မြန်မာ့နွေဦး

အင်းလေးမှာ ဖမ်းဆီးခံထားရတဲ့ မိသားစု နေအိမ်ကို စစ်ကောင်စီ ချိပ်ပိတ်

မဲခေါင် 29 Sep - 2023
ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ သပြေပင်သစ် အမှတ် (၃) ကျေးရွာနေ မိသားစုကို စစ်ကောင်စီ ဖမ်းဆီးထားတာ တစ်လကျော် ကြာပြီးနောက် စက်တင်ဘာ ၂၇ ရက်နေ့က နေအိမ်ကိုပါ ချိပ်ပိတ်သွားတယ်လို့ စုံစမ်းသိရှိရပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၂၉

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ သပြေပင်သစ် အမှတ် (၃) ကျေးရွာနေ မိသားစုကို စစ်ကောင်စီ ဖမ်းဆီးထားတာ တစ်လကျော် ကြာပြီးနောက် စက်တင်ဘာ ၂၇ ရက်နေ့က နေအိမ်ကိုပါ ချိပ်ပိတ်သွားတယ်လို့ စုံစမ်းသိရှိရပါတယ်။

အဲ့ဒီ မိသားစု ၄ ဦးကို ဩဂုတ်လ ၂၈ ရက်ညမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပြီး သားနဲ့ သမီး ဖြစ်သူကို ဩဂုတ်လ ၃၁ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပေမယ့် မိဘ ၂ ဦးကိုတော့ အခုအချိန်ထိ ဖမ်းဆီးထားတဲ့အပြင် နေအိမ်ကိုပါ ချိပ်ပိတ်ခဲ့တာ ဖြစ်ပါတယ်။

“ပစ္စည်းသိမ်းခွင့်ကို ၃ ရက် အချိန်ပေးပြီး ၂၇ ရက်မှာ နေအိမ်ကို ချိပ်ပိတ်သွားတယ်လေ” လို့ အင်းလေး ဒေသခံ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက အခုလို နေအိမ်ကို ချိပ်ပိတ်လိုက်တဲ့ အတွက် ပြန်လွတ်လာတဲ့ ကလေး ၂ ဦးဟာ အဖွားဖြစ်သူရဲ့ နေအိမ်မှာ သွားရောက် နေထိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မိဘ ၂ ပါးက ခုထိ မလွတ်သေးဘူး။ ပိုပြီးဆိုးတာက အိမ်ကို ချိပ်ပိတ်လိုက်တယ် ဆိုတာပဲ။ မိဘ ၂ ပါး မရှိလို့ ခိုကိုးရာမဲ့နေပါတယ်ဆို အိမ်ပါ နေစရာမရှိ ဖြစ်သွားတဲ့ အဖြစ်။ ဒီမတရားတဲ့ အဖြစ်ကို ဘယ်သူမှလည်း မကယ်နိုင်ဘူး။ ဘာမှလည်း လုပ်လို့မရဘူး။ ဒီအတိုင်း လက်ပိုက်ကြည့်နေကြရတယ်” လို့ အင်းလေး ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ ရက်ညမှာ သပြေပင်ကျေးရွာနေ ကိုအောင်မျိုးဝင်း နဲ့ မမြအေး တို့ ဇနီးမှောင်နှံနဲ့ ကလေး ၂ ဦးကို စစ်ကောင်စီ စက်လှေ ၂ စီး၊ အင်အား ၁၀ ဦးကျော်နဲ့ နေအိမ်မှာ လာရောက် ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို ဖမ်းဆီးရာမှာ စစ်ကောင်စီတပ်ကို အင်းလေး ပျူစောထီးတွေ လမ်းပြပေးတဲ့အပြင် ကူညီ ဖမ်းဆီးပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင် စစ်ကောင်စီတပ်၊ အင်းလေး ပျူစောထီးနဲ့ PNO ပြည်သူ့စစ်တွေ အင်းလေး ဒေသမှာ ပြည်သူလူထုကို မတရား အနိုင်ကျင့်၊ နှိပ်စက်မှု တစ်နေ့ထက်တစ်နေ့ ပိုမို ဆိုးရွားလာတယ်လို့ JMC- Innlay မှ ဒါရိုက်တာ မယုလှိုင်သင်းက ပြောဆိုထားပါတယ်။

