နေ့စဥ်သတင်း

တရားမဝင်ဆော့ဖ်ဝဲလ်များကြောင့် ထိုင်းတွင် တစ်နှစ်အတွင်း အချက်အလက် ၅ သန်းကျော် ဖောက်ထွင်းခိုးယူခံရ

မဲခေါင် 31 May - 2025
မဲခေါင်၊ မေ ၃၁ ၂၀၂၄ခုနှစ် ထိုင်းနိုင်ငံအတွင်း Username နှင့် Password ခိုးယူခံရခြင်း ၈၀၀၀၀ သာရှိခဲ့ရာမှ ယခုနှစ် ပထမ ၅ လပိုင်းအတွင်းမှာပင် ဆိုက်ဘာ ချိုးဖောက်ရယူခံရမှု အံ့မခန်း ၅ သန်းအထိ မြင့်တက်သွားခဲ့ကြောင်း ထိုင်းအမျိုးသားဆိုက်ဘာလုံခြုံရေးအေဂျင်စီ (NCSA) က သတိပေးထုတ်ပြန်ခဲ့သည်။ ကျားဖြန်လုပ်ငန်းများစွာ တည်ရှိနေသော ထိုင်းတွင် ယခုလို ဆိုက်ဘာတိုက်ခိုက်ချိုးဖောက်ခံရခြင်းသည် အဓိကအားဖြင့် တရားမဝင် လိုင်စင်၊ မူပိုင်ခွင့်မပါ ဆော့ဖ်ဝဲလ်များကို အဖွဲ့အစည်းများနှင့် တစ်ဦးချင်းလူပုဂ္ဂိုလ်များက အများအပြားသုံးစွဲခြင်းကြောင့် ယင်းဆော့ဖ်ဝဲလ်များမှတဆင့် မေးဝဲလ်များမှသည် အသုံးပြုသူများ၊ အဖွဲ့အစည်းများ၏ PC နှင့် Devices များ၏ Username နှင့် Password အပါအဝင်

မဲခေါင်၊ မေ ၃၁

၂၀၂၄ခုနှစ် ထိုင်းနိုင်ငံအတွင်း Username နှင့် Password ခိုးယူခံရခြင်း ၈၀၀၀၀ သာရှိခဲ့ရာမှ ယခုနှစ် ပထမ ၅ လပိုင်းအတွင်းမှာပင် ဆိုက်ဘာ ချိုးဖောက်ရယူခံရမှု အံ့မခန်း ၅ သန်းအထိ မြင့်တက်သွားခဲ့ကြောင်း ထိုင်းအမျိုးသားဆိုက်ဘာလုံခြုံရေးအေဂျင်စီ (NCSA) က သတိပေးထုတ်ပြန်ခဲ့သည်။

ကျားဖြန်လုပ်ငန်းများစွာ တည်ရှိနေသော ထိုင်းတွင် ယခုလို ဆိုက်ဘာတိုက်ခိုက်ချိုးဖောက်ခံရခြင်းသည် အဓိကအားဖြင့် တရားမဝင် လိုင်စင်၊ မူပိုင်ခွင့်မပါ ဆော့ဖ်ဝဲလ်များကို အဖွဲ့အစည်းများနှင့် တစ်ဦးချင်းလူပုဂ္ဂိုလ်များက အများအပြားသုံးစွဲခြင်းကြောင့် ယင်းဆော့ဖ်ဝဲလ်များမှတဆင့် မေးဝဲလ်များမှသည် အသုံးပြုသူများ၊ အဖွဲ့အစည်းများ၏ PC နှင့် Devices များ၏ Username နှင့် Password အပါအဝင် အချက်အလက်များ ခိုးယူခံရခြင်းဖြစ်သည်ဟု NCSA က ထုတ်ပြန်သည်။

ထိုသို့ ဒေတာခိုးယူခြင်းခံရပါက လူပုဂ္ဂိုလ်တစ်ဦးချင်း၏ Devices များအတွင်းမှ ဒစ်ဂျစ်တယ်ငွေကြေး များ ခိုးယူခံရသလို ပုဂ္ဂိုလ်ရေးအချက်အလက်များ ရယူပြီး ခြိမ်းခြောက်ငွေညှစ်ခြင်း လုပ်ငန်းစဉ်များ ဖြစ်လာကြောင်း၊ အဖွဲ့အစည်းဆိုင်ရာ PC နှင့် Devices များတွင် တရားဝင်မဟုတ်သည့် ဆော့ဖ်ဝဲလ်များ သုံးခဲ့ပါကလည်း ရှိသမျှ အဖွဲ့အစည်းဆိုင်ရာ အချက်အလက်၊ ငွေကြေးစီးဆင်းမှု၊ ဒစ်ဂျစ်တယ် ငွေကြေးများအားလုံး ခိုးယူခံရမည်ဖြစ်သလို ကျားဖြန်သမားများဆိုလျှင် တစ်ကြိမ်တည်းနှင့် ခြိမ်းခြောက် အသုံးမချဘဲ တစ်ရစ်ပြီး တစ်ရစ် ခြိမ်းခြောက် အကြပ်ကိုင် ငွေညှစ်မှုများ လုပ်ဆောင် ကြမည်ဖြစ်ကြောင်း သတိပေးထားသည်။

