်ဈေးနဲ့ ရောင်းရတယ် ဒိုင်သွားပို့တော့ ထော်လာဂျီ ဌားခတွေ သယ်ယူစရိတ်တွေကြောင့် ဒိုင်ကပေးတဲ့ဈေးထက် လျော့ပြီးရတဲ့သဘောဖြစ်နေတာ ဥပမာပြောရရင် ဂေါ်ရခါးသီးတစ်လုံး ၂၀ နဲ့ကောက်တယ် ပို့ဆောင်ခတွေ ကားဌားခတွေနဲ့ ၁၆ ကျပ်လောက်ပဲ တောင်သူကရတာ ဒီကြားထဲ့ အဆင့်ဆင့်ကောက်ခံနေတဲ့ ဂိတ်ကြေးတွေကရှိသေးတယ်။ အဲ့တော့ အခြားမြို့နယ်တွေရောက်ရင် ရှမ်းကုန်က ဈေးရသလိုဖြစ်နေတာ တကယ်တောင်သူက အဲ့လောက်ဈေးမရဘူး” လို့ ရှမ်းပြည်နယ်က တောင်သူတစ်ဦးကပြောပါတယ်။ ရှမ်းပြည်နယ်ဒေသထွက် ကုန်စိမ်း‌တွေ ကုန်အဝင်နည်းပြီး အရောင်းဝယ် ထက်ဝက်ခန့် ကျဆင်းနေတယ်လို့ သိရီမင်္ဂလာဈေးမှ စုံစမ်းသိရှိရပါတယ်။ “ပုံမှန်ဆို အခုလိုရာသီဆို

ရှမ်းပြည်နယ်က စိုက်ပျိုးတောင်သူတွေဟာ သီးနှံအထွက်နှုန်းနည်းတာ၊ စိုက်ပျိုးရေးသွင်းအားစု ဈေးအဆအတန်မြင့်တက်တာ၊‌ လောင်စာဆီဈေးကြောင့် သယ်ယူပို့ဆောင်စရိတ် ကြီးမြင့်နေပေမယ့် ထွက်ရှိတဲ့ သီးနှံတွေကြတော့ ဈေးကောင်းမရဘူးလို့ သိရပါတယ်။

“သီးနှံကိုဒေသကောက်ဈေးနဲ့ ရောင်းရတယ် ဒိုင်သွားပို့တော့ ထော်လာဂျီ ဌားခတွေ သယ်ယူစရိတ်တွေကြောင့် ဒိုင်ကပေးတဲ့ဈေးထက် လျော့ပြီးရတဲ့သဘောဖြစ်နေတာ ဥပမာပြောရရင် ဂေါ်ရခါးသီးတစ်လုံး ၂၀ နဲ့ကောက်တယ် ပို့ဆောင်ခတွေ ကားဌားခတွေနဲ့ ၁၆ ကျပ်လောက်ပဲ တောင်သူကရတာ ဒီကြားထဲ့ အဆင့်ဆင့်ကောက်ခံနေတဲ့ ဂိတ်ကြေးတွေကရှိသေးတယ်။ အဲ့တော့ အခြားမြို့နယ်တွေရောက်ရင် ရှမ်းကုန်က ဈေးရသလိုဖြစ်နေတာ တကယ်တောင်သူက အဲ့လောက်ဈေးမရဘူး” လို့ ရှမ်းပြည်နယ်က တောင်သူတစ်ဦးကပြောပါတယ်။

ရှမ်းပြည်နယ်ဒေသထွက် ကုန်စိမ်း‌တွေ ကုန်အဝင်နည်းပြီး အရောင်းဝယ် ထက်ဝက်ခန့် ကျဆင်းနေတယ်လို့ သိရီမင်္ဂလာဈေးမှ စုံစမ်းသိရှိရပါတယ်။

“ပုံမှန်ဆို အခုလိုရာသီဆို အလှူပွဲတွေ၊ ပွဲလမ်းသဘင်တွေရှိတယ်။ အခုက ခေတ်ပျက်နေတော့ ဘယ်သူမှမလုပ်ကျတော့ အရောင်းအဝယ်ကလည်းကျသွားတယ်။ ကုန်အဝင်လည်း နည်းသွားတယ်။ တောင်သူရော၊ ကုန်သည်ရော၊ လက်ကားရောင်းတဲ့သူရော အကုန်အဆင်မပြေဖြစ်တာဘဲ။ သယ်ယူပို့ဆောင်စရိတ်တွေက ကြီးတာလည်း ပါတယ်” လို့ သီရိမင်္ဂလာဈေးမှာ ရှမ်းကုန်စိမ်းရောင်းသူတစ်ဦးက ပြောပါတယ်။

ကုန်ပစ္စည်းသယ်ယူစရိတ်မှာ NLD အစိုးရခေတ်တွင် တစ်ပိဿာလျှင် ကားခ ၈၀ မှ ၁၀၀ ဝန်းကျင်သာရှိပြီး လက်ရှိမှာတော့ တစ်ပိဿာလျှင် ၁၈၀ အထိပေးနေရပြီး အလုပ်သမားစရိတ်တွေ၊ ဆိုင်ခန်းငှားခတွေကြောင့် တွက်ချေမကိုက်ဘူးလို့ ၎င်းက ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ဒေသတွင်း မတည်ငြိမ်တာ၊ လောင်စာဆီဈေးကြီးမြင့်တာ၊ ငွေကြေး မတည်မငြိမ်ဖြစ်တာနဲ့ စိုက်ပျိုးရေးသွင်းအားစုတွေ ဈေးအဆမတန် တက်တာတွေကြောင့် တောင်သူတွေ အရှုံးပေါ်နေသလို လမ်းပမ်းဆက်သွယ်ရေးအတွက် စစ်ကောင်စီတပ်တွေရဲ့ဂိတ်ကြေးတွေ နေရာတော်တော်များများမှာ ကောက်ခံနေတာကြောင့် ကုန်သည်ပွဲစားတွေနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူတွေလည်း တွက်ခြေမကိုက်ဖြစ်နေတာပါ။

စားသုံးသူတွေအနေနဲ့လည်း မြန်မာငွေတန်ဖိုး ကျဆင်းတာ၊ အလုပ်အကိုင်ရှားပါးတာနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် အထွေထွေအကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now