CJ-002

#MeKongNews

#အင်းလေး

#ချိပ်ပိတ်

#ပျူစောထီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်၊ ဖက်နမ်ရွာတိုက်ပွဲမှာ PNO ၂ ဦးသေ ၂ ဦးပြင်းထန်ဒဏ်ရာရ

ဆီဆိုင်မြို့နယ်အတွင်း မေ ၇ ရက်နေ့က PNLO နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ PNO ဘက်က ၂ ဦးသေ
မြန်မာ့နွေဦး

စစ်ကောင်စီက ဆီဆိုင်မြို့ပေါ်က ကျောင်းတွေ ကို မဖြစ်မနေဖွင့်ရမယ်လို့ဆို

လာမယ့် ၂၀၂၄-၂၅ ပညာသင်နှစ်အတွက် ဆီဆိုင်မြို့နယ်အတွင်းက ကျောင်းတွေကို မဖြစ်မနေဖွင့်လှစ်ရမယ်လို့ ပြည်နယ်ပညာရေးမှူးရုံးကို စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ ဒေသခံ သတင်းအရင်းအမြစ်ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဘောလခဲမှာ စစ်ကောင်စီရဲ့ ရိက္ခာတင်ကား မိုင်းနင်းမိပြီးပျက်စီး

ကရင်နီပြည်၊ ဘောလခဲမြို့ နယ်မှာ စစ်ကောင်စီရဲ့ ရိက္ခာတင်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ တယ်လို့ ကရင်နီတော်လှန်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KNLA နဲ့ PDF ဝင်တိုက်တဲ့ ပဲဒက်စစ်ကောင်စီစခန်းမှ ၂၆ ယောက်ဖမ်းမိ

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှ ပဲဒက်ရွာမှ စစ်ကောင်စီနဲ့ ပျူစောထီးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDF တို့ မေ ၅ ရက်က ဝင်တိုက်ခိုက်မှုမှာ စစ်ကောင်စီအဖွဲ့ ၂၆ ယောက်ကို အရှင်ဖမ်းမိပြီး လက်နက်တွေလည်း သိမ်မိတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

မြစ်ကြီးနား ဗလမင်းထင်တံတားထိပ်မှာ တိုက်ပွဲ ပြင်းထန်နေ

ကချင်ပြည်နယ်၊ မြစ်ကြီးနား အဝင်က ဗလမင်းထင်တံတားထိပ်မှာ ဒီနေ့ မေ ၉ ရက် မွန်းလွဲ ၂ နာရီခန့်ကစပြီး လက်ရှိ သတင်းရေးသား နေချိန်ထိ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ရှေ့တန်း စစ်မြေပြင်မှာ မြေမြုပ်မိုင်း ထိသွားတဲ့ ရှမ်းတောင် PDF တပ်ဖွဲ့ဝင် တစ်ဦး အကူအညီလိုအပ်နေ

ရှမ်းတောင်ပြည်သူ့ ကာကွယ်ရေးတပ်မတော် အမှတ် ၁၀၀၅ တပ်ရင်း(SSPDF)က တပ်ဖွဲ့ဝင်တစ်ဦးဟာ မြေမြုပ်မိုင်းကြောင့် ပြင်းထန်ဒဏ်ရာရခဲ့ပြီး အကူအညီတွေ လိုအပ်နေတယ်လို့ တော်လှန်ရေး သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA နဲ့ ပူးပေါင်းအဖွဲ့ မလိုက်နိုင်အောင် တံတားကို မိုင်းခွဲပြီး စစ်ကောင်စီတပ် ထွက်ပြေး

ဗန်းမော် - မြစ်ကြီးနား လမ်းပေါ်ရှိ ဝိုင်းမော်မြို့နယ်၊ ကဇူးရွာ အနီးက ဒဘတ်ချောင်းကူးတံတားကို မေလ ၈ ရက်နေ့ ည ၈ နာရီ ဝန်းကျင်ခန့်က စစ်ကောင်စီတပ်ဖွဲ့က ကား ၂ စီးနဲ့ လာရောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဖယ်ခုံ PDF တည်ထောင်ခြင်း ၃ နှစ်ပြည့် ရဲဘော်အသစ်၊ ဟောင်းတွေ တက်ရောက်

ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် (ဖယ်ခုံ PDF) တပ်ရင်း ၂၊ တပ်ခွဲ ၁ရဲ့ ၃ နှစ်ပြည့် မျက်နှာစုံညီပွဲကို ကျင်းပပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now