ထိုင်းကွန်ပျူတာအရေးပေါ်တုံ့ပြန်မှုအသင်းက နိုင်ငံတွင်း တရားမဝင် ဆော့ဖ်ဝဲလ်များစွာကို အသုံးပြုနေခြင်းကြောင့် ထိုဆော့ဖ်ဝဲလ်များသည် ဆိုက်ဘာခြိမ်းခြောက်မှု၏ ဂိတ်၀ တံခါးများအဖြစ် အားလုံးကို ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်းလုံးဆိုလျှင် ယခု ၂၀၂၅ ခုနှစ် ပထမ ၅ လ အတွင်း ဆိုက်ဘာ ဒေတာခိုးယူခံရမှု ၁၈၇ သန်း ရှိခဲ့ပြီး အဖွဲ့အစည်းကြီးများကိုယ်တိုင်က ထိုသို့သော လိုင်စင်မဲ့ လုံခြုံခြင်းမရှိသည့် တရားမဝင် ဆော့ဖ်ဝဲလ်များသုံးခြင်းသည် စားသုံးသူ အချက်အလက်များ ကို အကာအကွယ်မပေးနိုင်ခြင်းကြောင့် ဥပဒေနှင့် ငြိစွန်းကြောင်း၊ လူပုဂ္ဂိုလ်တစ်ဦးချင်းစီတိုင်းလည်း အဆိုပါ တရားမဝင် ဆော့ဖ်ဝဲလ် များသုံးခြင်းသည် Copyright Act အက်ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု န်ပျူတာအရေးပေါ်တုံ့ပြန်မှုအသင်း AVM Amorn က သတိပေးပြောဆိုသွားခဲ့သည်။

ကိုကလင်း
Ref: bangkokpost
#MeKongNews
#တရားမဝင်ဆော့ဖ်ဝဲလ်
#အချက်အလက်ခိုးယူခံရ
#ထိုင်းနိုင်ငံ
#ဒီဂျစ်တယ်ငွေကြေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်ဘက်မှ ကျားဖြန့်လုပ်ငန်းအချို့ နမ့်ခမ်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၅ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်း အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းများအပေါ် ဖိအားများလာပြီးနောက် အဆိုပါ လုပ်ငန်းအချို့ နမ့်ခမ်းမြို့နယ်အတွင်းသို့ ရွှေ့ပြောင်းအခြေချလာနေကြောင်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဖြတ်အဖွဲ့ တာချီလိတ်တွင် လူငယ်များကို လာရောက်ပေါ်တာဆွဲနေပြန်

မဲခေါင် အောက်တိုဘာ ၂၅ စစ်မှုထမ်းလူသစ်အတွက် ပေါ်တာဆွဲ လူစုဆောင်းမှုများ တာချီလိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း ပြန်လည်ဖြစ်ပွားနေကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ဆိုင်ကယ်ခိုးမှု တရားခံပြေး ဖမ်းမိ၊ ဆိုင်ကယ် ၄ စီးနှင့် မှုတ်ဆေးဘူး ၈ ဘူး သိမ်းဆည်းရမိ

မဲခေါင်၊ အောက်တိုဘာ ၂၅ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ငှက်ပျောတောကျေးရွာတွင် ဆိုင်ကယ်ခိုးမှုဖြင့် တရားစွဲဆိုခံထားရသည့် တရားခံပြေးတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ခိုးယူထားသည်ဟုဆိုသည့် Wave 125 ဆိုင်ကယ် ၄ စီးနှင့် ဆိုင်ကယ် အရောင်ပြောင်းရန် အသုံးပြုသည့် မှုတ်ဆေးဘူး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင် ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီက ယမန်နေ့ညတွင် သတင်းထုတ်ပြန်သည်။ အောက်တိုဘာ ၂၁ ရက် ညနေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း လုပ်ဆောင်ပြီးနောက် မြေပြိုမှုအတွင်း ၂ ဦးသေဆုံးကာ ၁၅ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရင်းမြစ်များထံမှသိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now