နေ့စဥ်သတင်း

ဆီဆိုင်တွင် ညဘက်ပြန်လာသည့် ရွာသားများကို PNO က အဓမ္မ ငွေညှစ်နေ

မဲခေါင် 4 Mar - 2026
မဲခေါင်၊ မတ် ၄ ရက် ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ပအိုဝ်းပြည်သူ့စစ် – PNO က ကျေးရွာအဝင်အထွက် ဂိတ်များ၌ ကင်းစောင့်နေပြီး ညအချိန်မတော် ပြန်လာသည့် ဒေသခံ ရွာသားများကို အချိန်နောက်ကျသည်ဟု အကြောင်းပြကာ ငွေညှစ်တောင်းခံမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းက ဆီဆိုင်မြို့နယ်၊ နားဆမ်ကျေးရွာအုပ်စု၊ ပင်လဲင်းကျေးရွာရှိ ကျောင်းသား၊ ကျောင်းသူများသည် ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသဖြင့် အင်းလေးဒေသသို့ အပန်းဖြေခရီး သွားရောက်ခဲ့ကြသည်။ ၎င်းတို့အဖွဲ့ ပြန်လာချိန်တွင် ညမိုးချုပ်သွားသဖြင့် ကျေးရွာအဝင်တွင် ဂိတ်ချစောင့်နေသော PNO အဖွဲ့ဝင်များက တားဆီးကာ ငွေကျပ် ၃ သောင်း ပေးဆောင်ရန် အကျပ်ကိုင်တောင်းခံခဲ့ခြင်း ဖြစ်

မဲခေါင်၊ မတ် ၄ ရက်

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ပအိုဝ်းပြည်သူ့စစ် – PNO က ကျေးရွာအဝင်အထွက် ဂိတ်များ၌ ကင်းစောင့်နေပြီး ညအချိန်မတော် ပြန်လာသည့် ဒေသခံ ရွာသားများကို အချိန်နောက်ကျသည်ဟု အကြောင်းပြကာ ငွေညှစ်တောင်းခံမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ဆီဆိုင်မြို့နယ်၊ နားဆမ်ကျေးရွာအုပ်စု၊ ပင်လဲင်းကျေးရွာရှိ ကျောင်းသား၊ ကျောင်းသူများသည် ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသဖြင့် အင်းလေးဒေသသို့ အပန်းဖြေခရီး သွားရောက်ခဲ့ကြသည်။

၎င်းတို့အဖွဲ့ ပြန်လာချိန်တွင် ညမိုးချုပ်သွားသဖြင့် ကျေးရွာအဝင်တွင် ဂိတ်ချစောင့်နေသော PNO အဖွဲ့ဝင်များက တားဆီးကာ ငွေကျပ် ၃ သောင်း ပေးဆောင်ရန် အကျပ်ကိုင်တောင်းခံခဲ့ခြင်း ဖြစ် သည်။

“ဟုတ်တယ်၊ ကျနော်တို့ ဆရာလည်းပါတယ်။ ကားဆရာက ညှိလို့မရတော့ ၃ သောင်းပေးလိုက်ရတယ်။ သူတို့လက်ထဲ လက်နက်တွေနဲ့ဆိုတော့ မပေးလို့လည်း မရဘူးလေ။ ဒါက အခုမှမဟုတ်ဘူး၊ အရင်နှစ် တန်ဆောင်တိုင်တုန်းကလည်း သွားပြီး ပြန်လာတာ နောက်ကျလို့ဆိုပြီး အခုလိုပဲ ပေးခဲ့ရတာမျိုးတွေ ရှိတယ်” ဟု ယင်းခရီးစဉ်တွင် ပါဝင်ခဲ့သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဆီဆိုင်မြို့နယ်အတွင်း စစ်ရေးပဋိပက္ခများ ဖြစ်ပွားပြီးနောက် ပိုင်း PNO သည် ကျေးရွာ အဝင် အထွက်များတွင် စစ်ဆေးရေးဂိတ်များ ပိုမိုတိုးမြှင့် ချထားပြီး ယခုကဲ့သို့ အကြောင်းအမျိုးမျိုး ပြကာ ငွေကြေးကောက်ခံမှုများ ဆက်တိုက်ရှိနေကြောင်း ဒေသခံများက ဆိုသည်။

ယခုကဲ့သို့ ငွေကြေးတောင်းခံမှုသည် စစ်ဘေးဒဏ်နှင့် ကုန် ဈေးနှုန်းဒဏ် ခံနေရသည့် ဒေ သခံ ရွာသားများအတွက် ဝန် ထုပ်ဝန်ပိုး ဖြစ်နေပြီး လုံခြုံရေးအ ကြောင်းပြကာ ကိုယ်ကျိုး ရှာနေသည့် လုပ်ရပ်အဖြစ် ဝေဖန်မှုများ ထွက်ပေါ်နေသည်။

ယင်းငွေကြေးတောင်းခံမှုများ သည် တရားဝင် သတ်မှတ်ထားသည့် ဒဏ်ကြေးများ မဟုတ်ဘဲ ဂိတ်စောင့်တပ်သားများက စိတ်ထင်သလို တောင်းခံနေခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့် အဖွဲ့အစည်း တာဝန်ရှိသူများ အနေဖြင့် အောက်ခြေတပ်သားများ၏ လုပ်ရပ်ကို အ ရေးယူဆောင်ရွက်ပေးနိုင်ရန်လည်း ဒေသခံများက မျှော်လင့်နေကြသည်။

#MeKongNews
#ဆီဆိုင်
#ရွာသားများ
#PNO
#အဓမ္မ
#ငွေညှစ်နေ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now