မဲခေါင်၊ ဇူလိုင် ၁
ဇွန် ၂၉ ရက်မနက်ပိုင်းက လာအိုနယ်စပ် နန်ခရိုင်မှ ဖာရေးနှင့် ထိုင်းအလယ်ပိုင်း လော့ပူရီခရိုင်သို့ မောင်းနှင်လာသည့် ကုန်ကားတစ်စီးအား X Ray စက်တွင် မသင်္ကာဖွယ်ရာ ပစ္စည်းများ တင်ဆောင် လာသည်ကို တွေ့ရသဖြင့် စစ်ဆေးရာ WY တံဆိပ်ပါ စိတ်ကြွဆေးပြားပေါင်း ၁၀ သန်း ဖမ်းဆီးရမိ ခဲ့သည်။
မဟာဆာရာခန် လိုင်စင်တံဆိပ်ပြားဖြင့် ကုန်ကားကို မောင်းနှင်လာသူသည် မဟာဆာရာခန် ခရိုင်နေ ခမ်းဝမ်ဆိုသူဖြစ်ကာ ကားအတွင်း ထုပ်ပိုးထားသည့် အထုပ်ပေါင်း ၁၀၀၀ တွေ့ရှိရပြီး စုစု ပေါင်း စိတ်ကြွဆေး အလုံး ၁၀ သန်း တွေ့ရှိရသဖြင့် ဟိုင်းရိုင် ရဲစခန်းက အမှုဖွင့်လှစ်ကာ ဆက်လက် စုံစမ်းအရေးယူသွားမည်ဟု ကြေညာသည်။
Ref: Khaosod
#MeKongNews
#ထိုင်းနိုင်ငံ
#လာအိုနိုင်ငံ
#နယ်စပ်ဒေသ
#စိတ်ကြွဆေးပြား








