မဲခေါင်၊ ဇူလိုင် ၉
စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ထားသည့် လားရှိူးမြို့ပေါ်ရှိ အပေါင်ဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရသဖြင့် ရွှေ ၇ ပိဿာခန့် ပါသွားကြောင်း ရပ်ကွက်နေသူများထံက သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၆ရက်နေ့ ညနေပိုင်းက လားရှိူးမြို့ ရပ်ကွက် ၉ ရှိ ပုဂ္ဂလိကအပေါင်ဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူ ၄ဦးက သေနတ်များကိုင်ဆောင်ကာ ကားဖြင့် လာရောက် ဓားပြတိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“အုပ်ကြီးရုံးနဲ့နီးနီးလေး၊ ဘာမှမတတ်နိုင်ကြဘူး။ ဘာလုံခြုံမှုမရှိဘူး။ တချို့တောင် မနေရဲလို့ပြန်ထွက်နေကြပြီ။ မြို့ပြင်ထွက်တာနဲ့ လွတ်ပြီလေ။ လက်နက်ကလည်းပေါပ” ဟု ရပ်ကွက်သားတစ်ဦးက မဲခေါင်သို့ ပြောသည်။
လားရှိုးမြို့တွင် စစ်ကောင်စီပြန်လည်ထိန်းချုပ်ပြီးနောက်ပိုင်း လုယက်မှု၊ ဓားပြတိုက်မှုများ များလာပြီး ရဲစခန်းများအနီးမှာပင် ဖုန်းဆိုင်ဓားပြတိုက်ခံရသည့် ဖြစ်ရပ်များလည်း ရှိခဲ့သည်။
ပြီးခဲ့သည့် ဧပြီလ ၂၂ရက်နောက်ပိုင်း စစ်ကောင်စီက လားရှိုးမြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် ဇူလိုင်လ ၈ရက်နေ့အထိ ဓားပြတိုက်မှု၊ ဓားခုတ်မှုနဲ့ လုယက်မှု ၃၀ ကျော် ဖြစ်ပွါးခဲ့ပြီးဖြစ်သည်။
မဟာ
#MeKongNews
#လားရှိုး
#ဓားပြတိုက်
#အပေါင်ဆိုင်








